Saturday, May 11, 2013

ဖုန်းအမျိုးပေါင်း 1020 ကျော် Android versions 1.5, 2.1, 2.2, 2.3, 3.1, 3.2, 4.0, 4.1, 4.2 ထိ Root လုပ်နိုင်တဲ့ Root Tool အသစ် SRSRoot New FREE Root tool Version 4.5


 
Android ဖုန်းတွေကို နည်းလမ်းပေါင်းစုံနဲ့ Root လုပ်ကြပါတယ်။ Tool တွေကလဲတော်တော်စုံပါတယ်။ တစ်ချက်နှိပ်ရုံနဲ့ Root လုပ်ပေးနိုင်တဲ့ UnlockRoot, SuperOneClick Root, OneClickRoot, S-Tool, M-Tool, ZhuoDaShi ------ စသည်ဖြင့်ရှိကြပါတယ်။ သူ့ဟာနဲ့သူလဲအဆင်ပြေကြပါတယ်။ တချို့ဖုန်းတွေကြတော့လည်း တစ်ချက်နှိပ်ရုံနဲ့ Root လုပ်လို့မရပါဘူး။ ဒါကြောင့် Flash လုပ်ကြ၊ CWM သွင်းကြလုပ်ကြရပါတယ်။ အလုပ်ရှုပ်တဲ့အပြင် အဆင်မသင့်ရင် Firmware တောင်ကျသွားတယ်။ တချို့ဆိုရင် BootLoader Unlock Code တောင်းရပါသေးတယ်။ ဒီတော့တစ်ချက်နှိပ်ရုံနဲ့ Root လုပ်လို့ရတဲ့ Tool လေးတွေကလူသုံးများပြီးပိုစိတ်ချရပါတယ်။ UnlockRoot ဆိုတော်တော်လေး ကောင်းပြီးအသုံးများကြပါတယ်။ ခုလည်း Root Tool လေးတစ်ခုတွေ့ပြန်ပါပြီ။ SRSRoot version 4.5 ပါ။ ထွက်တာ (၄)လပိုင်းလောက်ကတည်းကပါ..  (7.3 MB) ရှိပါတယ်။ Root နည်းကလဲထုံးစံအတိုင်း၊ Phone မှာ Unknown Source နဲ့ USB Debug လုပ်၊ ဖုန်းကိုကွန်ပျူတာမှာတပ်၊ Driver သိအောင်လုပ်၊ SRSRoot ကို RUN, Root Device နှိပ်။ ဒါပါပဲ။ သူလေးကလည်း 23 February 2013 နေ့ထိ ဖုန်းအမျိုးမျိုး 1020 (Android version)ကျော်ကို Root လုပ်အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်.. စာရင်းကို ဒီမှာရေးရရင်တော့ စာမျက်နှာက အရှည်ကြီးဖြစ်နေမှာ.. ဒါကြောင့် အောက်ကလင့်မှာ သွားကြည့်စေလိုပါတယ်...

SRS-Root is an easy to use solution for rooting your android device, the software contains multiple exploits to gain root access on your device.
SRSRoot Supports Android versions 1.5, 2.1, 2.2, 2.3, 3.1, 3.2, 4.0, 4.1, 4.2
We can Root latest models like Samsung Galaxy S2 / S3, Note / Note2 etc
We have an Option to remove root from your device by one-click.
Powered by SRS Server *Safe Rooting without flashing your device*





Download : 7.25 MB

Samsung Galaxy S4 Usb debugging mode ၀င်နည်း

ဒါလေးကတော့ အွန်လိုင်းမှာလည်း တော်တော်လည်း ပျံ့နေပြီ ထင်ပါတယ်နော် ဘာဘဲဖြစ်ဖြစ်တင်ပေးလိုက်ပါတယ် အဆင်ပြေမှာပါနော်
ဟိုတလောက S4 root ဖောက်နည်းလေး တင်ပြီးသွားပြီနော် ဒီတစ်ခါကတော့ ကွန်ပြူတာကနေ ကြိုးနဲ့ထိုးလိုက်ရင် driver သိဖို့အတွက်
Usb debugging လေးကို အမှန်ခြစ်ပေးဖို့ လိုတယ်မဟုတ်လား အခုပြောမှာကတော့ အဲဒီအကြောင်းလေးပါဘဲ ခင်ဗျာ ဒါလေးသိသွားရင် အားလုံးအဆင်ပြေပြီလေ ပုံနဲ့တကွ တင်ပေးလိုက်ပါတယ်နော် 4.2.2 မှာ အားလုံး ဒီလို ပုံစံလေးပါဘဲခင်ဗျာ


1 .ပထမဦးဆုံး ဖုန်းရဲ့ settings ထဲကို ၀င်လိုက်ပါ

2. ပြီးရင် အပေါ်ဆုံး ညာဘက်နားလေးက More ကို ၀င်လိုက်ပါ ပြီးရင် About  device ထဲကို ၀င်လိုက်ပါ... အဲဒီနေရာမှာ တစ်ချက်ကြည့်လိုက်ပါ.. Date & time နဲ့ About device ကြားမှာ ဘာမှ မရှိဘူးနော် ပြီးကျရင် အဲဒီနေရာမှာ တစ်ခုခု ရှိလာပါလိမ့်မယ်

3.  ပြီးရင် Build number  လေးကို ခုနှစ်ချက် တိတိခေါက်လိုက်ပါ.. ကျွန်တော်တုန်းကတော့ ၅ချက်လောက်နဲ့ အဆင်ပြေသွားတယ်ဗျ


