Monday, December 31, 2012

Fontchanger ကိုသုံးပြီး မူရင်း တရုတ်ဖောင့် မပျောက်အောင် မြန်မာဖောင့်ထည့်နည်း





ဖုန်းတွေကို root လုပ်ပြီး မြန်မာဖောင့်ထည့်တဲ့ခါ အများအားဖြင့် ဖုန်း၇ဲ့
မူ၇င်း System original dotsanfallbat.ttf ဖြုတ်ပြီး
မြန်မာဖောင့်တွက်ပြန်ပြီး ပြင်ထားသော dotasanfallbat.ttf ကိုချိန်းပြီး ထည့်ကြတာတွေများပါတယ်။
မြန်မာဖာင့်တွက် အဆင်ပြေသွားပြီး မူရင်းတရုတ်ဖာင့်ပါ တစ်လှည့်စီပြောင်းပြောင်းပြီး တွဲသုံးတဲသူတွေတွက် အဆင်မပြေတာလေးတွေရှိပါတယ်။
ဘာလို့လဲဆိုတော့ တရုတ်ဖောင့်အလုပ်မလုပ်တော့ပါဘူး
Flashtype application ကိုလဲသုံးပြီး ကိုယ်ကြိုက်နှစ်သက်သလို တရုတ်ဖောင့်တမျိုး ၊ မြန်မာဖာင့်တမျိုး တစ်လှည့်စီပြောင်းပြောင်းပြီး သုံးလို့ရပါတယ်။
အခုပြောမဲ့နည်းလမ်းက fontchanger application ကိုသုံးပြီး
ကိုယ်ကြိုက်နှစ်သက်သလို တရုတ်ဖောင့်တမျိုး ၊ မြန်မာဖာင့်တမျိုး တစ်လှည့်စီပြောင်းပြောင်းပြီး သုံးလို့ရတဲ့နည်းလမ်းလေးပါ
*ပထမဆုံး မိမိဖုန်းက root လုပ်ထားရပါမယ်
မိမိဖုန်းနဲ့သက်ဆိုင်ရာ Root လုပ်နည်းကိုလေ့လာရန်
fontchanger ကို install လုပ်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
fontchanger application ထဲသို့ဝင်ပေးပါ
တချို့ဖုန်းတွင် fontchanger application တွက်
busybox တောင်းပါက busybox ကို install လုပ်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
ဒုတိယအဆင်အနေနဲ့
zawgyi.ttf ကို ဖုန်းရဲ့ SD ကဒ်ထဲသို့ ကူးထည့်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
Root Explore ကို install လုပ်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
Root Explore application ထဲသို့ဝင်ပေးပါ
မိမိဖုန်းမှာ root လုပ်ထားလို့ Sueruser premission တောင်းလျှင် allow လုပ်ပေးပါ
sdcard—>မိမိထည့်ထားသော zawgyi_one.ttf ရှိတဲ့ ဖိုဒါဆီသို့သွားပါ—>zawgyi_one.ttf ဖိုင်ကို ဖိပြီး Copy ကူးပါ
ပြီးလျှင် ဘတ်ခလုတ် နှိပ်ပြီး fontchanger ဖိုဒါဆီသို့သွားပြီး past လုပ်ပါ
Home Screen သို့ပြန်သွားပြီး fontchanger software ထဲသို့ဝင်ပါ။
ခုနကထည့်ထားသော ဇော်ဂျီဖောင့်ကို တွေ့ရပါမယ်
ဇော်ဂျီဖောင့်ကို နှိပ်ပြီး set ကိုရွေးပြီး နှိပ့်ပေးပါ
apply , preview နှင့် cancel ပေါ်လာလျှင်
apply ကိုရွေးပေးပါ။
rebootnow နှင့် reboot later ပေါ်လာလျှင် rebootnow ကိုနှိပ်ပေးပါ
အဲဒီအဆင့်တွေ ပြီးသွားလို့ ဖုန်းပြန်တက်လာတဲ့ချိန်မှာ မူရင်းတရုတ်ဖောင့်မပျောက်ပဲ
မြန်မာဖောင့်နဲ့ တွဲဖတ်ပြီးအသုံးပြုလို့ရပါပြီ
fontchanger.apk
Root Explore.apk
Busybox.apk
Zawgyi_One.ttf font

