Saturday, December 13, 2014

iOS 8 အတွက် အသုံးဝင် tweaks များ

iOS 8 အတွက် အသုံးဝင် tweaks များ

Activator - နာမည်ကြီး tweak တစ်ခုဖြစ်ပါတယ်။ ကိုယ်လိုသလိုအသုံးပြုနိုင်ပါတယ် ဥပမာ status bar ပေါ် swipe လိုက်တာနဲ့ screen lock ဖြစ်သွားတာမျိုး

Bio Protect - App တစ်ခုချင်းစီကို lock ချတာဖြစ်ပါတယ်။ Touch ID ပါတဲ့ iOS Device တွေမှာ Finger Print နဲ့ lock ချနိုင်ပါတယ်။

Call Bar - ဖုန်းလာတဲ့ အချိန်မှာ ကိုယ်လက်ရှိသုံးနေတဲ့ app ကိုမပိတ်ပဲ notification banner အနေနဲ့သာပြသပေးပြီး တော်တော်အသုံးဝင်ပါတယ်။

Call Shortcut - Home Screen မှာ Contacts တွေကို shortcut ထားနိုင်မှာဖြစ်ပါတယ်

CCSettings - Control Centre မှာ နောက်ထပ် Mobilee Data, Power Off, Respring အစရှိတဲ့ ခလုပ်တွေစိတ်ကြိုက်ထည့်နိုင်မှာဖြစ်ပါတယ်။

Cylinder - Barrel လိုမျိုး Tweak တစ်ခုဖြစ်ပြီး home screen ကို animation တွေနဲ့ ပြောင်းတာဖြစ်ပါတယ်

Killbackground 8 - App Switcher က App တွေကို တစ်ခုခြင်း ပိတ်စရာမလိုပဲ အကုန်တစစ်ခါတည်း ပိတ်တာာဖြစ်ပါတယ်။

LockGlyph - Lock Screen ကို Touch ID နဲ့ဖွင့်တဲ့ အခါ Apple Pay animation ပေါ်နေမှာဖြစ်ပါတယ်

Virtual Home - Home Button ကို နှိပ်စရာမလိုပဲ Touch ID ကို Home Button လိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Wifi Passwords - ကိုအသုံးပြုခဲ့တဲ့ Wifii Password တွေကိုပြန်ကြည့်နိုင်မှာဖြစ်ပါတယ်။

Zeppelin - Carrier မှာကိုယ်ကြိုက်တဲ့ စာ (သို့) ပုံကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Myat Min Soe (MMAS)

Recovery Mode ၀င်ဖို့အတွက် တွဲနှိပ်ရမည် key များ

Recovery Mode ၀င်ဖို့အတွက် တွဲနှိပ်ရမည် key များ
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

Adb Command, Recovery apk, Recovery Tool တို့နဲ့ ချိတ်ဆက်ပြီး ဖုန်းတွေရဲ့ Recovery Mode ကို ဝင်ကြတဲ့အခါ သက်ဆိုင်ရာ ကီးတွေကို တွဲနှိပ်ပြီး ဝင်ရပါတယ်။ ဖုန်း အမျိုးအစားများစွာထဲက နည်းနည်းရှားပြီး လူသိနည်းတဲ့ ဖုန်းအမျိုးအစား အချို့ရဲ့ Recovery Mode ဝင်ဖို့ တွဲနှိပ်ရမယ့် Key ခလုတ်များကို ဖေါ်ပြပေးလိုက်ပါတယ်။

Huawei C8500 Volume Up + Green + Power
Huawei C8600 Volume Up + Call + Power
Huawei C8650 & C8800 & C8810 Volume Up + Power
samsung galaxy mini i5570 Menu + Power
samsung galaxy mini schi559 Volume Down + Left + Power
samsung galaxy 5 I5500/I5503 Volume Up + Volume Down + Home + Power
samsung galaxy y GT S5360 Home + Volume Up + Power
samsung galaxy fit S5670 Menu + Power or Home + Power
samsung galaxy GIO GT-S5660 Home + Power and then release power
samsung galaxy S Volume Up + Home + Power
samsung galaxy SII Volume Up + Home + Power
samsung galaxy Nexus Volume Up + Volume Down + Power
samsung galaxy Note Volume Up + Home + Power
HTC sensation XE Power + Volume Down
HTC sensation XL Power + Volume Down
HTC Desire HD Power + Volume Down
HTC Desire S Volume Down+ Power
HTC wilfire S Volume Down + Power

အားလုံးအဆင်ပြေကြပါစေ

Credit: Original Aurthor

English-Myanmar Dictionary

English-Myanmar Dictionary
========================

English-Myanmar Dictionary အသစ်လေးပါ.။ဒီကောင်လေးထဲမှာ ..ကိုယ်လေ့လာချင်တဲ့ စာလုံးတွေကိုအလွယ်တကူ၇ှာဖွေနိုင်ပါတယ်..။ဒါ့အပြင်စာလုံးအသစ်တွေထပ်ထည့်ထားလို့ရပါတယ်..။အင်္ဂလိပ်စကားပြောလေးတွေကိုလည်း လေ့လာနိုင်ပါသေးတယ်.။ တော်တော်လေးစုံစုံလင်လင်အသုံးပြုနိုင်မှာဖြစ်လို့ ..ဆောင်ထားသင့်တဲ့ apkလေးတစ်ခုပါပဲ..။

