Saturday, May 11, 2013

Samsung Galaxy S4 Usb debugging mode ၀င်နည်း

ဒါလေးကတော့ အွန်လိုင်းမှာလည်း တော်တော်လည်း ပျံ့နေပြီ ထင်ပါတယ်နော် ဘာဘဲဖြစ်ဖြစ်တင်ပေးလိုက်ပါတယ် အဆင်ပြေမှာပါနော်
ဟိုတလောက S4 root ဖောက်နည်းလေး တင်ပြီးသွားပြီနော် ဒီတစ်ခါကတော့ ကွန်ပြူတာကနေ ကြိုးနဲ့ထိုးလိုက်ရင် driver သိဖို့အတွက်
Usb debugging လေးကို အမှန်ခြစ်ပေးဖို့ လိုတယ်မဟုတ်လား အခုပြောမှာကတော့ အဲဒီအကြောင်းလေးပါဘဲ ခင်ဗျာ ဒါလေးသိသွားရင် အားလုံးအဆင်ပြေပြီလေ ပုံနဲ့တကွ တင်ပေးလိုက်ပါတယ်နော် 4.2.2 မှာ အားလုံး ဒီလို ပုံစံလေးပါဘဲခင်ဗျာ


1 .ပထမဦးဆုံး ဖုန်းရဲ့ settings ထဲကို ၀င်လိုက်ပါ

2. ပြီးရင် အပေါ်ဆုံး ညာဘက်နားလေးက More ကို ၀င်လိုက်ပါ ပြီးရင် About  device ထဲကို ၀င်လိုက်ပါ... အဲဒီနေရာမှာ တစ်ချက်ကြည့်လိုက်ပါ.. Date & time နဲ့ About device ကြားမှာ ဘာမှ မရှိဘူးနော် ပြီးကျရင် အဲဒီနေရာမှာ တစ်ခုခု ရှိလာပါလိမ့်မယ်

3.  ပြီးရင် Build number  လေးကို ခုနှစ်ချက် တိတိခေါက်လိုက်ပါ.. ကျွန်တော်တုန်းကတော့ ၅ချက်လောက်နဲ့ အဆင်ပြေသွားတယ်ဗျ


4.  ပြီးရင် ဘက်ကီးနဲ့ ပြန်ထွက်လိုက်ပါ... ကဲ Date and time နဲ့ About device ကြားထဲမှာ တစ်ခုခု ထူးခြားသွားပြီနော်.... ကဲ Developer options ထဲကိုဝင်ပြီးတော့ အမှန်လေးသွားခြစ်လိုက်ပါတော့ဗျာ

ဒီလိုလေးပေါ့
5. အဲဒါလေးကို အမှစ်ခြစ်ပြီးရင် အားလုံးလိုအပ်တာလေးတွေ လုပ်လို့ရပြီနော်

No comments:

Post a Comment