ACID AUDIO ENGINE

ဒီ အင်ဂျင်ကတော့ Beat by Dre လိုပါပဲ။ ACID အသံပိုင်းဆိုင်ရာအတွက် အထူးပြုလုပ်ထားတဲ့ အင်ဂျင်တစ်ခုပါ။
သူ့ကို အသုံးပြုမယ်ဆိုရင်တော့ မိမိတို့ ဖုန်းဟာ rooted ဖြစ်ရပါမယ်။ ပြီးရင် CWM သွင်းပြီးသားလည်း ဖြစ်ရပါမယ်။
ကဲ အားလုံးအဆင်သင့်လုပ်ပြီးသားဆိုရင်တော့
ဒီမှာ ဒေါင်းလိုက်ပါ။    Here
ကဲ ဒေါင်းလို့ ပြီးပြီဆိုရင်တော့ ဒေါင်းလို့ရတဲ့ zip လေးကို SD card ထဲမှာ ထဲ့ပါ။ ဖုန်းထဲက EQ application တွေရှိရင်ဖြုတ်ထားပါ။
CWM ကို သွားပါ။ CWM ရောက်ပြီဆိုရင်တော့
Install zip from SD card>>>>>> Choose zip from SD Card>>>>>.စောစောက ဒေါင်းပြီး ထဲ့ထားတဲ့ zip လေးကို ညွန်းပေးလိုက်ပါ။
သူ့ခိုင်းတဲ့အတိုင်းလေး ဆက်လက်လုပ်ဆောင်လိုက်ပါ။ ဖုန်းအမျိုးအစားရွေးချယ်တဲ့နေရာမှာ မိမိတို့ ဖုန်အမျိုးအစားမပါရင် universal ကိုပဲရွေးပေးလိုက်ပါ။ walkman player မရှိသေးရင် တစ်ခါတည်း သွင်းလိုက်လို့၇ပါတယ်။ ကဲ အားလုံးပြီးရင်တော့ သင့်ဖုန်းဟာ ACID Engine ကို ပိုင်ဆိုင်သွားပါပြီ။
Sony Walkman Player လေးနဲ့  AC!D ENGINE တို့ ပေါင်းပြီး လန်းကြပါစေသောဝ် .  .. ….

Phone SD Card Repair

မိမိတို့ဖုန်းရဲ့ SD Card Error တက်လို့ပဲဖြစ်ဖြစ် SD Card အသစ်လဲချင်လို့ပဲဖြစ်ဖြစ် SD Card ထဲမှာရှိတဲ့ Data တွေကို ပြန်လည် Repair လုပ်နည်းလေးကိုကြည့်ကြရအောင်
ကဲ စမယ်နော်..
  • မိမိရဲ့ ဖုန်းကို PC နဲ့ချိတ်လိုက်ပါ
  • My Computer > ဖုန်းရဲ့ SD Card ကိုဖွင့်လိုက်ပါ
  •  organize >Folder and serach options   >View >Show Hidden files,folders, and drives လေးကို Check လုပ်ပေးလိုက်ပါ ပြီးရင်တော့ OK ပေါ့ နော့
  • အဲဒီထဲမှာရှိတဲ့ အကုန်လုံးကို Select လုပ်ပြီး Copy ကူးလိုက်ပါ (Press Control +A and Control +C)
  • ပြီးရင်တော့ မိမိသိမ်းဆည်းထားချင်တဲ့ Drive တခုခုထဲမှာ Paste လုပ်ထားလိုက်ပါ
New SD Card ကိုပဲ ပြန်သုံးမယ်ဆိုရင်တော့
  1. New SD card  ကိုသွင်းလိုက်ပါ
  2. ဖုန်းရဲ့ Connectivity settings ထဲဝင်ပီး Media Transfer Mode (MTP) ကိုရွေးပေးလိုက်ပါ
  3. ထပ်သွားမယ်..Phone Settings >Storage > Unmoun SD Card ကို .ပြီးတော့  OK ..စိုပြေ.. :D
  4. Settings ထဲထပ်ပြီးဒိုးမယ်.. Storage > Erase SD Card ..Ok ပေါ့ နော့ ( အဟောင်းကိုသုံးမယ်ဆိုရင်တော့ မလုပ်မဖြစ်ပေါ့ )
  5. ပြီးရင်တော့ အစောနက PC ရဲ့ တနေရာရာမှသိမ်းဆည်းထားတဲ့ Old Files တွေကို Copy ကူးထည့်မယ်
  6. Apps တွေကိုတော့  Install ပြန်လုပ်ပေးရမှာပေါ့နော်……
MTP ပြောင်းတာလေးကဒီပုံလေးအတိုင်းပေါ့နော့်