လိုချင်သူများအောက်ကလင့်ခ်မှာဒေါင်းနိုင်ပါပြီခင်ဗျာ.။

http://www.mediafire.com/download/sej2drfhyhl6z4r/English_Myanmar_Dictionary_2

Credit: Naing Group

iDevice ဘက်ထရီသက်သာစေရန်လုပ်ဆောင်သင့်သောအချက်များ

iDevice ဘက်ထရီသက်သာစေရန်လုပ်ဆောင်သင့်သောအချက်များ
===============================================

1. Close Background App

App တစ်ခုခုကို အသုံးပြုပြီးတိုင်း ချက်ချင်းဖြစ်ဖြစ် ပြန်မသုံးသေးဘူးဆိုရင် အဲဒီ App ကို Complete Close လုပ်ပေးပါ။

2. Proper Charging

သင့်ရဲ့ iDevice ကို တစ်လမှာ တစ်ကြိမ်လောက်ဖြစ်ဖြစ် Battery 20% အောက်ရောက်အောင် အသုံးပြုပြီးနောက် Full Charge ကို Non-Stop ပြန်သွင်းပါ။ အားသွင်းနေတုန်းမှာ တခြား ဘာမှမလုပ်ဆောင်သင့်ပါ။ ထို့ပြင် နေ့စဉ် ပုံမှန် အားတစ်ကြိမ်တော့ သွင်းပေးပါ။

3. Avoid Heat

အပူဟာ Battery တွေအတွက် အရေးကြီးဆုံး သတိထားရမဲ့ အချက် ဖြစ်ပါတယ်။ သင့်ရဲ့ iDevice ကို နေရောင်နဲ့ တိုက်ရိုက် ထိတွေ့နေမဲ့ နေရာမျိုးတွေ ဖြစ်စေ ၊ တခြားသော အပူချိန် မြင့်မားသော နေရာမျိုးတွေမှာ ဖြစ်စေ ထားရှိခြင်းကို ရှောင်ရှားသင့်ပါတယ်။

4. Wifi

သင့်ရဲ့ iDevice ကို Wifi အသုံးပြုနေချိန်မှ လွဲ၍ ကျန်သောအချိန်တွေမှာ Wifi မသုံးတော့ဘူးဆိုရင် Off လုပ်ထားသင့်ပါတယ်။

5. Bluetooth

သင့်ရဲ့ iDevice ကို Bluetooth အသုံးပြုနေချိန်မှ လွဲ၍ ကျန်သော အချိန်တွေမှာ Bluetooth မသုံးတော့ဘူးဆိုရင် Off လုပ်ထားသင့်ပါတယ်။

6. Turn Off AirDrop

သင့်ရဲ့ iDevice ကို AirDrop အသုံးပြုနေချိန်မှ လွဲ၍ ကျန်သော အချိန်တွေမှာ AirDrop မသုံးတော့ဘူးဆိုရင် Off လုပ်ထားသင့်ပါတယ်။

7. Lock Your iDevice

Auto-Lock Feature ကိုအချိန်အတိုင်းအတာ တစ်ခုအဖြစ် သတ်မှတ်ပေးထားခြင်းကြောင့် သတိမေ့လို့ပဲဖြစ်ဖြစ် အခြား အကြောင်းတစ်ခုခုကြောင့်ပဲ ဖြစ်ဖြစ် Lock မဖြစ်ပဲ Device ပွင့်နေခြင်းကြောင့် Battery ကုန်ခြင်းကို ကာကွယ်ထားနိုင်ပါတယ်။

8. Upgrade Your Software

သင့်ရဲ့ iDevice တွေကို Apple မှထုတ်လုပ်ပေးထားသော နောက်ဆုံး iOS Version တွေကို Upgrade အမြဲတမ်း လုပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Apple မှသူတို့ရဲ့ iDevice တွေရဲ့ အားနည်းချက် ချို့ယွင်းချက်တွေကို အစဉ်အမြဲ ရှာဖွေပြီး ပြုပြင်ပေးနေမှုကြောင့် Battery Performance တွေကိုပါ ပိုမိုကောင်းမွန်စေပါတယ်။

9. Don’t Use Third Party Charger

ဒီအချက်က အတော်အရေးကြီးပါတယ်။ Apple ရဲ့ iDevice တွေကို Apple iDevice ဝယ်ကတည်းက ပါလာတဲ့ Battery Charger နဲ့ပဲ အားသွင်းပါ။ အခြားသော ပြင်ပ Company ကထုတ်လုပ်တဲ့ Battery Charger တွေနဲ့ အားမသွင်းသင့်ပါဘူး။ အခန့်မသင့်ရင် ပေါက်ကွဲပြီး အသက်ပါဆုံးရှုံးနိုင်ပါတယ်။