4.  ပြီးရင် ဘက်ကီးနဲ့ ပြန်ထွက်လိုက်ပါ... ကဲ Date and time နဲ့ About device ကြားထဲမှာ တစ်ခုခု ထူးခြားသွားပြီနော်.... ကဲ Developer options ထဲကိုဝင်ပြီးတော့ အမှန်လေးသွားခြစ်လိုက်ပါတော့ဗျာ

ဒီလိုလေးပေါ့
5. အဲဒါလေးကို အမှစ်ခြစ်ပြီးရင် အားလုံးလိုအပ်တာလေးတွေ လုပ်လို့ရပြီနော်

Tuesday, May 7, 2013

Mydroid Tool V1.2 For Android ( 80 MB )

ဘက်စုံအသုံးဝင်တဲ့ Android Tools လေးဖြစ်ပါတယ်...ဘာတွေ ဘယ်လို ကောင်းသလဲ ကြည့်လိုက်ကြရအောင်ဗျာ..



Screenshot - 5_7_2013 , 11_12_55 AM

Featured တွေကိုပြောပြပေးပါမယ်။

Screenshot - 5_7_2013 , 11_13_38 AM
Featured MM Font + Frozen Keyboard

Screenshot - 5_7_2013 , 11_34_54 AM


Screenshot - 5_7_2013 , 11_35_07 AM

Screenshot - 5_7_2013 , 11_35_18 AM
မြန်မာစာ နဲ့ လက်ကွက် ထည့်သွင်းခြင်းလမ်းညွန်
၁။ မြန်မာစာနဲ့လက်ကွက်ထည့်သွင်းရဲ့သင့်ရဲ့ဖုန်းဟာ Root Access ရှိရပါမယ်။
၂။ USB Degugging နဲ့ UnKnown Sources ကို On ထားပါ။
၃။ မိမိရဲ့ ဖုန်းဟာ Computer နဲ့ Detect သိတဲ့အနေအထား ADB Driver သိရပါမယ်။
၎။ အထက်ပါ ပြီးပြည့်စုံလျှင် One Click အနေနဲ့အမြန်ဆုံး မြန်မာစာ နဲ့ မြန်မာလက်ကွက်ကိုထည့်သွင်းနိုင်ပါပြီ။
သတိပေးချက်။        ။    ၁။        2.3 ကနေ 4.0.4 အထိ MM Font + Frozen Keyboard ကိုရွေးချယ်တာအကောင်းဆုံးလို့အကြံပြုလိုပါတယ်။
ဒါပေမဲ့ တစ်ခြားဟာတွေရွေးချယ်ရင်လဲ Error လုံးဝမရှိကြောင်းအာမခံပါတယ်။
၂။        4.1(Jelly Bean) တွေကိုတော့ MM Font + FrozenKeyboard Pro ရွေးချယ်ပေးတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။
၃။        အရေးအကြီးဆုံးသတိထားရမှာကတော့ မိမိဖုန်းဟာ မြန်မာစာထည့်သွင်းပြီးသားဖြစ်နေရင်အသုံးမပြုပါနဲ့။

Service အကြောင်းလမ်းညွန်
Screenshot - 5_7_2013 , 11_13_24 AM
Screenshot - 5_7_2013 , 11_39_46 AM
Pattern & Password Delete
၁။ မိမိ ရဲ့ဖုန်းဟာ Root Access နဲ့ USB Debugging ကို On ထားရပါမယ်။
၂။ Pattern & Password ဖျက်ရင်သူတွေက Pattern & Password Delete ကိုနှိပ်လိုက်ပါ။
၃။ Start ကိုနှိပ်လိုက်ပါ။
၎။ Computer နဲ့မသိဘူးဆိုလျှင် Error ပြပါလိမ့်မယ်။
၅။ Root မရှိလျှင် Error ပြပါလိမ့်မယ်။
၆။ Error မပြပဲ Progress Bar 100% ပြည့်သွားရင် သင့်ရဲ့ဖုန်းရဲ့ Pattern ဖြစ်ဖြစ် Password ဖြစ်ဖြစ်အဆင်ပြေသွားပါပြီ။


Screenshot - 5_7_2013 , 11_40_08 AM
Factory Reset
၁။ မိမိ ရဲ့ဖုန်းဟာ Root Access နဲ့ USB Debugging ကို On ထားရပါမယ်။
၂။ Factory Reset (DATA များ အကုန်ပျက်ပါလိမ့်မယ် SD Card ထဲက DATA များမပါပါဘူးဖြစ်နိုင်ရင် BACk Up လုပ်ထားပါ။)
၃။ Start ကိုနှိပ်လိုက်ပါ။
၎။ Computer နဲ့မသိဘူးဆိုလျှင် Error ပြပါလိမ့်မယ်။
၅။ Root မရှိလျှင် Error ပြပါလိမ့်မယ်။
၆။ Error မပြပဲ Progress Bar 100% ပြည့်သွားရင် သင့်ရဲ့ဖုန်းရဲ့ Fully Wipe Data အသစ်အတိုင်းဖြစ်သွားပါလိမ့်မယ်။