OK အခုဆိုရင်တော့ပြီးပြီပေါ့နော်………………ခိစ်ခိစ်
SD Card အဟောင်းကိုပဲပြန်သုံးမယ်ဆိုရင်တော့ PC ရဲ့စိတ်ကြိုက်တနေရာရာမှာ Copy ကူးထားပြီး
Old SD Card ကို Format ရိုက်ပြီးအပေါ်ကအတိုင်းလေးပဲပြန်သုံးရမှာပေါ့နော့
အနော့် SD Card လေးကိုတော့အဲဒီအတိုင်းပဲလုပ်ပြီး ပြန်သုံးနေပါသည်..ဈေးတွေကလဲကြီးတာကိုးးးးးးအသစ်ဝယ်သုံးနိုင်ပေါင်.. :P
အဆင်ပြေကြပါစေသော်ဝ်..

Onda V802 Tablet တွင် Facebook/Google အသုံးပြုနိုင်အောင် Firmware Upgrade ပြန်တင်နည်း…

Onda V802 Tablet များတွင် Original ပါဝင်လာသော Firmware များတွင် Google,Facebook အသုံးပြုခြင်းကိုကန့်သတ်ထားပါတယ်။
Onda V802 Tablet ကိုင်ဆောင်သူများအနေနဲ့ဒီအချက်တွေကြောင့်စိတ်ပျက်နေကြမှာအမှန်ပါ။ဒါကိုဖြေရှင်းဖို့နည်းလမ်းကတော့တစ်ခုပဲရှိပါတယ်။အဲဒါကတော့Onda က ဒီ Tablet အတွက်အသစ်ထုတ်ပေးထားသော Firmware(V1.5.5)ကို Upgrade လုပ်ခြင်းပါပဲ။
ဆိုင်ပြန်ပို့လို့အဆင်မပြေတဲ့သူတွေအတွက် ဒီနည်းလမ်းလေးကိုတင်ဆက်လိုက်ပါတယ်။ပထမဆုံးအောက်ကဖိုင်လေးကိုဒေါင်းပါ။ (Windows 7, 32bit is Recommended)
http://file2.mydrivers.com/ondata/download/driver/oamp3/V802D/V802D_v1.5.5.zip 
ဒေါင်းလို့ရလာသောဇစ်ဖိုင်ကိုဖြည်ထားပါ။


(၁) Windows key+R ကိုတွဲနှိပ်ပါ။ ပေါ်လာတဲ့ Box ထဲမှာ devmgmt.msc လို့ရိုက်ပေးပါ။အောက်ဆုံးက Universal Serial Bus Controllersကိုသွားပါ။ အောက်က USB Root Hub ကို Right Click>>Properties>>Power Management >>Allow this computer to turn of this device to save power မှာအမှန်ခြစ်လေးကိုဖြုတ်ပေးပါ။ USB Root Hub ဆိုတာတိုင်းကိုလိုက်လုပ်ပေးပါ။

(၂) Download ဆွဲပြီးဇစ်ဖြည်ထားသော V802D_v1.5.5 ထဲမှ USB-Burning-tool-SPI ဖိုလ်ဒါကိုဖွင့်ပါ။ အောက်မှ ImageBurnTool ကို Right Click>>Run as Administrator ဖြင့် Run ပါ။
ပြီးလျင် Cinfig>>Import Upgrade File >> ဇစ်ဖြည်ထားသောဖိုင်ထဲမှ Resource.V802D_v1.5.5 ကိုရွေးပေးလိုက်ပါ။