10. Use Static Wallpaper

Dynamic Background ပုံလေးတွေက လှပပေမဲ့ Battery ကိုတော့ ပိုစားပါတယ်။ ဒါကြောင့် Battery ပိုကြာရှည်ခံစေချင်ရင် လှုပ်ရှားမှုရှိတဲ့ Static Background Image လေးတွေကိုသာ သုံးသင့်ပါတယ်။

11. Automatic Downloads

Automatic Downloads လုပ်ဆောင်ချက်ဟာ မိမိရဲ့ iDevice ထဲမှာ ရှိတဲ့ App တွေကို Update အသစ်ထွက်တိုင်း နောက်ကွယ်ကနေ Auto Update လုပ်ဆောင်ပေးလေ့ ရှိပါတယ်။ ဒါကြောင့် ဒီ Feature ကိုပိတ်ထားခြင်းအားဖြင့် Battery စားနှုန်းကို လျော့ချနိုင်ပါတယ်။

12. Adjust Auto Brightness

Auto-Brightness ကို On ပေးထားခြင်းကြောင့် မိမိရဲ့ iDevice တွေမှာ Battery စားနှုန်းကို လျော့ချပေးနိုင်ပါတယ်။

13. Location Services

အချို့ App တွေက သင့်ရဲ့ လက်ရှိတည်နေရာကို အသုံးပြုကြပါတယ်။ အချိန်တိုင်းလိုလို သင့်ရဲ့ လက်ရှိတည်နေရာကို ထောက်လှမ်းနေမယ်ဆိုရင် Battery အကုန်မြန်ပါတယ်။ ဒါကြောင့် မလိုအပ်ဘူးဆိုရင် Location Service ကိုပိတ်ထားသင့်ပါတယ်။

14. Mobile Data

ကိုယ့်ရဲ့ iDevice တွေမှာ မလိုအပ်ပဲနဲ့ Mobile Data On ထားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ 3G/4G တွေဟာ လိုင်းဆွဲအား မြန်တယ်ဆိုပေမဲ့ Battery ကိုလည်း ပိုစားပါတယ်။ ဒါကြောင့် မလိုအပ်ဘူးဆိုရင် Off လုပ်ပေးထားသင့်ပါတယ်။

Credit: Original Aurthor

Administrator တိုင်း သိထားသင့်သည့် Windows 7 Command Line (၁၀) ခု 

Administrator တိုင်း သိထားသင့်သည့် Windows 7 Command Line (၁၀) ခု

Windows 7 operating system ကို အသုံးပြုနေကြသူတွေ အတွက် command line တွေဟာ တစ်ခါတစ်ရံမှာ အကောင်းဆုံး ပြဿနာ ဖြေရှင်းနည်းတွေ ဖြစ်နေတတ်ပါတယ်။ Windows 7 desktop ပြဿနာကို လျင်မြန်စွာ ဖြေရှင်းနိုင်ဖို့ အခြေခံ အကျဆုံး command line (၁၀) ခုကို တင်ပြပေးလိုက်ပါတယ်။

(1) System File Checker
Manlicious software ဟာ ကွန်ပျူတာ စနစ် တစ်ခုလုံးကို ထိန်းချုပ်ဖို့ အတွက် အဓိက system file တွေ နေရာမှာ အစားထိုး နေရာယူလေ့ ရှိပါတယ်။ ဒါကြောင့် Windows system file တွေ မှန်ကန်မှု ရှိ၊ မရှိ ဆိုတာကို system file checker နဲ့ အသုံးပြုပြီး စစ်ဆေးကြည့်သင့်ပါတယ်။ System File Checker ကို ခေါ်ယူ အသုံးပြုနိုင်တဲ့ command ကတော့ "sfc/scannow" ဖြစ်ပါတယ်။

(2) File Signature Verification
System မှန်ကန်မှု ရှိ၊ မရှိ ဆိုတာကို စစ်ဆေးဖို့အတွက် သေချာတဲ့ နည်းလမ်း တစ်ခုကတော့ system file တွေ အားလုံးကို ဒီဂျစ်တယ်နည်းနဲ့ အမှတ်အသား ပြုလုပ်ဖို့ပါပဲ။ ဒီလို ပြုလုပ်ဖို့အတွက် File Signature Verification tool ကို အသုံးပြုနိုင်ပါတယ်။ ဒီ tool က command line နဲ့ ခေါ်ယူရတာ ဖြစ်ပေမယ့် GUI interface နဲ့ အသုံးပြုရမှာ ဖြစ်ပြီး ဘယ် system file တွေက အမှတ်အသား ပြုလုပ်ထားတယ်၊ မထားဘူး ဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။ File Signature Verification tool ကို "sigverif" ဆိုတဲ့ command line နဲ့ ခေါ်ယူနိုင်ပါတယ်။

