Thursday, February 14, 2013

ကွန်ပျူတာတွင်ရှိသင့်သော Free Program ၁၀ မျိုး


ကွန်ပျူတာမှာအသုံးပြုဖို့အတွက် အခကြေးငွေပေးပြီးအသုံးပြုရသည့် Software များရှိသည့်နည်းတူ Free အသုံးပြုနိုင်သည့် Software များလည်းအမြောက်အမြားပင်ရှိပါသည်။

၎င်းတို့အနက် ကွန်ပျူတာတွင် ထားရှိအသုံးပြုသင့်သည့် အသုံးဝင်သည့် Free Software 10 ခုကိုရွေးချယ်ဖော်ပြလိုက်ပါသည်။

Anti-virus and malware protection

ကွန်ပျူတာအသုံးပြုသူတွေအနေဖြင့် မိမိရဲ့ကွန်ပျူတာကို Virus များအန္တရာယ်မှ ကာကွယ်ရန် အတွက် Anti-Virus Software များအသုံးပြုရမည်ဆိုသည်ကို သိရှိသော်လည်း အသုံးပြုသူအများစု သည် မည်သည့် Free Antivirus Software နှင့် Malware Protection များအသုံးပြုရမည်ကိုသေချာ မဝေခွဲနိုင်ကြပေ။

၎င်းတို့အတွက် အကောင်းဆုံးအသုံးပြုနိုင်သည့် Free Anti-virus Software မှာ Avast သို့မဟုတ် AVG ဖြစ်ပြီး malware protection Software မှာ Malwarebytes ဖြစ်ပါသည်။

အောက်ဖော်ပြပါ Link များတွင် Download ချအသုံးပြုနိုင်ပါသည်။

Anti-virus program: Avast! or AVG

Malware / Spyware protection: Malwarebytes

Backup solutions

ကွန်ပျူတာကျွမ်းကျင်သူများသည် အသုံးပြုသူများအား အမြဲတမ်းလိုလိုအကြံပေးသည့် အ ချက်မှာ ကွန်ပျူတာကို Backup ပြုလုပ်ထားရန်ဖြစ်ပါသည်။

ကွန်ပျူတာကို Backup ပြုလုပ်ထားခြင်း သည် အကြောင်းအမျိုးမျိုးကြောင့်ကြုံတွေ့နိုင်သည့် အရေးကြီးသည့် Data အချက်အလက်များ ပျက်ဆီးပျောက်ဆုံးခြင်းများအတွက် အကောင်းဆုံးနည်းလမ်းပင်ဖြစ်ပါသည်။

ကွန်ပျူတာအသုံးပြုသူ များသည်လည်း Backup ပြုလုပ်ခြင်းကို အမြဲလိုလိုပင်မေ့လျော့နေတတ်ကြပါသည်။

Backup ပြုလုပ် ရန်အတွက် Free Software များသည်လည်း ဒါဇင်မကရှိပါသည်။

သို့ရာတွင် အဆိုပါ Software များ သည်လည်း မိမိကွန်ပျူတာအတွင်း၌ပင် Backup ပြုလုပ်ခြင်းဖြစ်ပြီး ထိုသို့ Local အတွင်းတွင် Backup ပြုလုပ်ခြင်းသည်ပင်လျင် အချို့သော Data များကိုပျောက်ဆုံးစေနိုင်ပါသည်။

Backkup ပြုလုပ်လိုသူများအတွက် အကောင်းဆုံးအကြံပေးချက်မှာ မိမိအတွက် အသုံးဝင်မည့်အရေးကြီး အချက်အလက်များကို Online တွင် Backup ပြုလုပ်ရန်ဖြစ်ပါသည်။

အောက်ဖော်ပြပါ Website များ တွင် Online Backup ပြုလုပ်ထားနိုင်ပါသည်။

Online backup solution: Mozy * or Dropbox

Browsers

ကွန်ပျူတာတွင် Internet အသုံးပြုရန်အတွက် Microsoft Internet Explorer ပါရှိပြီးဖြစ်ပါ သည်။

သို့ရာတွင် Microsoft Internet Explorer ထက်ပိုမိုလွယ်ကူအဆင်ပြေစွာအသုံးပြုနိုင်မည့် အခြား Web Browsers များလည်းရှိပါသည်။