Screenshot - 5_7_2013 , 11_40_46 AM
Recovery Mode
၁။ မိမိ ရဲ့ဖုန်းဟာ USB Debugging ကို On ထားရပါမယ်။
၂။ Recovery Mode ကိုနှိပ်လိုက်ပါ။
၃။ Start ကိုနှိပ်လိုက်ပါ။
၎။ Computer နဲ့မသိဘူးဆိုလျှင် Error ပြပါလိမ့်မယ်။
၅။ Error မပြပဲ Complete စာတန်းပေါ်လိုက်ရင်တော့ ခဏစောင့်လိုက်ပါ။ Recovery Mode ကိုရောက်သွားပါလိမ့်မယ်။
Screenshot - 5_7_2013 , 11_40_22 AM
Fastboot Mode
၁။ မိမိ ရဲ့ဖုန်းဟာ USB Debugging ကို On ထားရပါမယ်။
၂။ Fastboot Mode ကိုနှိပ်လိုက်ပါ။
၃။ Start ကိုနှိပ်လိုက်ပါ။
၎။ Computer နဲ့မသိဘူးဆိုလျှင် Error ပြပါလိမ့်မယ်။
၅။ Error မပြပဲ Complete စာတန်းပေါ်လိုက်ရင်တော့ ခဏစောင့်လိုက်ပါ။ Fastboot  Mode ကိုရောက်သွားပါလိမ့်မယ်။

Screenshot - 5_7_2013 , 11_40_33 AM
Download Mode (For Samsung)
၁။ မိမိ ရဲ့ဖုန်းဟာ USB Debugging ကို On ထားရပါမယ်။
၂။ Download Mode ကိုနှိပ်လိုက်ပါ။
၃။ Start ကိုနှိပ်လိုက်ပါ။
၎။ Computer နဲ့မသိဘူးဆိုလျှင် Error ပြပါလိမ့်မယ်။
၅။ Error မပြပဲ Complete စာတန်းပေါ်လိုက်ရင်တော့ ခဏစောင့်လိုက်ပါ။ Download  Mode ကိုရောက်သွားပါလိမ့်မယ်။

Screenshot - 5_7_2013 , 11_13_11 AM


Google Apps များသွင်းခြင်းလမ်းညွန်း။

Screenshot - 5_7_2013 , 11_48_31 AM


Screenshot - 5_7_2013 , 11_48_41 AM


Screenshot - 5_7_2013 , 11_48_54 AM
2.3 Gapps Installer
၁။ မိမိ ရဲ့ဖုန်းဟာ Root Access နဲ့ USB Debugging ကို On ထားရပါမယ်။
၂။ 2.3 Gapps Installer ကိုနှိပ်လိုက်ပါ။
၃။ Start ကိုနှိပ်လိုက်ပါ။
၎။ Computer နဲ့မသိဘူးဆိုလျှင် Error ပြပါလိမ့်မယ်။
၅။ Root မရှိလျှင် Error ပြပါလိမ့်မယ်။
၆။ Error မပြပဲ Progress Bar 100% ပြည့်သွားရင် သင့်ရဲ့ဖုန်းရဲ့ Pattern ဖြစ်ဖြစ် Password ဖြစ်ဖြစ်အဆင်ပြေသွားပါပြီ။
သတိပေးချက်။       ။
၁။ မိမိဖုန်းရဲ့ Version ကိုကြည့်ပြီးသွင်းပါရန် မှားယွင်းသွင်းမိရင် Firmwae ပျက်တက်ပါတယ်။
၂။ Google Service တော်တော်များများကိုသွင်းပေးခြင်းဖြစ်ပါတယ်။ဒီတော့ မပါရှိသေးတဲ့ Google Apk များကို ဆက်လက်သွင်းနိုင်ပါတယ်။
ဒီ Tool ကနေသွင်းပြီးတာနဲ့နောက်ပိုင်း Google Application များကိုဆက်လက်အလုပ်လုပ်ဆောင်ပါလိမ့်မယ်။
၃။ ဖုန်းများအတွက် GTalk, Gmail,Play Store များကို အဓိကသွင်းပေးထားပါတယ်။

Download=> Link 1 / Link 2
Credit To=>http://www.myanmarmobilesoftwaredeveloper.com

Android ဖုန်းများကို Online ပေါ်ကတဆင့် Root လုပ်ခြင်း


 http://www.bugtreat.com/blog/wp-content/uploads/2012/06/Root-your-Android-Phone.jpg
 

  Android ဖုန်းတွေကို Online ပေါ်ကနေတဆင့် Root လုပ်လို့ရတဲ့ နေရာလေးပါ.... ကိုယ်တိုင်တော့ စမ်းမကြည့်ရသေးပါဘူး.... စမ်းသပ်လိုတဲ့ သူငယ်ချင်းများ စမ်းသပ်လို့ရအောင် တဆင့် ပြန်လည် မျှဝေပေးလိုက်ပါတယ်....

၁။အောက်ကလင့်ခ် ကိုအရင်ဝင်ပါ။

Google Play-All about Root

၂။မိမိရဲ့ Google Account နဲ Sign in လုပ်ပါ။

၃။မိမိဖုန်းကို USB Cable ကနေ Computer  ဖြင့်ချိတ်ဆက်ပါ။

ဖုန်းကို Download Mode ၀င်ထားပါ။

၎။All about Root မှ Instrall ကိုနှိပ်ပါ။

၅။Root လုပ်မှာလားမေးလာရင် Containue ကိုနှိပ်ပါ။

၆။ပြီးရင် Root Access ပေါ်လာပါမယ်။

၇။ဖုန်းကို Reboot လုပ်ခိုင်းင် Reboot လုပ်လိုက်ပါ။

ဒါဆို OK ပါပြီ။

How To Speed Up Your Galaxy S3 In Two Minutes


How To Speed Up Your Galaxy S3 In Two Minutes

စာဖတ်သူက Samsung Galaxy S3 ကိုင်နေတဲ့ သူထဲက တစ်ယောက်ဆိုရင် ကိုယ့်လက်ထဲမှာ S3 ရှိတာ 