(3) Driverquery
မှားယွင်းနေတဲ့ device driver တွေဟာ system ပြဿနာ အချို့ကို ဖြစ်ပေါ်စေပါတယ်။ Windows 7 system မှာ ဘယ်လို driver တွေ ထည့်သွင်းထားတယ် ဆိုတာကို driverquery tool နဲ့ ခေါ်ယူ ကြည့်ရှုနိုင်ပါတယ်။ ဒီ tool ကိုတော့ "driverquery" command နဲ့ ခေါ်ယူနိုင်ပြီး အချက်အလက်တွေ ပိုမို ပြည့်စုံစွာ သိရှိလိုတယ်ဆိုရင် "driverquery-v" နဲ့ driver ရဲ့ signature ကို သိလိုတယ် ဆိုရင်တော့ "driverquery-si" ဆိုပြီး ခေါ်ယူနိုင်ပါတယ်။

(4) Nslookup
Nslookup tool ကတော့ DNS name resolution မှန်ကန်စွာ အလုပ်လုပ်ခြင်း ရှိ၊ မရှိ ဆိုတာကို စစ်ဆေးဖို့ ကူညီပေးနိုင်ပါတယ်။ စစ်ဆေးလိုတဲ့ host name ကို nslookup နဲ့ run လိုက်တဲ့အခါ ဒီ tool က ၎င်း host name နဲ့ ပတ်သက်ပြီး ဖြေရှင်းပေးမှာ ဖြစ်သလို lookup ပြုလုပ်နေစဉ်အတွင်း အသုံးပြုလိုက်တဲ့ DNS server ကိုလည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။ မှန်ကန်မှု မရှိတော့တဲ့ DNS record တွေနဲ့ ဆက်စပ်နေတဲ့ ပြဿနာတွေကို အဖြေရှာရာမှာ အလွန် အသုံးဝင်ပါတယ်။ ဒီ tool ကို အသုံးပြုဖို့ အတွက်က်တော့ nslookup command ထဲကို ဝင်ရောက်လိုက်ပြီး ဖြေရှင်းလိုတဲ့ host name ကို နောက်ကနေ ထည့်ပေးလိုက်ရုံပါပဲ။ ဥပမာ "nslookup dc1.contoso.com" ဆိုပြီး ဖြစ်ပါတယ်။

(5) Ping
Ping ကတော့ ကွန်ပျူတာ ချွတ်ယွင်းချက်ကို အဖြေရှာတဲ့ command တွေထဲမှာ အရိုးရှင်းဆုံး ဖြစ်ပါတယ်။ Network host ရဲ့ အခြေခံ TCP/IP ချိတ်ဆက်မှုတွေကို ကြည့်ရှုဖို့အတွက် အသုံးပြုနိုင်ပြီး ping command ထဲမှာ စမ်းသပ်လိုတဲ့ IP address ကို ရိုက်ထည့်လိုက်ရုံပါပဲ။ ဥပမာ "ping 192.068.1.1" ဆိုတာမျိုးပါ။ ဒီ command အသုံးပြုတဲ့အခါ တစ်ခု သတိထားရမှာက ICMP traffic လို့ခေါ်တဲ့ Internet Control Message Protocol ကို ကွန်ပျူတာ firewall က ခွင့်ပြုပေးရမှာ ဖြစ်ပါတယ်။

(6) Pathping
တကယ်လို့များ firewall က ICMP traffic ကို ခွင့်မပြုတာကြောင့် ping ရဲ့ လုပ်ဆောင်ချက် မအောင်မြင်ခဲ့ဘူးဆိုရင် pathping utility ကို အသုံးပြုပေးနိုင်ပါတယ်။ Pathping ကိုတော့ host တွေအကြားမှာ ရှိတဲ့ တစ်ခုထက်ပိုတဲ့ router တွေရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေး ကြည့်ရှုဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ဒီ command ကိုလည်း ping ကို ခေါ်ခဲ့တဲ့ အတိုင်း "pathping 192.168.1.1" ဆိုပြီး ခေါ်ယူနိုင်ပါတယ်။

(7) Ipconfig
ကွန်ပျူတာ တစ်လုံးရဲ့ IP address တွေကို ကြည့်ရှုဖို့အတွင် ipcofig command ကို အသုံးပြုနိုင်ပါတယ်။ Windows 7 system တစ်ခုလုံးရဲ့ IP configuration အပြည့်အစုံကို သိရှိလိုတယ်ဆိုရင် "ipconfig/all" ကို အသုံးပြုနိုင်ပြီး လက်ရှိ အသုံးပြုနေတဲ့ IP address ကို အသစ် ပြန်လည် ပြုလုပ်လိုတယ် ဆိုရင်တော့ "ipconfig/release ipconfig/renew" ဆိုပြီး ခေါ်ယူနိုင်ကာ DNS resolver cache ကို ဖော်လိုတယ် ဆိုရင်တော့ "ipconfig/flushdns" ဆိုပြီး ခေါ်ယူနိုင်ပါတယ်။