(၃) ကွန်ပျူတာ၏အနောက်ဘက် USB Port ကိုကြိုးအရင်ထိုးပါ။ 1.Home key ကိုဖိထားပါ။ 2.Tablet ၏ USB ပေါက်ကိုထိုးပါ။ 3.ဘက်ထရီ ပုံလေးပေါ်လာတာနဲ့တစ်ပြိုင်နက်Home key ကိုမလွှတ်ပဲ power key ကိုပါဆက်ဖိထားပါ။

(၄) Driver တောင်းလာခဲ့ရင် USB-Burning-tool-SPI>>AmlogicusbBurningdriver ဖိုင်လေးကိုရွေးပေးပြီး install လုပ်ပါ။ဒါဆိုရင် စောစောကဖွင့်ထားတဲ့ ImageBurnTool မှာ မိမိ Device ကို Auto detect သိသွားပါလိမ့်မယ်။
(၅) ညာဘက်အပေါ်ထောင့်က Start ကိုနှိပ်ပါ။Firmware  install လုပ်နေပါပြီ။ရင်ခုန်စရာကောင်းတဲ့အပိုင်းလေးရောက်လာပြီ။


အားလုံးပြီးသွားပြီဆိုရင်တော့အောက်ကပုံလေးအတိုင်းအစိမ်းရောင်တုံးလေးပေါ်လာပြီး Success ဖြစ်သွားပါလိမ့်မယ်။Stop နှိပ်၊USB ကြိုးဖြုတ်ပြီး power ပြန်ဖွင့်ပေးလိုက်ရုံပါပဲ။

ကဲ…ပါဝါပြန်တက်လာပြီဆိုရင်တော့… Google/Facebook ကြိုက်ရာကိုဖွင့်ပြိးအသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အပြင်အဆင်တွေ၊ User interface တွေဘာမှမပြောင်းလဲဘူး… Baseband version 1.5.5 သို့မသိမသာလေးပြောင်းသွားရုံပါပဲ။   :P

 (Firmware တင်နေစဉ်အတွင်း အခြေအနေကိုလိုက်ပြီးFail ဖြစ်သွားတတ်ပါသည်။မကြောက်ပါနဲ့မိတ်ဆွေ!! Power ကို လေးစက္ကန့်လောက်ဖိထားပြီးပြန်လွှတ်လိုက်ပါ။

ပြီးလျှင်အဆင့်(၃)ကအတိုင်းပြန်လည်ဆောင်ရွက်ပါ။)