နည်းနည်းကြာ ရောပေါ့။ ကဲ Tweak လေးတစ်ခုနဲ့ S3 ကိုနည်းနည်း ပိုမြန်အောင် လုပ်ကြ ရအောင်။

Android နည်းပညာက တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်လာလေ HTC One နောက်ပြီး S3 နေရာကို 

ဝင်ယူသွားပြီ ဖြစ်တဲ့ S4 တို့နဲ့ ယှဉ်လိုက်တဲ့ အခါကျတော့ S3 ကိုင်တဲ့သူ တစ်ယောက် အတွက် 

နည်းနည်းများ နှေးနေ မလားလို့ ခံစားကောင်း ခံစားရပါမယ်။ အထူးသဖြင့် ကိုယ့်သူငယ်ချင်း တွေထဲမှာ

 နောက်ဆုံး ထွက်တာနဲ့ ပစ္စည်းကောင်းကောင်း ကိုပဲ ရွေးကိုင်တဲ့ သူတွေဆီက အသစ်ထွက်တဲ့ ဖုန်းတွေကို 

ကိုင်ပြီး ကိုယ့် S3 နဲ့ယှဉ်ရင် နှေးတယ်၊ တစ်ချို့နေရာ တွေမှာ မြန်သင့် သလောက် မမြန်၊

 ချောသင့်သလောက် မချောဘူး ဖြစ်နေတယ်လို့ ရံဖန်ရံခါ ခံစားရပါတယ်။ အဲ့ဒီအတွက် S3 ကို 

နည်းနည်းလေး ကြိုးစားပြီး Speed တင်ဖို့ နည်းလေး တစ်ခု တွေ့ထားပါတယ်။


ယေဘူယျ အားဖြင့် ပြောရရင် Galaxy S III ကတော်တော် ပါးနပ်တဲ့ ဖုန်းတစ်လုံး ဖြစ်ပြီး Android Jelly 


Bean ကိုအသုံးပြု ထားခြင်းဖြင့် လိုအပ်ချက် တော်တော် များများကို ကောင်းမွန်စွာ ပြုလုပ်နိုင် ပါတယ်။ 

Google ကအသုံးပြုသူ တွေရဲ့ စကားကို နားထောင်ပြီး ချောမွေ့မှု အတွက် အထူးတလည် အရေးပေး 

ပြုလုပ်ထားတဲ့ Software Upgrade ဖြစ်တဲ့ Project Butter ကို Jelly Bean သုံး S3 ကကောင်းကောင်း 

အသုံးချ ထားပေးတာပါ။ ဒါတွေ ပြောပြီးတဲ့နောက် တစ်ခါတစ်လေ ကျပြန်တော့ တစ်ချို့ နေရာတွေမှာ S3 

ကခဏတဖြုတ် Frame က Freeze ဖြစ်တာတို့ Message တွေကြား ဟိုကူးဒီကူး လုပ်ရင် နည်းနည်း

 လေးသွားတယ်လို့ ဖြစ်တာမျိုး တွေရှိပါတယ်။ ဒါပေမဲ့ Setting ကိုနည်းနည်းလေး ပြောင်းပြီး သင့်တင့်သလို 

ချိန်ပေးမယ် ဆိုရင် သင့်ရဲ့ S3 ကအရင်လိုမျိုး ၀ယ်ပြီးကာစ ချောမွေ့နေ သလို ပြန်ဖြစ် လာပါ လိမ့်မယ်။

သတိပြု စေချင်တာက အခုကျွန်တော့် ဆီမှာ စမ်းသပ်ပြီး ပြောင်းတဲ့အခါ ပို Smooth ဖြစ်တာ သိသာ 


သွားပေမယ့် S3 တိုင်းမှာ ကျွန်တော့်လို ဖြစ်မယ်လို့ အာမ မခံနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် စမ်းသပ်ပြီး Speed 

နည်းနည်း ပိုမြန် တယ်ဆိုလည်း အမြတ်ပဲပေါ့။ ကဲအောက်မှာ ဘယ်လိုလဲ ဆိုတာ ကြည့်လိုက်ရအောင်။ 

အဆင့်တွေက လွယ်လွယ်လေး တွေပါ။ အောက်က အဆင့်တွေ တစ်ပုံစံတည်း လိုက်လုပ်ရင် ကျွန်တော်လို့ပဲ 

နည်းနည်းပိုပြီး Smooth ဖြစ်တဲ့ S3 ကိုအသုံးပြု နိုင်ပါလိမ့်မယ်။


ပထမဆုံး အဆင့်မှာ ဖုန်းရဲ့ Setting Menu (System Setting) ကိုသွားရပါမယ်။

Setting Menu ကိုရောက်တဲ့ အောက်ဆုံးထိ ဆွဲချပြီး Developer Options ပေါ်တစ်ချက် နှိပ်ပါ။

Developer Options ထဲမှာ Windows Animation Scale နဲ့ Transition Animation Scale တို့ရဲ့ 


တန်ဖိုးကို 1px ကနေ 0.5px ကိုပြောင်းပေး လိုက်ပါ။

ဒါပါပဲ။ ပြီးရင် ဖုန်းမှာ နည်းနည်း ကလိကြည့်ပါ။ ပိုမြန်လာတာ တွေ့ရ ပါလိမ့်မယ်။ ဖုန်းကျွမ်းကျင် 