(8) Repair-bde
တကယ်လို့ Bitlocker နဲ့ encrypt ပြုလုပ်ထားတဲ့ drive ပြဿနာ ဖြစ်လာခဲ့မယ်ဆိုရင် repair-bde command ကို အသုံးပြုပြီး အချက်အလက်တွေကို ပြန်လည် ရယူနိုင်ပါတယ်။ ဒီ command ကို အသုံးပြုဖို့အတွက် အချက်အလက်တွေကို သိမ်းဆည်းပေးမယ့် destination driver တစ်ခုရဲ့ အမည်နဲ့ BitLocker recovery key ဒါမှမဟုတ် recovery password တို့ လိုအပ်ပါတယ်။ ခေါ်ယူနိုင်တဲ့ command ကတော့ "repair-bde-rk|rp" ဖြစ်ပါတယ်။ ဥပမာ "repair-bde c:d:-rk e:\recovery.bek"နဲ့ "repair-bed c:d:-rp 111111-111111-111111-111111-111111-111111" ဆိုပြီး ဖြစ်ပါတယ်။

(9) Tasklist
Tasklist command ကတော့ Windows 7 system မှာ အသုံးပြုနေတဲ့ လုပ်ဆောင်ချက်တွေရဲ့ အချက်အလက်တွေကို ကြည့်ရှုတာပါ။ "tasklist" command မှာ အခြား ရွေးချယ်စရာ ခေါ်ယူစရာ function တွေလည်း များစွာ ရှိပါတယ်။ ဥပမာ လုပ်ဆောင်ချက် တစ်ခုနဲ့ ပတ်သက်ပြီး ၎င်းနဲ့ ဆက်စပ်နေတဲ့ DLL module တွေ အားလုံးကို ဖော်ပြစေချင်တယ်ဆိုရင် "tasklist-m" ကို အသုံးပြုနိုင်ပြီး လုပ်ဆောင်ချက် တစ်ခုချင်းစီကို ထောက်ပံ့ပေးထားတဲ့ ဝန်ဆောင်မှုတွေကို သိလိုတယ် ဆိုရင်တော့ "tasklist-sve" ဆိုပြီး ခေါ်ယူ ကြည့်ရှုနိုင်ပါတယ်။

(10) Taskkill
Taskkill command ကတော့ လုပ်ဆောင်ချက် တစ်ခုချင်းစီကို အမည်နဲ့ ဖြစ်စေ၊ process ID နဲ့ ဖြစ်စေ ခေါ်ယူပြီးတော့ ပိတ်နိုင်စေမှာ ဖြစ်ပါတယ်။ "taskkill" ဆိုတဲ့ command ရဲ့ အနောက်မှာ မိမိ အဆုံးသတတ်လိုတဲ့ လုပ်ဆောင်ချက် တစ်ခုကို ၎င်းရဲ့ အမည် ဒါမှမဟုတ် process ID ဒါမှမဟုတ် ပုံရဲ့ အမည် အစရှိသဖြင့် ထည့်သွင်း ဖော်ပြပြီးတော့ အဆုံးသတ်နိုင်ပါတယ်။ ဥပမာ process ID နဲ့ ခေါ်ယူမယ်ဆိုရင် taskkill command ရဲ့ နောက်မှာ -ipd(process ID) ကို ထည့်သွင်းပြီး ခေါ်ယူနိုင်သလို ပုံနာမည်နဲ့ ခေါ်ယူချင်တယ် ဆိုရင်လည်း -im(image name) ကို taskkill ရဲ့ နောက်ဖက်မှာ ထည့်သွင်းပြီး ခေါ်ယူနိုင်ပါတယ်။

Credit > Original Author

Y320-C00 Network Error 1x Solution 

Y320-C00 Network Error 1x Solution

Huawei Y320-C00 မှာ Access Point ထည့်လိုက်လို.ပဲဖြစ်ဖြစ် အခြားအကြောင်းတစ်ခုခုကြောင်းပဲ ဖြစ်ဖြစ် နက်ဝက် မှာ 1x ပဲပြပြီး ဖုန်းခေါ်လို.မရတော့တဲ့အခါ အရင်တုန်းကကျတော့ 73 ကဒ်ထည့်ပြီး ရှင်းလိုက်ရင် ရပါတယ်. ခုဟာက 73 မရှိတဲ့သူတွေ 73 လိုင်းမမိတဲ့သူတွေအတွက် ဒီပြဿနာကို လွယ်ကူစွာဖြေရှင်းလို့ရပါပြီ

၁။ ပထမဦးဆုံး mec card ကိုဖုန်းထဲထည့်ပါ။

၂။ ၃၄၅၆ ကို ဖုန်းခေါ်ပြီး ဖုန်းကို မချပဲ Back နဲ.ပြန်ထွက်ပါ။

၃။ Phone Settings ထဲဝင်ပါ

၎။ More => Mobile Network => CDMA Mobile Select

၅။ empty filter network list ကိုနှိပ်လိုက်ပါ.........