အားလုံးအဆင်ပြေကြပါစေခင်ဗျာ။

Android Device များပေါ်တွင် Ubuntu OS ကို ထည့်သွင်းပုံ




Android Platform အသုံးပြုထားတဲ့ Android Phone, Tablet များပေါ်မှာ Ubuntu OS ကို ထည့်သွင်းချင်သူတွေ အတွက် ထည့်သွင်း အသုံးပြုနိုင်စေရန် အတွက် ထည့်သွင်းပုံကို ယခုတစ်ပတ်မှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Android အသုံးပြုထားတဲ့ Phone တွေ Tablet တွေမှာ Ubuntu OS ကို ထည့်သွင်းအသုံးပြုဖို့အတွက် အသုံးပြုမယ့် Android OS ဟာ Roted ဖြစ်နေရမှာ ဖြစ်ပြီး Busybox လည်း ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ Android OS ရဲ့ Version ကလည်း 2.1 Eclair Version နဲ့ အထက် ဖြစ်ရမှာ ဖြစ်ပါတယ်။ Rom ဟာလည်း Custom Rom မဖြစ်ရဘဲ Offcial Rom သာ ဖြစ်ရမှာ ဖြစ်ပါတယ်။ CPU အနိမ့်ဆုံးအဆင့် လိုအပ်ချက်ကတော့ အနိမ့်ဆုံး 1 GHz Speed ရှိရမှာဖြစ်ပြီး SD Card Storage အတွက်ကလည်း အနိမ့်ဆုံး 3.5 GB Free Space ရှိရမှာ ဖြစ်ပါတယ်။
Ubuntu OS ကို ထည့်သွင်းရန် လောလောဆယ်မှာ အဆင်ပြေတဲ့ ဖုန်းတွေရဲ့ စာရင်းတွေကို http://geeknizer.com/install-run-ubuntu-on-android/ ဒီဝက်ဘ်စာမျက်နှာမှာ သွားရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Android Phone နဲ့ Tablet တွေအတွက် လိုအပ်ချက်တွေ ပြည့်စုံပြီဆိုရင် ကွန်ပျူတာထဲမှာ ADB ကို Install ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ ပြီးရင် http://downloadandroidrom.com/file/AndroidUbuntu/ubuntu.zip ဆိုတဲ့ ဝက်ဘ်ဆိုက်နေရာမှာ Ubuntu Zip ဖိုင်ကို Download ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Android Device တွေပေါ်မှာ Ubuntu OS ကို ထည့်သွင်း အသုံးပြုချင်သူတွေ အနေနဲ့ Linux Command တွေကို အခြေခံ သိရှိထားဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။
ဒေါင်းလုပ်ပြုလုပ်ထားတဲ့ Ubuntu Zip ဖိုင်ရဲ့ အရွယ်အစားဟာ ကြီးမားတာကြောင့် SD Card ကတော့ Free Space များများ ရှိမယ်ဆိုရင် ပိုအဆင်ပြေစေပါတယ်။ ဖုန်းပေါ်မှာ တင်မယ့် Ubuntud OS ဖိုင်တွေကို Download ပြုလုပ်ရမယ့် ဖိုင်အရွယ်အစားတွေကတော့ Download ပြုလုပ်ရတဲ့ Version တွေပေါ် မူတည်ပြီး တစ်ခုနဲ့ တစ်ခုတော့ တူညီမှာ မဟုတ်ပါဘူး။ Large Version ကို Download ပြုလုပ်ရမယ့် ဖိုင်အရွယ်အစားဟာ 1.5 GB ပမာဏရှိမှာ ဖြစ်ပြီး Installation ပြုလုပ်တဲ့အခါ ဖိုင်အရွယ်အစားက 3.5 GB ပမာဏရှိမှာ ဖြစ်ပါတယ်။ Lightweight ကို Download ပြုလုပ်မယ်ဆိုရင်တော့ Download Size က 500 MB ရှိရမှာဖြစ်ပြီး Installation Size ကတော့ 2.5 GB ရှိရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ Screen အရွယ်အစား Resolution တွေကို လိုက်ပြီးတော့လည်း Ubuntu OS ကို တင်သုံးခွင့်ရှိတဲ့ Handset တွေကို ခွဲခြားပေးထားပါတယ်။ ဒါ့အပြင် Download ပြုလုပ်ရမယ့် ဖိုင်အမျိုးအစားကိုလည်း Core, Small, Full ဆိုပြီး ဆော့ဖ်ဝဲတွေ ပါတာနဲ့ မပါတာ ခွဲခြားပြီး Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
