တနင်္ဂနွေသား/သမီး-(အ/ဥ/သြ)-အသက်ကြီးကြီး အမကြီးတစ်ယောက်ရဲ့ အင်ထုမှုကြောင့် အီးလို့တောင်မအော်နိုင်ပဲ
အိမ်သာကြွေခွက်ထဲခေါင်းငိုက်စိုက်ကျပြီး “အမလေး” တရကိန်းရှိသည်။
-အပျိုလေးက အာပလာဆိုသူကို အာဘွားပေးပြီး အိပ်ယာထဲကို အတင်းခေါ်လိမ့်မည်။
အဲ့ဒီအခါမှာ အင်တင်တင်လုပ်နေရင် ၊ ဥပေါ် ဥသျှစ်သီးပြုတ်ကျပြီး အင့်ကနဲဖြစ်သွားတတ်သည်။
-အ“အ”မလေးက အမေရှေ့မှာ အိမ်ပေါ်ကနေ အီစကလီလုပ်ပြလိမ့်မည်။ အပျော်ကြံမိရင် အဖတ်တင်နေမည်။
-ဥတစ်လုံးတစ်ကောင်ကြွက်သမားများ အားနေရင် အာမများပါနှင့်။ အင်ပြင်ထပြီး ၊ အူကြောင်ကြား ဖြစ်တတ်သည်။
-အီးမေးလ်ပို့ရင်း အီးပေါက်မိသဖြင့် အနားက အထက်လူကြီး အောင့်သက်သက် ဖြစ်ကိန်းရှိသည်။
-အီရတ်နဲ့ အာဖဂန်နစ္စတန်သို့ အပျော်ခရီးသွားရလိမ့်မည်။ အီရန်မှ အနုမြူဗုံးများ Importလုပ်လျှင် စီးပွားဖြစ်မည်။
-အီသီယိုးပီးယားသူနဲ့ အိမ်ထောင်ကျကိန်းရှိသည်။ ဥရုဂွေးသားကို အရှည်သဖြင့် အထူးစဉ်းစားပါ ။
ယတြာ-
-အားလပ်ရက်တစ်ရက်၌ အေသင်ချိုဆွေစတိတ်ရှိုးကြည့်ပြီး ၊ သြကာသ(၃)ခေါက်ရွတ်ဆိုကာ အမျှပေးဝေပါ ။
-အောင်လကို သြဇာသီးကျွေးပြီး ဥတစ်ခုခုနဲ့ ပစ်ပေါက်ဂုဏ်ပြုပါ။ အိမ့်ချစ်နဲ့အတူ အ၀တ်မပါပဲ အက်ဆစ်ကန်ထဲ (၁)နာရီခန့် အောင်းပေးပါ။
-အာဇာနည် အိပ်နေတုံး အောက်ကဟာကို အသက်အောင့်ပြီး အအေးပုလင်းနဲ့ အပီအပြင် အုပ်ထည့်လိုက်ပါ ။
အညံ့တွေပျောက်ပြီး အကောင်းတွေရောက်ပါမည်။
တနင်္လာသား/သမီး-(က/ခ/ဂ/ဃ/င)-ဂျီတော့မှာ ချက်တင်ထိုင်ရင်း ကိုကိုအရွယ်တစ်ယောက်နဲ့ ချစ်သူ ဖြစ်သွားလိမ့်မည်။
-ဂေးတစ်ယောက်က ဂွေးသီးစားချင်တာ ကျွေးမိလို့ ဂနိုကျကိန်းရှိသည်။
-ကောင်မလေးထင်ပြီး ဂျီပုန်းကြီးနဲ့ ချက်မှာ ကြူမိရာက ကျော်မကောင်း၊ကြားမကောင်း ဖြစ်တတ်သည်။
-ချို(Cho)တစ်ယောက် ဂျီကျတတ်တဲ့ ကောင်လေးတစ်ယောက်နဲ့ ချောင်ကျကျနေရာမှာ ချိန်းတွေ့မိလို့ “ကျွတ်ကျွတ်”ဟု အော်ရတတ်သည်။
-ကမြင်းမိလို့ ကင်မရာပုန်းနဲ့တိုးပြီး ကိုယ့်ပုံပါလာတတ်သည်။
-ကူဝိတ်သို့ ကန်စွန်းရွက်နဲ့ ချဉ်ပေါင်ရွက်တင်ပို့ရာမှ စီးပွားဖြစ်ကိန်းရှိသည်။
-ကုမ္ပဏီတစ်ခု၌ ကူလီထမ်းသောအလုပ် ရလိမ့်မည်။ ကြက်ကုန်ကူးသောအလုပ် အကျိုးပေးမည်။