တချို့ကတော့ဒီအဆင့်မှာတင်ရပါပြီမရသေးရင်တော့
warning စာတန်းတွေထွက်လာတာကိုစောင့်လိုက်ပါ.......
ပြီးရင်ရသွားပါပြီ.........ဖုန်းခေါ်ကြည့်လိုက်ပါအဆင်ပြေသွားတာကိုတွေ့ရပါလိမ့်မယ်
မရသေးဘူးဆိုရင်ဖုန်းကိုပါဝါပိတ်ပြီးနောက်တစ်ခေါက်ထပ်လုပ်ကြည့်ပါ.......
ရသွားပါလိမ့်မယ်

Credit > original Author

Android OS သုံး စမတ်ဖုန်းကိုပေါ့ပါးစေရန် (၁၁)ချက် 

Android OS သုံး စမတ်ဖုန်းကိုပေါ့ပါးစေရန် (၁၁)ချက်

ယခုဆိုလျှင်စမတ်ဖုန်းတွေဟာပေါများလှသလို အမျိုးအစား ဈေးနှူန်း အနိမ့်အမြင့် မျိုးစုံရှိလှပါတယ်။ ဒီလိုပေါများတာကလည်း Open Source OS
၁ခုဖြစ်တဲ့ Android OS ကြောင့်ဆိုလဲ မမှားပါဘူး ။ Android OS မှာတင် အရွယ်အစားမျိုးစုံ ဒီဇိုင်းမျိုးစုံ တံဆိပ်မျိုးစုံ တန်ဖိုးနည်း/ များ
ရှိကြပါတယ် ။ ဒီထဲ ကမှ တန်ဖိုးကြီးစမတ်ဖုန်းကိုင်ဆောင်သူတွေဟာ ဖုန်းရဲ့ ပေါ့ပါးမှု ဖုန်းရဲ့ စွမ်းဆောင်ရည်ကောင်းမွန်မှုတို့ကို အသုံးပြုချင်လို့
ကိုင်ဆောင်ကြတာများပါတယ် ။ ဒါပေမယ့် စမတ်ဖုန်းကို ပေါ့ပါးအောင် မပြုလုပ်နိုင်တဲ့ အတွက် ဈေးကြီးပေးပြီး စိတ်မချမ်းမသာဖြစ်ကြရပါတယ်။
ဒီလို မဖြစ်ရအောင် Android OS သုံး စမတ်ဖုန်းတွေကို ပေါ့ပါးအောင် ပြုလုပ်နိုင်မယ့် အချက် (၁၁) ချက်ကို တင်ပြပေးလိုက်ရပါတယ်။

၁ ။ သင့်ဖုန်းဟာ Up to date ဖြစ်ပြီလား
Android OS သုံး စမတ်ဖုန်းတွေမှာ System ပိုင်းဆိုင်ရာ Update တွေ minor update တွေပေးတတ်ကြပါတယ် ။ အဆိုပါ Updateတွေမှာ
Error များကို Bug fixes ပါဝင်တတ်ပြီးစမတ်ဖုန်းကို ပိုမို မြန်စေနိုင်ပါတယ်။ အဆို ပါ minor နဲ့ System Update များကို internet မှ တိုက်ရိုက်
မြှင့်တင်နိုင်ပြီး မိမိရဲ့ ဖုန်းမှာ Update တွေရှိမရှိဆိုတာကို Settings > About device > Software update မှာ ကြည့်ရှူနိုင်ပါတယ်။
ထို့ အတူ ဖုန်းမှာ ပါဝင်လာတဲ့ Default Application တွေကို လည်း Update မြင့်ပေးသင့်ပါတယ်။

၂ ။ Home screen ကို ရှင်းလင်းအောင်ထားခြင်း
သင့်ရဲ့ စမတ်ဖုန်းကိုပေါ့ပါးစေဖို့ လှပတဲ့ Live Wallpaper တွေအသုံပြုမယ့် အစား ပိုမိုသင့်တော်ကောင်းမွန်တဲ့ Original Wallpaper တွေကို
အသုံးပြုသင့်ပါတယ်။ ထို့အပြင် Screen ပေါ်မှာ မိမိအတွက် အသုံးမလိုတဲ့ icon တွေနဲ့ widgets တွေထားဖြင်းမှရှောင်ရှားသင့်ပါတယ်။
ထိုသို့ပြုလုပ်ခြင်းဟာ ဖုန်းရဲ့ စွမ်းဆောင်ရည်ကို မြင့်တင်ပေးနိုင်ပြီး Performance ကိုလည်း ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။