core ဆိုတာကတော့ ဘာဆော့ဖ်ဝဲမှ မပါပါဘူး။ Small ကတော့ Software အနည်းငယ် ပါဝင်ပြီး RAM နိမ့်တဲ့ Device တွေအတွက် ထုတ်လုပ်တာပါ။ Full ကတော့ RAM ပမာဏများတဲ့ Device တွေ အတွက်ဖြစ်ပြီး Full မှာ Software တွေ ပါဝင်လာမှာ ဖြစ်ပါတယ်။ Full မှာတော့ Firefox, Thunderbird, Openoffice, GIMP, Emacs Text Editor, Java, Python, PDF Viewer, File Manager, Terminal, Leafpad အစရှိတဲ့ Application တွေ ပါဝင်လာမှာ ဖြစ်တဲ့အတွက် Phone, Tablet တွေပေါ်မှာ Operating System ကို Professional အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Phone Handset နဲ့ Tablet တွေပေါ်မှာ Ubuntu OS ကို ထည့်သွင်းမယ်ဆိုရင် ပထမဆုံး Android ထဲမှာရှိတဲ့ အရေးကြီးတဲ့ ဖိုင်တွေကို Backup ပြုလုပ်ထားသင့်ပါတယ်။ SMS တွေ Contact List တွေနဲ့ Call Log တွေကိုလည်း Backup ပြုလုပ်ထားသင့်ပါတယ်။
ယခုအဆင့်က စပြီးတော့ Ubuntu OS ကို ကွန်ပျူတာကနေ Android Device ထဲ စတင်ထည့်သွင်းတော့မှာ ဖြစ်ပါတယ်။ ကွန်ပျူတာကနေ ထည့်သွင်းဖို့အတွက် Download ပြုလုပ်ထားတဲ့ Ubuntu Zip ဖိုင်ကို Root directory ထဲမှာ Unzip ပြုလုပ်ထားရပါမယ်။ အထက်မှာ ဖော်ပြခဲ့ပြီးတဲ့အတိုင်း Android OS ဟာလည်း Root ဖြစ်ပြီး ဖြစ်ရပါမယ်။ ပြီးရင်တော့ ADB Installer ရှိတဲ့ Folder ထဲမှာ Shift+Right Click ကို နှိပ်လိုက်ပါ။ ပြီးရင် Open Command Windows here ဆိုတာကို ရွေးချယ်လိုက်ရင် Command Prompt ပေါ်လာမှာ ဖြစ်ပါတယ်။ Command Prompt မှာ ပထမဆုံး adb server ကို စတင် အလုပ်လုပ်အောင် အောက်ပါ Command ကို အသုံးပြုပါ။ အသုံးပြုရမယ့် Command ကတော့ adb start-server ဆိုတဲ့ Command ဖြစ်ပါတယ်။ ကွန်ပျူတာနဲ့ Android Device ကို တပ်ဆင်မယ် ဆိုရင် ပထမဆုံး System ထဲက Development Option ထဲက USB Debugging ကို အမှန်ခြစ် ထည့်ပေးထားရမှာ ဖြစ်ပါတယ်။ adb ကို စတင် အလုပ်လုပ်ခိုင်းပြီးပြီဆိုရင် သင်ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Device ကို သိလား မသိလား ဆိုတာ သိရအောင် adb device ဆိုတဲ့ Command ကို အသုံးပြုရပါမယ်။ ပြီးပြီဆိုရင်တော့ adb shell ဆိုတဲ့ Command လေးနဲ့ Shell ကို ဖွင့်လိုက်မယ်ဆိုရင် Command Prompt မှာ $ Sign လေးပေါ်လာမှာ ဖြစ်ပါတယ်။
အဲဒီမှာ Super User Premission ရရှိဖို့အတွက် $sh-4.1#su ဆိုတဲ့ Command ကို ရိုက်ထည့်ရပါမယ်။ ပြီးရင် SD Card ထဲ Ubuntu Folder ကို သိဖို့အတွက် ညွှန်ပေးရမှာ ဖြစ်ပါတယ်။ Ubuntu Folder ကို သိဖို့အတွက် $sh-4.1# cd/sdcard/Ubuntu ဆိုပြီး ရိုက်ထည့်ပေးလိုက်ပါ။ ဒီအဆင့် ပြီးပြီဆိုရင်တော့ Ubuntu Folder ထဲမှာ Script ကို Run နိုင်အောင် $ sh-4.1# sh Ubuntu.sh ဆိုတဲ့ Command ကို အသုံးပြုလိုက်ပါ။ ဒီ Command ကတော့ SD Card ထဲမှာရှိတဲ့ Ubuntu Folder ထဲမှာ Ubuntu.sh ဆိုတဲ့ ဖိုင်ကို Run နိုင်အောင်အသုံးပြုတဲ့ Command ဖြစ်ပါတယ်။ ပြီးသွားပြီဆိုရင်တော့ $ sh-4.1# bootubuntu ဆိုတဲ့ Command နဲ့ Shell ကနေ ထွက်ရပါမယ်။ ဒါဆိုရင်တော့ Ubuntu OS ကို Android Phone သို့မဟုတ် Tablet တွေပေါ်မှာ တင်သွင်းတဲ့အဆင့်က ပြီးသွားပြီ ဖြစ်ပါတယ်။