သူတွေအနေနဲ့ ဒါက Phone ကိုတကယ်ကြီး Hardware accelerate လုပ်ပြီး Speed မြန်အောင် 

လုပ်ပေးတာ မဟုတ်ဘူး ဆိုတာ ပြောစရာ မလိုဘဲ သိပြီးသား ဖြစ်မှာပါ။ iOS တွေမှာ အသုံးပြုတဲ့ Speed 

Intensifier လိုမျိုး Animation တွေကြား တစ်ခုနဲ့ တစ်ခု အကူးအပြောင်းကို Speed လျှော့ပေးတာပါ။ ကဲ 

S3 ပိုင်ရှင်များ စမ်းသပ်ပြီး ကျွန်တော်တို့ကို Result လေးတွေ ပြောပါဦး :D

From: MMYC Myanmar Youth Center

ကွန်ပြုတာအတွက် Android ဆော့ဝဲ မလိုသော Viber လာပါပြီ

ဒီနည်းလေးနဲ့ ဆော့ဝဲ လေးကိုတော့ မသိသေးတဲ့ ညီအကို သူငယ်ချင်းများ

ကိုရည်ရွယ်ပါတယ် သိပြီးသားဘော်ဘော်တွေကိုတော့ မပြောဘူးနော်..ဟိဟိ

စာနဲ့ရေးရင် နားမလည်မှာ စိုးရိမ်လို့ ပုံ နှင့်တကွ စာကိုလဲ တခါတည်း ပူးတွဲရေးထည့်လိုက်ပါတယ်

ဒါလေးကတော့ ကွန်ပြူတာကနေ  ဖုန်းဆီကို Viber ခြင်း တိုက်ရိုက်ခေါ်လို့ရမယ့် နည်းလေးပါ

ဟိုအရင်ကတော့ Computer မှာ Viber ခေါ်လို့ ရပါတယ် ဒါပေမယ့် မိမိ စက်ထဲမှာ

Bluestacks ကို အရင်သွင်းပြီးမှာ Android app တွေ နဲ့ Viber တို့ ဘာညာသာရကာ

အမျိုးစုံအောင် သွင်းလို့ရပါတယ်

ဒီမှာတော့ Bluestacks မလိုတော့ပါဘူး Viber ကနေပြီးတော့ ကွန်ပြုတာအတွက် 

ထုတ်လိုက်ပါပြီ နဲနဲတော့ ကောင်းသွားတာပေါ့ bluestacks သုံးစရာမလိုတော့ဘူးပေါ့နော်

မိမိမှာတော့ Andriod ဖုန်း IOS ဖုန်း Blackberry ဖုန်း Window ဖုန်း တခုခု့ ရှိဖို့တော့လိုတယ်နော်

နောက်တခု့က viber ကို မိမိဖုန်းမှာ install လုပ်ပြီးသားဖြစ်ရမယ်နော်

ဒါမှ လွယ်မှာ ဟိဟိ အောက်မှာ ကျနော်ပုံလေးတွေပြထားတယ်ဗျာ ကြည့်သွားလိုက်ပါနော်


 အောက်က ပုံကတော့ ဒေါင်းရမယ့်လင့်ကို ယူရမှာပါ လေးထောင့်ကွက်ကို နှိပ်ပြီးဆက်သွားလိုက်ပါ

 ဒီမှာ မိမိ အသုံးပြုတဲ့ system ပေါ် မူတည်ပြီးဒေါင်းပါ


 ဆက်သွားပါ
ဒေါင်းလို့ပြီးသွားပြီဆိုရင် double click ပေးပြီး install လုပ်သွားလိုက်ပါ
ပုံမှာ ပြထားတဲ့ အတိုင်း ဆက်သွားလိုက်ပါ

ခဏ လေး ဒီမှာ ခဏ စောင့်ပေးပါ

ပြီးသွားရင် Desktop မှာ shotcut လေးပေါ်လာလိမ့်မယ်နော်

ဒီမှာမေးပါပြီ ဖုန်းမှာ Viber ရှိလားတဲ့ ရှိတယ်ဆိုရင် yes ပေါ့ 

ဖုန်းနံပါတ်ထည့်ပေးပါ ဒီဟာထည့်တာတော့ သိကြမှာပါနော်
ဖုန်းနံပါတ်ပေးလိုက်တာနဲ့ Activation ကုတ် ကို မိမိ ဖုန်း ရဲ့ Viber message မှာ

လာပို့ပေးမှာပါ Code လေး ကို အောက်က ကွက်လပ်ထဲမှာ ထည့်ပေးလိုက်ပါ

ပြီးတော့ Enter Viber ကိုနှိပ်လိုက်ပေါ့နော်

Activate ဖြစ်တာနဲ့ ဒီအတိုင်း တန်းပေါ်လာမှာပါ

ဒါကတော့ ကျနော့် အကိုကြီးကို စမ်းခေါ်ထားတာပါ..ဟီဟီ


အဲတခု့မေ့တော့မလို့ တကယ်လို့ မိမိဖုန်းမှာ viber ကို install မလုပ်ရသေးဘူး ဆိုရင်တော့

အောက်က ပုံလေးအတိုင်း မိမိ မှာရှိတဲ့ ဖုန်း နဲ့ Viber ကို install လုပ်ခိုင်းပြီးတော့ 

Activation Code ချပေးပါလိမ့်မယ် ခင်ဗျာ



မိမိ မှာတော့ သူပြထားတဲ့ OS သုံးတဲ့ ဖုန်း တလုံလုံး ရှိရမယ်နော် ..ဟဲ...ဟဲ..ဟဲ

မြန်မာ လိုတော့မရသေးပါဘူးခင်ဗျာ
Credit to ကိုလတ်

Hack ခံလိုက်ရသည့် သင့်၏ Facebook Account အား ဘယ်လိုပြန်ယူမလဲ

 
 