ယတြာ-
-ကိုရိးယားမှာ ဂျွန်စောနဲ့အတူတူ ဂျွမ်း(၂)ပတ်ထိုးပြီး ငုတ်ကောင်းကောင်းတစ်ခုပေါ်၌ ကားယားခွထိုင်ကာ ကင်မ်ချီအ၀စားပေးပါ။
-ချစ်သုဝေကို ခွေးလှေးယားသီး (၂)တောင့် လက်ဆောင်ပေးပါ။ ခိုင်သင်းကြည်နဲ့ ခရစ္စတီးနားတို့ကို ခရမ်းသီးလက်ဆောင်ပေးပါ။
-ခေါ်တော ကုလားကြီးရဲ့ ခေါင်းကိုကိုင်ပီး ကိုကာကိုလာဘူးနဲ့ ကော့သွားအောင် ခေါက်ထည့်လိုက်ပါ။
အညံ့တွေပျောက်ပြီး အကောင်းတွေရောက်ပါမည်။
အင်္ဂါသား/သမီး-(စ/ဆ/ဇ/ဈ/ည)-ဆိတ်သိုးကြီးကို ဆောင့်ကန်မိရာက စိတ်ဆိုးပြီးအဝှေ့ခံရလို့ စအိုပွင့်ထွက်ကိန်းရှိသည်။
-ဆက်စီဆက်စီ(sexysexy)ခေါ်တဲ့ မင်းသမီးလေးတစ်ယောက် ဆတ်ဆော့ပြီး စက်ဘီးစီးရာက စူပွစူပွ ဖြစ်လိမ့်မည်။
-စီးပွားရေးအနေနဲ့ ဆေိာဒီအာရေဗျသို့ ဆားတင်ပို့ပြီး စွန်ပလွန်သီး ပြန်သွင်းပါက ဆုံးရှုံးမှုနဲ့ကြုံတတ်သည်။
-ဆင်မလိုက်သွားပြီး ခရီးပန်းလို့ ဆီးလမ်းကြောင်းပိတ်ပြီးဆန့်ငင်ဆန့်ငင် ဖြစ်ကိန်းရှိသည်။
-ဆတ်စလူးမလေးကို စာပြပေးရင်း ပြဿနာတက်ကိန်းရှိသည်။
ယတြာ-
-စိတ်တိုနေသောနေ့မှာ စိုင်းစိုင်းခမ်းလှိုင်ကို စာလေးခွေကျွေးပြီး စောက်ခွက်ဖြတ်ရိုက်ပါ။
-စာတိုက်ပုံးပေါ် စိမ်ပြေနပြေ ၊ ဆောင့်ကြောင့်ထိုင်ပြီး ညောင်ညောင်ဟု (၃)ကြိမ်အော်ပေးပါ။
အညံ့တွေပျောက်ပြီး အကောင်းတွေရောက်ပါမည်။
ဗုဒ္ဓဟူးသား/သမီး-(ယ/ရ/လ/၀)-လှတပတကောင်မလေးများ လူလစ်ပြီဆိုပြီး လမ်းကြားမှာ ရှူးရှူးပေါက်နေတုံး ၀က်သိုးကြီး လိုက်လို့ ရှက်ရှက်ကို
လက်နဲ့အုပ်ပြီး ယက်ကန်ယက်ကန်နဲ့ပြေးရတတ်သည်။
-လိုင်းကားပေါ် လက်ကမြင်းမိလို့ ၀စီမှုတ်သံကြောင့် လက်သီးစာမိတတ်သည်။
-လန်ဒန်သို့ ရေခဲတင်ပို့ပြီး ၊ လစ်ဗျားနိုင်ငံသို့ ၀က်သားတင်ပို့ရာမှ စီးပွားပျက်ကိန်းရှိသည်။
-ယမင်းဦးဆိုသူ
လူလိမ်မလေးက လူလေးအား လက်ဆောင်ဝယ်ပေးရန် လိမ္မော်သီးစတိုး(Orange
Store)ဆိုင်ရှေ့ လေးနာရီအရောက် လာဖို့ချိန်းတာကို ယုံစားမိလို့
ရွာလည်ရတတ်သည်။
ယတြာ-
-လပြည့်ည၌ ရွှေဆိုင်တစ်ဆိုင်ရှေ့ လမ်းမီးတိုင်အောက်မှာ လက်နက်ပုန်းကိုင်ပြီး ရပ်နေပါ ။ လက်ထိပ်နဲ့မတိုးလျှင် လာဘ်ဝင်ပါမည်။
