Tuesday, January 15, 2013
တွေးတွေးပြီး ရယ်
(၁)
တစ်နေ့မှာ မနက်စာဆိုင်တစ်ဆိုင်ထဲ လူသုံးယောက်ဝင်လာပြီး မနက်စာမှာတယ်။
ပထမဧည့်သည်----- ကြက်ဥဟတ်ဘွိုင်တစ်လုံး အနှစ်မယူဘူး!
ဂျီးများတဲ့ဧည့်သည်အသံကြားတော့ ဆိုင်ရှင်စိတ်နည်းနည်း ထောင့်သွားပြီး စိတ်ထဲမှာလည်း "ဟင်း.. ဒီလို ဂျီးများတဲ့လူလည်း ရှိသေးတယ်"လို့ တွေးမိတယ်။
ဒုတိယဧည့်သည်---- ကြက်ဥဟတ်ဘွိုင်တစ်လုံး အကာမယူဘူး!
ဧည့်သည်အသံကြားတော့ ဆိုင်ရှင်စိတ်တိုသွားတယ်။
"တောက်... ဒီခေတ်လူငယ်တွေ တော်တော်ဂျီးများပါလား!"
အဲလိုနဲ့ ဆိုင်ရှင်ဟာ ဒေါသထွက်ထွက်နဲ့ တတိယဧည့်သည်ကို မေးတယ်။
"ဟေး... မင်းကရော.. ဘာယူမှာလဲ!"
တတိယဧည့်သည်က ကြောက်အားလန့်အားနဲ့ "ကျ.. ကျ.. ကျွန်တော်အတွက်... ကြက်.. ကြက်ဥဟတ်ဘွိုင်တစ်လုံး အခွံမယူဘူး" လို့ ဖြေလိုက်တယ်။
(၂)
ဂျင်မီနဲ့လူစီရဲ့ မင်္ဂလာဦးည....
ရေချိုးခန်းထဲမှာ လူစီရေချိုးနေတယ်။ ဂျင်မီက အဝတ်အစားတွေလဲရင်း "သူ့ကိုငါ ဘယ်လိုပြောရမလဲ! ငါ့ခြေထောက်က ကမ္ဘာပေါ်မှာအနံဆုံးဆိုတာကို ငါရဲ့သတိုးသမီးကို ငါဘယ်လိုပြောပြရင် ကောင်းမလဲ?" လို့တွေးနေတယ်။
အဲဒီနောက် ဂျင်မီက ခြေအိတ်ကိုချွတ်ပြီး ကုတင်အောက် ပစ်ထည့်လိုက်တယ်။
အဲဒီအချိန်မှာ ရေချိုးခန်းထဲက လူစီထွက်လာတယ်။ လူစီကို မျက်နှာချင်းမဆိုင်ရဲတဲ့ဂျင်မီဟာ ရေချိုးခန်းထဲ ပြေးဝင်သွားတယ်။ အဲဒီမှာ လူစီကလည်း ကုတင်ခြေရင်းမှာထိုင်ပြီး "သူ့ကို ငါဘယ်လိုပြောပြရမလဲ? ငါ့ပါးစပ်က ကမ္ဘာပေါ်မှာ အနံ့အဆိုးဆုံးဆိုတာကို ငါရဲ့သတိုးသားကို ငါဘယ်လို ပြောပြရင်ကောင်းမလဲ" လို့ တွေးနေတယ်။
အဲဒီမှာ ရေချိုးခန်းထဲကနေ ဂျင်မီထွက်လာတယ်။ လူစီကပြေးပြီး ဂျင်မီကိုတစ်ချက်နမ်းလိုက်တယ်။ ပြီးတော့... "နင့်ကို ငါပြောစရာရှိတယ် ဂျင်မီရယ်" လို့ဆိုတော့ ဂျင်မီက လက်ကာပြီးပြောလိုက်တယ်။
"ငါ သိတယ် .. ငါသိတယ်.. နင် ငါ့ခြေအိတ်ကိုစားလိုက်တယ်ဆိုတာ ငါသိတယ်" ဟူတည်း။
အားလုံးပြုံးရယ်ဖို့ ဖတ်မိတာလေး ဘာသာပြန်မျှဝေပါတယ်....
No comments:
Post a Comment