Hack ခံလိုက်ရသည့် သင့်၏ Facebook Account အား ဘယ်လိုပြန်ယူမလဲ

အားလုံး သိကြတဲ့အတိုင်း Facebook ဆိုတဲ့ လူမှုရေးကွန်ယက်ကြီးကို ၁ ဘီလီယံကျော်သော လူအများက စွဲလန်းခုံမင်စွာ သုံးစွဲနေကြပါတယ်။ အသုံးလိုလို့ သုံးစွဲတာထက် စွဲလန်းမှုဖြင့် သုံးစွဲတာက ပိုများလာနေပါတယ်။ ဖုန်း ၊ တက်ဘလက် ၊ ကွန်ပြူတာ ၊ လက်တော့ပ် စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေအားလုံးနဲ့ နေရာတကာမှာ မျက်စိနောက်လောက်အောင် Facebook မှ Facebook ပါပဲ။

ကဲဒီလောက်တောင် စွဲလန်းနေရတဲ့ သင့်ရဲ့ Facebook ဟာ ဘယ်လောက်တောင်မှ လုံခြုံပါသလဲ။ သင့်အနေနဲ့ ကံအကြောင်းမလှလို့ hack ခံလိုက်ရပြီဆိုရင် ဘယ်လိုများ လုပ်ကြမလဲ။ ရုပ်ပိုင်းဆိုင်ရာ မထိခိုက်ပေမယ့် စိတ်ပိုင်းဆိုင်ရာတော့ အတော်လေး ထိခိုက်ရမှာ သေချာပါတယ်။ အထူးသဖြင့် Facebook ဆိုတဲ့ "ဆေး" စွဲနေသူများက ပိုခံရပါလိမ့်မယ်။

Facebook ကို hack အလုပ်ခံရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အဓိက အကြောင်းရင်းကတော့ ပေါ့ဆမှုကြောင့်ပဲ ဖြစ်ပါတယ်။

ဘယ်နည်းနဲ့ဖြစ်ဖြစ် အကယ်၍သာ သင့်ရဲ့ Facebook ကို hack လုပ်ခံလိုက်ရပြီ ဆိုရင်တော့ အောက်ပါနည်းလမ်းများကို အသုံးပြုပြီး ပြန်လည်ရယူဖို့ ကြိုးစားဆောင်ရွက် ကြည့်နိုင်ပါတယ်။

နည်းလမ်း ၁ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မှတ်မိလျှင်)

အဆင့် ၁ - www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - "My Account is Compromised" အား နှိပ်ပါ။
အဆင့် ၃ - မိမိ account နှင့် သက်ဆိုင်သည့် အီးမေးလ် (သို့) ဖုန်းနံပါတ် (သို့) Facebook သုံး မိမိအမည် (သို့) မိမိ၏ အမည်အပြည့်အစုံအား ထည့်သွင်းပြီး Search လုပ်ပါ။
အဆင့် ၄ - ရှာတွေ့သည်ဆိုလျှင် မိမိ၏ ရှိရင်းစွဲ password အား ထည့်သွင်းပါ။
အဆင့် ၅ - မှန်ကန်သည်ဆိုလျှင် Facebook မှ သင်၏ account အား လုံခြုံရေးဆောင်ရွက်ရန် ပြောကြားပါလိမ့်မယ်။ Continue နှိပ်ပါ။
အဆင့် ၆ - Password အသစ်အား ၂ ခါပြန် ရိုက်ထည့်ပါ။
သင်၏ hack လုပ်ခံထားရသည့် account ထဲ ပြန်ဝင်လို့ ရပါပြီ။
မှတ်ချက် - ဖုန်းတွင် SMS ရယူခြင်းဖြင့် လုံခြုံရေး ၂ ထပ် ပြုလုပ်ထားပါက မိမိ၏ account ပါ ဖုန်းအား လက်ဝယ်ရှိနေရန် လိုအပ်ပါမည်။


နည်းလမ်း ၂ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မမှတ်မိလျှင်)

အဆင့် ၁ - www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - "My Account is Compromised" အား နှိပ်ပါ။
အဆင့် ၃ - စာမျက်နှာ ဘယ်ဖက်အောက်ထောင့်ရှိ "I can't identify my account" အား နှိပ်ပါ။
အဆင့် ၄ - Facebook မှ မေးမြန်းသည့် သင်နှင့် သက်ဆိုင်သည့် မေးခွန်းများအား ဖြေပါ။
အဆင့် ၅ - Submit လုပ်ပါ။

မကြာမီတွင် Facebook မှ သင့်အား ဆက်သွယ်လာမည်ဖြစ်ပြီး သင်၏ account အား ပြန်လည်ရယူနိုင်ရန် ကူညီပါလိမ့်မည်။

ဤကဲ့သို့ ရှုပ်ထွေးပြီး စိတ်ညစ်ဖွယ်ရာ ဖြစ်ရပ်များအား မကြုံတွေ့လိုလျှင် မိမိ၏ account လုံခြုံရေးအတွက် မပေါ့ဆပဲ သတိထားပြီး နေထိုင်သင့်ပါသည်။