၃ ။ အသုံးမလိုတဲ့ Application တွေကို Uninstall သို့မဟုတ် Disable ပြုလုပ်ပါ
တချို့သော App တွေဟာ မိမိအတွက် အသုံး မ၀င်သလို မိမိရဲ့စက်ကိုလဲ လေးလံစေပါတယ် ။ အဆို ပါ အချက်တွေကလည်း ဖုန်းရဲ့ စွမ်းဆောင်ရည်
ကိုကျဆင်းစေနိုင်ပါတယ်။ Uninstall သို့မဟုတ် Disable လုပ်ဖို့ Setting > App ကိုသွားပါ ပြီး ရင် All ဆိုတဲ့ Tab မှာမိမိအတွက် အသုံးမ၀င်သော
Application များကို Uninstall ပြုလုပ်ပေးပါ ထို့အပြင် မသုံးသော default app များကို Disable ပြုလုပ်ပေးပါ ။ ထို့နောက် Setting > App
ထဲမှ Running App ထဲတွင် မိမိကမသုံးပေမယ့် နောက်ကွယ်မှာ အလုပ်လုပ်နေသော App များကို ပိတ်ပေးပါ အဆိုပါ အချက်များကြောင့်လည်း
စမတ်ဖုန်းဟာ ပိုမိုလေးလံနိုင်ပါတယ်။

၎ ။ Animations အသုံးပြုမှူကို ပိတ်ထားပါ
သင်ရဲ့စမတ်ဖုန်းကို ပုံမှန်အတိုင်း အသုံးပြုနေရင်တော့ မသိသာပါဘူး တကယ်တမ်းလေ့လာမယ်ဆိုရင်တော့ Page လေးတွေရွေ့သွားတာက ရိုးရိုး
မဟုတ်ပါဘူး လှုပ်ရှားမှုတိုင်းမှာ Animation လေးတွေပါရှိပါတယ်။ အဆိုပါ Animation ကြောင့်လည်း ဖုန်းဟာ ပိုမို လေးလံတတ်ပါတယ်။
Animation တွေကို ပိတ်ချင်ရင်တော့ ဖုန်းမှာ Developer options ဖွင့်ထားမှရမှာပါ ။ Developer options ထဲမှာအောက်ဆုံးကိုသွားလိုက်ပါ
Window animation scale , Transition animation scale ,နဲ့ Animator duration scale တို့ကို အနည်းဆုံးဖြစ်တဲ့ 5x ပမာဏ သို့မဟုတ်
ပိတ်ထားပေးပါ ။ ဒီအချက်တွေဟာ လည်း ဖုန်းကိုလေးလံစေသော အချက်များထဲကတစ်ခု့ဖြစ်ပါတယ်။

၅ ။ Application တွေရဲ့ Data တွေပါတဲ့ cached တွေကိုရှင်းပေးပါ
ဖုန်းတွေမှာ တချို့ app တွေဟာ လိုအပ်တဲ့ data ဖိုင်တွေကို ဖုန်းရဲ့ Storage ထဲမှာ ထားရှိတတ်ပါတယ် ။ ဥပမာ Offline ဖတ်ရှုနိုင်တဲ့ သတင်း
ကဲ့သို့သော Application တွေဟာ လိုအပ်တဲ့ offline ဖတ်ရှုနိုင်တဲ့ Data တွေကို ဖုန်းထဲမှာထားတတ်ကြပါတယ်။ အဆိုပါ App တစ်ခုချင်းဆီမှာ
လည်း Data cached တွေကိုရှင်းနိုင်သလို Setting > Storage ထဲမှာ လည်း Cached ဖိုင်တွေကို ရှင်းလို့ရပါတယ်။

၆ ။ Wipe cache partition ပြုလုပ်ခြင်း
Wipe cache ဆိုတာဖုန်းထဲမှာ သိုလှောင်ထားတဲ့App တွေရဲ့ ယာယီ Data တွေကို ဖျက်ပစ်တာပါ ဒီလိုဖျက်ရာမှာ internal storage ထဲမှာ
ဝင်ရောက်ဖျက်နိုင်သလို မမြင်နိုင်တဲ့ ဖိုင်တွေကိုတော့ ဖုန်းရဲ့ Partition တစ်ခုဖြစ်တဲ့ Recovery မှ ၀င်ရောက်ဖျက်ပေးရမှာ့ဖြစ်ပါတယ်။
မိမိဖုန်းနဲ့သက်ဆိုင်တဲ့ Recovery သို့ဝင်ရောက် နည်းတွေကို Google မှာရှာဖွေနိုင်ပါတယ်။

၇ ။ အခြား ပေါ့ပါးစေမယ့် Third party Launcher ကို အသုံးပြုပေးပါ
စမတ်ဖုန်းတိုင်းမှာ Google မှထုတ်လုပ်တဲ့ Nexus Devices တွေကလွဲလို့ Android OS ပေါ်ကို အခြေခံထားတဲ့ Launcher တွေကို အသုံးပြုကြပါတယ်
အဆို ပါ Launcher တိုင်းဟာ ဖုန်းပေါ်မှာ အခြေပြု လုပ်ဆောင်နေတာဖြစ်လို့ CPU တွေစွမ်းအင်ကို အသုံးပြုလည်ပတ်နေတာဖြစ်ပါတယ်။
အခြား Developer တွေရေးသားထားတဲ့ Third party Launcher တွေဖြစ်တဲ့ Go launcher , Next Launcherတို့ကို
အသုံးပြုခြင်းဖြင့် CPU ရဲ့ စွမ်းဆောင်ရည်တွေကို လျော့ချနိုင်သလို ဖုန်းကိုလည်း ပိုမို သွက်လက်ကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

