Monday, December 31, 2012

Onda V802 Tablet တွင် Facebook/Google အသုံးပြုနိုင်အောင် Firmware Upgrade ပြန်တင်နည်း…

Onda V802 Tablet များတွင် Original ပါဝင်လာသော Firmware များတွင် Google,Facebook အသုံးပြုခြင်းကိုကန့်သတ်ထားပါတယ်။
Onda V802 Tablet ကိုင်ဆောင်သူများအနေနဲ့ဒီအချက်တွေကြောင့်စိတ်ပျက်နေကြမှာအမှန်ပါ။ဒါကိုဖြေရှင်းဖို့နည်းလမ်းကတော့တစ်ခုပဲရှိပါတယ်။အဲဒါကတော့Onda က ဒီ Tablet အတွက်အသစ်ထုတ်ပေးထားသော Firmware(V1.5.5)ကို Upgrade လုပ်ခြင်းပါပဲ။
ဆိုင်ပြန်ပို့လို့အဆင်မပြေတဲ့သူတွေအတွက် ဒီနည်းလမ်းလေးကိုတင်ဆက်လိုက်ပါတယ်။ပထမဆုံးအောက်ကဖိုင်လေးကိုဒေါင်းပါ။ (Windows 7, 32bit is Recommended)
http://file2.mydrivers.com/ondata/download/driver/oamp3/V802D/V802D_v1.5.5.zip 
ဒေါင်းလို့ရလာသောဇစ်ဖိုင်ကိုဖြည်ထားပါ။


(၁) Windows key+R ကိုတွဲနှိပ်ပါ။ ပေါ်လာတဲ့ Box ထဲမှာ devmgmt.msc လို့ရိုက်ပေးပါ။အောက်ဆုံးက Universal Serial Bus Controllersကိုသွားပါ။ အောက်က USB Root Hub ကို Right Click>>Properties>>Power Management >>Allow this computer to turn of this device to save power မှာအမှန်ခြစ်လေးကိုဖြုတ်ပေးပါ။ USB Root Hub ဆိုတာတိုင်းကိုလိုက်လုပ်ပေးပါ။

(၂) Download ဆွဲပြီးဇစ်ဖြည်ထားသော V802D_v1.5.5 ထဲမှ USB-Burning-tool-SPI ဖိုလ်ဒါကိုဖွင့်ပါ။ အောက်မှ ImageBurnTool ကို Right Click>>Run as Administrator ဖြင့် Run ပါ။
ပြီးလျင် Cinfig>>Import Upgrade File >> ဇစ်ဖြည်ထားသောဖိုင်ထဲမှ Resource.V802D_v1.5.5 ကိုရွေးပေးလိုက်ပါ။

(၃) ကွန်ပျူတာ၏အနောက်ဘက် USB Port ကိုကြိုးအရင်ထိုးပါ။ 1.Home key ကိုဖိထားပါ။ 2.Tablet ၏ USB ပေါက်ကိုထိုးပါ။ 3.ဘက်ထရီ ပုံလေးပေါ်လာတာနဲ့တစ်ပြိုင်နက်Home key ကိုမလွှတ်ပဲ power key ကိုပါဆက်ဖိထားပါ။

(၄) Driver တောင်းလာခဲ့ရင် USB-Burning-tool-SPI>>AmlogicusbBurningdriver ဖိုင်လေးကိုရွေးပေးပြီး install လုပ်ပါ။ဒါဆိုရင် စောစောကဖွင့်ထားတဲ့ ImageBurnTool မှာ မိမိ Device ကို Auto detect သိသွားပါလိမ့်မယ်။
(၅) ညာဘက်အပေါ်ထောင့်က Start ကိုနှိပ်ပါ။Firmware  install လုပ်နေပါပြီ။ရင်ခုန်စရာကောင်းတဲ့အပိုင်းလေးရောက်လာပြီ။


အားလုံးပြီးသွားပြီဆိုရင်တော့အောက်ကပုံလေးအတိုင်းအစိမ်းရောင်တုံးလေးပေါ်လာပြီး Success ဖြစ်သွားပါလိမ့်မယ်။Stop နှိပ်၊USB ကြိုးဖြုတ်ပြီး power ပြန်ဖွင့်ပေးလိုက်ရုံပါပဲ။

ကဲ…ပါဝါပြန်တက်လာပြီဆိုရင်တော့… Google/Facebook ကြိုက်ရာကိုဖွင့်ပြိးအသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အပြင်အဆင်တွေ၊ User interface တွေဘာမှမပြောင်းလဲဘူး… Baseband version 1.5.5 သို့မသိမသာလေးပြောင်းသွားရုံပါပဲ။   :P

 (Firmware တင်နေစဉ်အတွင်း အခြေအနေကိုလိုက်ပြီးFail ဖြစ်သွားတတ်ပါသည်။မကြောက်ပါနဲ့မိတ်ဆွေ!! Power ကို လေးစက္ကန့်လောက်ဖိထားပြီးပြန်လွှတ်လိုက်ပါ။

ပြီးလျှင်အဆင့်(၃)ကအတိုင်းပြန်လည်ဆောင်ရွက်ပါ။)

အားလုံးအဆင်ပြေကြပါစေခင်ဗျာ။

No comments:

Post a Comment