မိမိ account လုံခြုံရေးအတွက် ဆောင်ရွက်နိုင်သည့် အချက်များ -

- အလွယ်တကူ မသိရှိနိုင်မည့် password များထားပါ။
- အလျဉ်းသင့်သလို ပြောင်းလဲပါ။
- လုံခြုံရေး မေးခွန်းများ ထားရှိပါ။
- ဖုန်း SMS သုံး လုံခြုံရေး ၂ ထပ် ထားရှိပါ။
- မလုံခြုံသည့် ကြုံကြိုက်ရာ WiFi သုံးခြင်း ရှောင်ကြဉ်ပါ။
- မိမိ Facebook နှင့် Email အား အချိန်ပြည့် ဖွင့်ထားခြင်း ရှောင်ကြဉ်ပါ။
- Facebook တွင် မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်များ ဖော်ပြထားခြင်း ရှောင်ကြဉ်ပါ။

Galaxy S4 Device Info LWP v 1.08 for android

Galaxy S4 Device Info livewallpaper လေးဖြစ်ပါတယ် …… အရင် ထွက်ထားတဲ့ device info livewallpaper နဲ့ က form သာတူပါလိမ့်မယ် …..quality , features တွေကတော့ ကွဲပြာသွားပါတယ် …ဒီ livewallpaper လေးက  မိမိဖုန်းရဲ့ imformation တွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးထားမှာဖြစ်ပါတယ် ..မိမိဖုန်းထဲမှာရှိနေတဲ့
အချိန်၊နာရီ၊နေ့ရက်  Date/Time(Digital clock)
စီပီယူအသုံးပြုမှု   CPU Usage
ဖုန်းဘက်ထရီကျန်ရှိမှု၊အပူချိန်၊ဗို့အား         Battery remain/temperature/voltage
ရမ်းအသုံးပြုမှု       RAM Usage
ဖုန်းအတွင်းမမ်မိုရီအသုံးပြုမှု        Internal Memory Usage
အပြင်ထပ်စိုက်ထားတဲ့ SD ကဒ် မမ်မိုရီ အသုံးပြုမှု          External Memory Usage(SD-Card)
ဖုန်းအနေအထား စောင်းရင်စောင်းသလိုဖော်ပြပေးမယ့်အရာ      Tilt
သံလိုက်အိမ်မြှောင်  Compass
စီပီယူ အမျိုးအစား  CPU spec
ဖုန်း ရဲ့ device အချက်အလက်  Device basic information
ဖုန်းတည်ဆောင်မှု အချက်အလက်(ဥပမာ Linux) Platform information
စသဖြင့် တိတိကျကျဖော်ပြပေးထားမှာဖြစ်သလို   မိမိရေးချင်တဲ့ စာသားများကိုလည်း ရေးသားနိုင်ခြင်းဖြင့် ဖုန်းရဲ့ Info မှာတွေ့မြင်နိုင်ပါတယ် … ဒီဆော့ဝဲလ်လေးကို
 အောက်က link မှာ ရယူနိုင်ပါတယ် ..

Ornagai dictionary v 2.1.3 for android

 

Ornagai Developer- comquas
Android ဖုန်း/Tablet တွေအတွက် ၂၀၁၃မေလ 2 ရက်နေ့ comquas ကနေအသစ်ထွက်ရှိ လာတဲ့  Ornagai dictionary v 2.1.3  ကိုတင်ပေးလိုက်ပါတယ်။ ဒီ dictionary လေးက  အင်္ဂလိပ်- မြန်မာ ၊ မြန်မာ- အင်္ဂလိပ် နှစ်မျိုးလုံးအသုံးပြုနိုင်မှာဖြစ်တဲ့ အတွက် အင်္ဂလိပ်စာ ဝေါဟာရ ကြွယ်ဝချင်သူတွေ ၊ အင်္ဂလိပ်စာအားနည်းလို့ လေ့လာချင်သူတွေ အတွက် လက်တစ်ကမ်းမှာ ဆောင်ထားသင့်တဲ့ အဘိဓာန်လေးဆိုရင် မှားမယ်မထင်ပါဘူး ..မိမိဖုန်းတွင် Root Access မလိုပဲ  myanmar keyboard ရှိရုံဖြင့် လွယ်ကူစွာပင် ရိုက်ကူးရှာနိုင်ပြီး  ကြည့်ရှုနိုင်မည်ဖြစ်ပါတယ် ..phonetic အားနည်းတဲ့သူတွေ အတွက်ပါ word တွေရဲ့ အသံထွက်တွေကို နားထောင်နိုင်ဖို့ ထည့်ပေးထားပါတယ်။ Ornagai dictionary v 2.1.3 for android ကိုအောက်က link မှာ ရယူနိုင်ပါတယ်။

Samsung Galaxy Family Sim Unlock Tool ( Samsung ဖုန်းများကို SIM Unlock လုပ်ရန်အတွက် Android Application ဖြစ်ပါတယ် )


Samsung Galaxy Family Smartphone and Tablet (S,S2,S3,Tab,Tab2,Note,Note2 and Variants) တွေကို Sim Unlock tool လေးကို မျှဝေပေးလိုက်ပါတယ်။ Unlock Sim လုပ်မယ့် ကိုယ့်ရဲ့ Device ကို root လုပ်ထားရမှာဖြစ်ပါတယ်။ ပါဝင်တဲ့ Function တွေကတော့ Sim ကို unlock လုပ်နိုင်မယ် Backup and Restore လုပ်နိုင်မယ် Oneclick လုပ်ပေးရုံပါ.. ကဲ...တောင်းဆိုထားတဲ့ အစ်ကိုအတွက်လဲ
အဆင်ပြေမှာပါ...ရှာဖွေပြီးတင်ပေးလိုက်ပါပြီခင်မျာ.... :-)