၈ ။ Factory Reset ချခြင်း
ဒီစကားကိုတော့ တော်တော်များများ ကြားဖူးမှာပါ မိမိရဲ့ ဖုန်း တော်တော်ကိုလေးလံလာပြီဆိုရင် လုပ်တတ်ကြပါတယ် ။
ထိုသို့ ပြုလုပ်ခြင်းဟာလည်း ဖုန်းကို စက်ရုံမှထုတ်သကဲ့ သို့ ပြုလုပ်ပေးတာဖြစ်တာကြောင့် ဖုန်းကိုပိုမို ပေါ့ပါးစေပါတယ်။ ဒါပေမယ့်
Factory reset ပြုလုပ်မယ်ဆိုရင်တော့ Data တွေကို back up ပြုလုပ်သင့်ပါတယ် ။ Factory reset ချချင်တယ်ဆိုရင်တော့
Setting > Backup & reset > Factory reset ဆိုသော ခလုတ်ကိုနှိပ်ပြီးပြုလုပ်ရမှာပါ။

၉ ။ ဖုန်းကို Over Clock ပြုလုပ်ခြင်း
Over Clock ပြုလုပ်ခြင်းဟာလည်း ဖုန်းရဲ့ စွမ်းဆောင်ရည်ကိုမြင့်တင်တာဖြစ်ပြီး Processor တွေကို အမြန်နှုန်းမြှင့်လိုက်ခြင်းဖြစ်ပါတယ်
ထိုသို့ ပြုလုပ်ခြင်းဖြင့် ဖုန်းဟာ ပိုမို မြန်ဆန်လာမှာဖြစ်ပါတယ် ။ ဒါပေမယ့် Over Clock ပြုလုပ် ခြင်းဟာ System ပိုင်းဆိုင်ရာကိုပြုပြင်
တာဖြစ်တာကြောင့် Root Access လိုအပ်မှာဖြစ်သလို အခန့်မသင့်ရင် ဖုန်းကိုပျက်ဆီးစေနိုင်တာကြောင့် သတိထားပြီးပြုလုပ်စေချင်ပါတယ်။

၁၀ ။ Auto – Sync ကို ပိတ်ထားခြင်း
Android Device အသုံးပြုသူများဟာ ဖုန်း နဲ့ Cloud Service တွေကို ချိတ်ဆက်အသုံးပြုကြတာကြောင့် Data တွေကို ဖလှယ်တဲ့ စနစ်ဖြစ်တဲ့
sync ကို အသုံးပြုကြပါတယ် ဒါပေမယ့် အဆိုပါ အလိုအလျောက် ဖလှယ်တဲ့ စနစ့်ဖြစ်တဲ့ Auto – sync ဟာ နောက်မှာ Run နေတတ်ပါတယ်။
ဒီစနစ်ဟာ စမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်နဲ့ Battery ကို အသုံးပြုမှု များတာကြောင့် အားကုန်ခြင်း စက်လေးခြင်းတွေဖြစ်တတ်ပါတယ်။
ဒါကြောင့် မိမိအသုံးပြုလိုသော Data ကို Sync ပြုလုပ်ပြီးလျှင် Auto – sync စနစ်ကိုပိတ်ပေးသင့်ပါတယ်။

၁၁ ။ Custom Rom တင်ခြင်း
ဖုန်းတွေမှာ original ပါဝင်လာတဲ့ Feature တွေဟာနည်းပါးပါတယ် ဥပမာ – Huawei လို ဖုန်းတွေမှာ ဖုန်းရဲ့ လုပ်ဆောင်နိုင်စွမ်းတွေဟာ
နည်းပါးလှပါတယ် ။ ဒါ့ကြောင့် Developer တွေဟာ ဖုန်းတွေနဲ့ ကိုက်မယ့် Rom အမျိုးအစားတွေကို ပြုလုပ် ဖန်တီးကြပါတယ်။
အသစ်ပြုလုပ်ဖန်တီးထားတဲ့ Rom တွေကိုတော့ Custom Roms ဟုခေါ်ပြီးတော့ အဆိုပါ Roms တွေမှာ သာမန် stock rom တွေမှာ မပါရှိတဲ့
Feature တွေ Tweak တွေကိုထည့်သွင်းပေးရုံသာမက ဖုန်းရဲ့ စွမ်းဆောင်ရည်ကိုပိုမို မြင့်တင်ပေးနိုင်ပါတယ်။ ဒါပေမယ့် Error နည်းတဲ့
Roms ကိုရွေးချယ်တင်မှသာ အဆင်ပြေနိုင်မြှာ့ဖစ်ပါတယ်
Ref.MobileMother