-ရေဗက္ကာဝင်းအား လက်ကိုဆွဲ၍ “လာပါ ၊ လာပါ” ဟုခေါ်ပြီး လူတွေရှေ့၌ ပက်လက်လှန်ကာ ၀မ်းဗိုက်ကို လျှာနဲ့(၄)ခါ ယက်ပေးပါ။
-လျှပ်တစ်ပြက်ဂျာနယ်ကို လက်မှာကိုင်ပြီး လမ်းလျှောက်လာသူများအား လဘက်ရည်တိုက်၍ ၀ါးပိုးဝါးနဲ့ လက်လှမ်းမီသမျှ လိုက်ရိုက်ပါ။
အညံ့တွေပျောက်ပြီး အကောင်းတွေရောက်ပါမည်။
ကြာသာပတေးသား/သမီး-(ပ/ဖ/ဗ/ဘ/မ)- မန္တလေးရောက်စဉ် မော်ဒယ်လေးကို ဖိုတိုရိုက်ပြီး ဗွီထဲတင်လိုက်တာ ၀ိုင်းပြီးမိတ်ဆက်ကြလိမ့်မည်။
-ပင်လယ်ပြာ(blue-sea)သို့သွားပြီး ဘီယာသောက်ကာ ဖားကင်နဲ့မြည်းပါ။
-“ဖိုးတုတ်”က မူနေတဲ့ မဒီလေးကို ပိုင်ပြီဆိုပြီး ဖော်လိုလိုက်တာ မျက်နှာက ပြဲလန်နေလို့၊ မျက်ပြူးဆန်ပြာနဲ့
ဖွန်ကြောင်ချင်စိတ် ပျောက်သွားလိမ့်မည်။
-မင်းသမီး ကို မြ၀တီ-မဲဆောက်မှာ မှောင်ခိုလုပ်နေပြီး မူးနေတဲ့ ဘာဘူကြီးက မာယာသုံးပြီး မိန်းမတော်ဖို့ကြိုးစားလိမ့်မည်။
-မင်းသမီးများ မွန်ဂိုလီးယားနိုင်ငံသို့ ပျော်ပွဲစားခရီးသွားရကိန်းရှိပြီး၊ မြန်မြန် ပြန်ပြေးလာလိမ့်မည်။
-မင်းသားများ ဖင်လန်နိုင်ငံသို့ မိတ်ဆက်ခရီးသွားရကိန်းရှိပြီး မြန်မာနိုင်ငံသို့ ပြန်မလာချင်ပဲရှိလိမ့်မည်။
ယတြာ-
-မိုးယုစံကို မျက်စိမှိတ်ခိုင်းပြီး ဖားပြုတ်(၅)ကောင် ပေး၍ ၊ ပြုံးပြလိုက်ပါ။
-မေသန်းနုကို မှုတ်တတ်လားမေး၍ ပုလွေတစ်ချောင်းလက်ဆောင်ပေးပြီး မိမိကလည်း ဘာဂျာ မှုတ်ပြလိုက်ပါ။
-မင်္ဂလာဆောင်တစ်ခု၌
မနက်(၅)နာရီတိတိတွင် မိုးပြည့်ပြည့်မောင်နဲ့အတူ “ဖုတ်လိုက်
ဖုတ်လိုက်”သီချင်းအား မိုက်ကိုင်ပြီး ပြိုင်တူအော်ဆိုပါ။
-မိုတယ်တစ်ခု၌ မြန်မာဘီယာ ပုလင်းကို ပါးစပ်မှာ မော့ရင်း ၊ ပဲကြီးလှော်စားကာ “ဘူ” ကနဲ မြည်အောင် ပေါက်ကွဲပစ်လိုက်ပါ။
အညံ့တွေပျောက်ပြီး အကောင်းတွေရောက်ပါမည်။
သောကြာသား/သမီး-(သ/ဟ)-သီရိနိုင်ဆိုသူလေးက သမီးကို သွပ်ပေးပါဆိုလို့ သွပ်ပြားဝယ်ပေးရင် သွပ်ပြားခြေထောက်ပေါ် ပြုတ်ကျသဖြင့်
”ဟင်”ကနဲဖြစ်သွားလိမ့်မည်။
-“ဟိုင်း” ဆိုတိုင်း “ဟိုင်း..ဟိုင်း”ပြန်လုပ်မိလို့ ဟိုဟာကိုရန်ရှာသူတစ်ယောက်အား ဟိုတယ်မှာ “ဟိုးထား”လို့ ပြောရကိန်းရှိသည် ။
-သီချင်းဆိုတဲ့
ဟော့ရှော့မလေးက သေးပေါက်ချင်လို့ သန့်စင်ခန်းလိုက်ပို့ပါဆိုတာကို၊