၎င်းတို့အနက် လူသုံးအများဆုံးနှင့် အကောင်းမွန်ဆုံး Browsers မှာ Mozilla Firefox နှင့် Google Chrome တို့ဖြစ်ပါသည်။

Internet Browser: Mozilla Firefox or Google Chrome

Compression utility

Compression utility ဆိုသည်မှာ File များ၏ အရွယ်အစားကို ချုံ့ရာတွင်အသုံးပြုခြင်းဖြစ် ပါသည်။

Internet မှ Download ပြုလုပ်ရာတွင်၎င်း၊ Data များကို Sharing ပြုလုပ်ရာတွင်း၎င်း မူရင်း Size ပမာဏကို ချုံ့၍ပြုလုပ်ခြင်းဖြင့် ပိုမိုလျင်မြန်မှုရှိစေနိုင်ပါသည်။

Compression ပြုလုပ်ရန်အတွက် Zip၊ Rar စသည်တို့ကိုအသုံးပြုနိုင်သော်လည်း 7-zip သည်ပိုမိုစွမ်းဆောင်ရည်ကောင်းမွန်ပါသည်။

File compression utility: 7-Zip
Disc ripper and creation utility

Data နှင့် Audio များကို CD/DVD များသို့ Burn ခြင်း၊ CD များမှ Audio များကို Rripping ပြုလုပ်ခြင်းများနှင့် ISO File များကိုပါ CD/DVD များသို့ကူးယူနိုင်သည့် CDBurnerXP ကိုအသုံးပြု သင့်ပါသည်။

CD burner / ripper utility: CDBurnerXP
E-mail
E-mail အသုံးပြုမှုသည် ယနေ့ခောတ်ကာလတွင် လူမှုကွန်ရက်အတွင်း၌မရှိမဖြစ်အသုံးပြု လာကြသည့် ဆက်သွယ်မှုစနစ်တစ်ခုဖြစ်လာခဲ့သည်။

ကွန်ပျူတာအတွင်း Microsoft Outlook ကဲ့သို့ E-mail စနစ်ပါဝင်သည့်တိုင် လူသုံးများလာသည့် Gmail ကိုအသုံးပြုသင့်ပါသည်။

Online e-mail: Gmail

FTP Utility

မိမိတို့၏ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်များကို ပြုပြင်ပြင်ဆင်ခြင်း၊ ကွန်ပျူတာအတွင်းမှ File များကို Upload ပြုလုပ်ခြင်း၊ Internet မှ Download ပြုလုပ်ခြင်းများတွင် လျင်မြန်စွာဆောင်ရွက်နိုင်ရန်အ တွက် အသုံးပြုသည့် FTP Utility များအနက် လွယ်ကူစွာအသုံးပြုနိုင်သည့် Filezilla ကိုရွေးချယ်သင့် ပါသည်။

FTP client: Filezilla

Image editor, paint program, and picture organizer

ဓာတ်ပုံများကိုပြုပြင်ခြင်းများအတွက် ကောင်းမွန်သည့် Free software များစွာအနက် သုံးရ လွယ်ကူပြီး ပေါ့ပေါ့ပါးပါးအသုံးပြုနိုင်သည့် အောက်ဖော်ပြပါ Software များကိုအသုံးပြုသင့်ပါသည်။

Image editor: GIMP

Paint program: Paint.net

Picture organizer: Google Picasa

Multimedia

Video File များကိုကြည့်ရူခြင်း၊ Audio များကိုပြုပြင်ခြင်းများအတွက် VLC Multimedia Player နှင့် Audacity တို့ကိုအသုံးပြုသင့်ပါသည်။

Audio editing and creating tool: Audacity

Video and DVD Player: VLC

Office Suite

Office Tools တွေအသုံးပြုမည်ဟုစဉ်းစားလိုက်သည်နှင့် ကျွန်တော်တို့တစ်တွေ Install ပြုလုပ်ကြသည်မှာ Microsoft Office သာဖြစ်ပါသည်။ သို့ရာတွင် အဆိုပါ Software များထက် Free အသုံးပြုနိုင်သည့် Open Office နှင့် Notepad++ တို့ကိုလည်းအသုံးပြုနိုင်ပါသည်။

Office suite: OpenOffice

Notepad / Source code editor: Notepad++

No comments:

Post a Comment