နောက်ထက် အဆင့်အနည်းငယ်ကတော့ Ubuntu OS ထဲမှာ Package တွေကို Update ပြုလုပ်နိုင်ဖို့နဲ့ ဒေါင်းလုပ်တွေ ပြုလုပ်နိုင်ဖို့အတွက် အနည်းငယ် ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။ Package တွေကို ပြင်ဆင်ဖို့ အတွက်ကတော့ Source List မှာ သွားရောက် ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။ Source List မှာ ပြင်ဆင်ချင်သူတွေအတွက် အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါတယ်။ Source List ကို ပြင်ဆင်ဖို့အတွက် Terminal ကို ဖွင့်ရမှာဖြစ်ပါတယ်။ Terminal ထဲမှာ $ cat> etc/apt/source.list ဆိုတဲ့ Command ကို ရိုက်ထည့်လိုက်ရင် Source ဖိုင်တွေကို ပြင်ဆင်ပေးနိုင်မယ့် Editor တစ်ခု ပွင့်လာမှာ ဖြစ်ပါတယ်။ Source File ထဲမှာ deb http://old-releases.ubuntu.com/ubuntu/karmic main univer ဆိုတာကို ရိုက်ထည့်ပေးလိုက်ပါ။ ပြီးရင် ပြန်ထွက်ပြီး Terminal uae Package တွေကို Update ပြုလုပ်ဖို့ အတွက် $apt-get update ဆိုတာကို ရိုက်ထည့်ရပါမယ်။ apt-get update ဆိုတဲ့ command ဟာ Super User တွေမှသာ အသုံးပြုနိုင်တာ ဖြစ်တဲ့အတွက် Root အကောင့်နဲ့ဖြစ်ဖို့ အရေးကြီးပါတယ်။
သာမန် User Level ဆိုရင်တော့ sudo ကို အရှေ့ကခံပြီး sudo apt-get update ဆိုတဲ့ Command ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ tight-vncserver ကို Install ပြုလုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ tightvnc-server ကို Install ပြုလုပ်ဖို့အတွက် $ apt-get install tightvncserver ဆိုတဲ့ Command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ ဒီ Command ကို ရိုက်ထည့်ပြီးရင် Program ကို Install လုပ်ဖို့အတွက် လုပ်မှာလား မလုပ်ဘူးလား ဆိုတာကို မေးတဲ့အချိန်မှာ “y” Key ကို နှိပ်ပြီး Install လုပ်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ Ubuntu OS ကို Android Phone, Tablet အစရှိတဲ့ Device တွေမှာ ထည့်သွင်းပြီးပြီ ဖြစ်ပါတယ်။ Ubuntu OS ကို Android Device တွေမှာ ထည့်သွင်းဖို့အတွက်ကတော့ Device တိုင်းကို အထောက်အပံ့ ပေးနိုင်မှာ မဟုတ်တဲ့အတွက် လက်ရှိထည့်သွင်း အောင်မြင်ပြီးသား Device တွေရဲ့ စာရင်းမှာ သင်အသုံးပြုတဲ့ Android Device ပါဝင် မပါဝင်ကို အရင်စစ်ဆေးသင့်ပါတယ်။ ပြီးရင်တော့ သင့် Device ဟာ Ubuntu OS ကို အထောက်အပံ့ပေးတဲ့ စာရင်းထဲမှာ ပါဝင်နေရင်တောင် အရေးကြီးတဲ့ Data တွေကို Backup ပြုလုပ်ထားသင့်ပါတယ်။


ကွန်ပျူတာနဲ့ ဖုန်းဆိုင်ရာ စာအုပ်လေးတွေပါ

အခြေခံ ကွန်ပျူတာ အသုံးပြုနည်းံHere
Computer repair  Here
Computer sortcuts Here
မိုဘိုင်း နည်းပညာ Here