သူများတွေရှေ့မှာမို့ သိက္ခာဆည်ပြီး “ဟိုနားမှာ”ဟုပြောရကိန်းရှိသည်။
-သေဘာၤသားမ်ား
သတိပြုရန်မှာ သားမက်ဖမ်းလိုတဲ့ ဟိုအဒေါ်ကြီးက သူ့သမီးကို သရမ်းပါတယ်ဆိုပြီး
သက်သေနဲ့တကွ သက်ဆိုင်ရာကိုတိုင်လို့ သရက်ထောင်မှာ သက်စေ့နေရကိန်းရှိသည်။
-သိုက်ကခေါ်လို့ သေသွားတဲ့ သက်ထားကို သိမ်ထဲမှာ သပိတ်သွတ်ဖို့ သံဃာ သွားပင့်ရင်း သရဲခြောက်ခံရလို့ သတိလစ်ကာ သွားကျွတ်ထွက်တတ်သည်။
ယတြာ-
-သက်မွန်မြင့်နဲ့အတူ ဟိုတယ်(63)၌ သမိန်ပေါသွပ်ရုပ်ပြစာအုပ်အား သံပုရာသီးစားရင်း (သုံး)ရက်ဆက်ဖတ်ပါ။
-“သေပြီဆရာ…သေပြီဆရာ”ဟု သံတိုသံစာအရောင်းဆိုင်ရှေ့မှာ သန်းဝေရင်း (၆)ခေါက်အော်ဆိုပါ။
-ဟဲလေးကို ဟိုဘက်လှည့်ခိုင်းပြီး သွပ်ပြား(၆)ချပ် သူ့ခေါင်းပေါ်တင်၍ သုဿန်သို့ သွက်သွက်သွားခိုင်းပါ။
အညံ့တွေပျောက်ပြီး အကောင်းတွေရောက်ပါမည်။
စနေသား/သမီး-(တ/ထ/ဒ/ဓ/န)ညအခါ ဒန့်ဒလွန်သီးကို ခိုးစဉ် မြွေလိုက်သဖြင့် ထွန့်ထွန့်လူးသွားလို့ တောင်ကြီးထောင်မှာ တစ်နှစ် နေရလိမ့်မည်။
-တပေါင်းလဖွားများအတွက် တီတီတာတာပြောတတ်သူလေးကို တူတူနေမိလို့ ထန်းလျက်နဲ့ဂျင်းပြုတ်ရည် တိုက်ရတတ်သည်။
-တန်ခူးလတွင်
နိုင်ဂျီးရီးယားသို့ ဓနိရည်နှင့် တောအရက် တင်ပို့ပြီး ၊ နယုန်လတွင်
နီပေါနိုင်ငံမှ ဒန်အိုးဒန်ခွက်များ ပြန်သွင်းရာမှ အကျိုးအမြတ်ရလိမ့်မည်။
-နိုက်ကလပ်မှာ နတ်ကတော်တစ်ယောက်က နံချပ်ကူကိုင်ပြီး နံရံကိုရိုက်လိုက်တာ နီးနီးနားနားက နင့်ကိုထိပြီး နံရိုး(၇)ချောင်းကျိုးလိမ့်မည်။
-နိုင်ငံခြားမှ တရုတ်ဖြစ် နာရီတစ်လုံးလက်ဆောင်ရတတ်သည် ။
ယတြာ-
-နိုင်းနိုင်းနဲ့အတူ ဒူးရင်းသီးတစ်လုံးပေါ် ထိုင်၍ ဒန်အိုးကို တုတ်နဲ့ တီးကာ ဒစ္စကိုအက ကပါ ။
-တရုတ်မသာချလာချိန်တွင် ထီဆိုင်တစ်ဆိုင်ရှေ့၌ ထီးဆောင်းကာ ထိုင်ပြီး နွယ်နွယ်ထွန်းပုံကိုကြည့်လျက် “တင်းတယ်…တင်းတယ်….”
သီချင်းအား နားပိတ်ပြီး (၇)ခေါက်ဆိုပါ။ နားပန်အရိုက်မခံရလျှင် ဓါးနဲ့အထိုးခံရလိမ့်မည်။ ထွက်မပြေးပါနှင့် ။
-နာလန်ထလူမမာအား နှပ်ချီးကို နားဖာချေးနဲ့ရော၍ ထမင်းနဲထဲ ထည့်ပြီး တူနဲ့ညှပ်ကာ “တော်ပြီ”မပြောမချင်း တစ်ဝကျွေးပါ။
အညံ့တွေပျောက်ပြီး အကောင်းတွေရောက်ပါမည်။