License Verification တွေကိုဖယ်ပစ်နိုင်ခြင်း ၊ advertisement များကိုဖြုတ်ပေးနိုင်ခြင်းတို့ကြောင့် ဒီဆော့ဝဲလေးက ဖုန်းကလိချင်သူတွေ ၊ ဆော့ဝဲတွေကို free သုံးချင်သူတွေအတွက် ရှိထားသင့်တဲ့ဆော့ဝဲလေးပါ။ ဒီဆော့ဝဲလေးကိုအသုံးပြုဖို့ မိမိဖုန်း/tablet ကို root လုပ်ထားဖို့တော့လိုပါလိမ့်မယ်။ root လုပ်မထားရင်တော့ ဒီဆော့ဝဲကိုအသုံးပြုလို့ရမှာမဟုတ်ပါဘူး။

Lucky Patcher အားအသုံးပြုနည်း
-Lucky Patcher ဆော့ဝဲထဲသို့ဝင်ပါ။
-မိမိဖုန်း/Tablet တွင်သွင်းထားသော application list ပေါ်လာပါမည်။

License ဖြုတ်လိုသော app ပေါ်တွင် သုံးစက္ကန့်ခန့် long press ဖိထားပါ။ အောက်ပါအတိုင်းပေါ်လာပါမည်။

-အထက်ပါပုံအတိုင်း မိမိပြုလုပ်လိုသော Custom Patch/ Remove License / Remove Ads စသည်ကိုရွေးချယ်ပေးလိုက်ရုံပါပဲ။
Note:
တစ်ချို့ဆော့ဝဲတွေရဲ့ License Verification ကို အခုပေးထားတဲ့ Lucky Patcher
version ကမဖြုတ်နိုင်တာမျိုးတွေရှိပါတယ်။ ဒါပေမယ့် Lucky Patcher က
ဗားရှင်းအသစ်တွေအမြဲ update ထုတ်နေတာမို့ အဲဒီလိုမရခဲ့ရင် Lucky Patcher
version အသစ်ထွက်ရင် အခုဗားရှင်းမှာ license ဖြုတ်မရတဲ့ဆော့ဝဲဟာ
အဲဒီဗားရှင်းအသစ်မှာ အဆင်ပြေမှာဖြစ်ပါတယ်။
No comments:
Post a Comment