        Download=>Link1 / Link2
အဆင်ပြေပါစေ MMITHelper


GalaxSim Unlock 2.0.2 Description

Easily sim unlock your Samsung Galaxy family smartphone/tablet (S, S2, S3, Tab, Tab2, Note, Note2 and variants) so you can use any other network operator. As simple as one button click, and you can change your carrier sim card !
GalaxSim Unlock is currently the only app that can unlock recent GS2 and GS3 firmware without relocking upon reboot (even with recent ICS or JB roms).
* Please note that due to different hardware, US Qualcomm based GS3 (SGH-T999, SCH-I535, SCH-R530, SPH-L710, SGH-I747…) are currently not supported. Don’t leave bad feedback, I can’t do much without one of these phones in my hands ! *
Major functions:
★ Sim Unlock your phone (in-app payment)
★ Backup and Restore EFS folder (free)
★ Give you detailed information about your current and previous nv/lock state.
Features:
* unsimlock/unbrand your phone
* work on any rooted rom (samsung, aosp, aokp, cm9, cm10…)
* support international GS3 GT-I9300
* support other Galaxy family devices (S, S2, Tab, Note and their variants)
* work if you previously unlocked your device with “voodoo unlock” or “galaxy s unlock”
* work if you installed a previous ril (aka mike’s patch).
* alert if you’re using other dangerous methods
* alert if your imei has been lost due to any error in nv_data caused by a third party app.
* give detailed information about current locks status (locked, unlocked or “partially locked”)
* give information about previous (stock) simlock status
* backup efs before any modification (should guarantee a safe use)
* restore your efs backup on demand
* compute md5 files properly (no log hack)
* support more Galaxy devices soon
How to use :
* be sure your rom is rooted (tutorial links included for major devices)
* click on “unlock” button
* reboot
Notes :
* If other carriers’ sim cards are still refused after a successfull unlock, your phone might be “hardlocked” by your carrier and require a full unbranded rom flash (only seen on Telcel and Claro so far).
* Free download and in-app billing to unlock is used so that you only pay if your device can really be unlocked. The backup/restore feature is free and will stay free. Price displayed before order. Buy once, illimited use.
* Although I made my best for this app to be safe and it’s been successfully used by more than 7000 users already, remember that there are some risks inherent to unlocking devices. I shall not be held responsible in any way if anything goes wrong using this app.
* Please note that due to a large variety of Galaxy devices, it has not been extensively tested on every available model. If it does not work on your device, please contact me so that I can add support for it.
* Tested on :
- Galaxy S : GT-I9000 (SGS), GT-I9003 (Galaxy SL)
- Galaxy S2 : GT-I9100 (SGS2), GT-I9100T, GT-I9100P, GT-I9100G, SGH-I777
- Galaxy S3 : GT-I9300 (SGS3), GT-I9300T, SHV-E210S
- Galaxy Note : GT-N7000, GT-N7100 (Note 2)
- Galaxy Tab : GT-P1000, GT-P1000R, GT-P7500 (Tab 10.1), GT-P7500R, GT-P3100 (Tab 2), GT-P5100
* Not working (yet) on :
- Galaxy S : GT-I9001 (Galaxy S Plus)
- Galaxy S2 : SGH-T989, SGH-I727
- Galaxy S3 : SGH-T999, SCH-I535, SPH-L710, SGH-I747
- Misc : GT-S5830 (ACE)
* This app is not affiliated in any way with Samsung.

DIGITAL LIFE Volume 2, Issue 1


ဒီပတ်ထုတ် DIGITAL LIFE Volume 2, Issue 1 ကို တင်ပေးလိုက်ပါတယ်.. DIGITAL LIFE ဂျာနယ်က
Digital Life ဂျာနယ် စာဖတ်ပရိသတ်ကြီးအားပန်ကြားခြင်း ခေါင်းစဉ်ဖြင့် စာဖတ်ပရိတ်သတ်များ၏ ထင်မြင်ချက်များကို အောက်ပါတိုင်း တောင်းဆိုထားပါတယ်..

Digital Life ဂျာနယ် စာဖတ်ပရိသတ်ကြီးအားပန်ကြားခြင်း
=============================

နှစ်သစ်အခါသမယတွင် Digital Life ပရိသတ်ကြီးအတွက် တိုးမြှင့်ပေး ဆပ်နိုင်ရန် ကြိုးစားနေပါသဖြင့်

ဂျာနယ်အထွက်နောက်ကျခဲ့ရခြင်းကို ခွင့်လွှတ်နားလည်ပေးစေလိုပါသည်။ ဂျာနယ်အား သွေး သစ်လောင်း

သည့်အနေဖြင့် လိုဂိုဒီဇိုင်းအသစ်၊ စာမျက်နှာဖွဲ့စည်းပုံအသစ်များနှင့် ပြောင်းလဲထွက်ရှိလာပြီဖြစ်

ကြောင်းကိုလည်း သတင်းေ ကာင်းပါးအပ် ပါသည်။ သို့ရာတွင် ထမင်းရှင်ပရိသတ်ကြီးအား

ဦးထိပ်ထားသည့်အနေဖြင့် ဂျာနယ်အသစ်အပေါ် ချစ်ပရိသတ်ကြီးက ထင်မြင်ယူဆပုံများကိုလည်း

Facebook Fan Page မှတစ်ဆင့်ကြားသိလိုပါသည်။ လိုဂိုအသစ်အပေါ် မည်သို့ ရှုမြင်ခံစားရသည်၊

စာမျက်နှာဖွဲ့စည်းပုံအသစ်ကို မည်သို့ သုံးသ ပ်ရသည် ဆိုသည့်အချက်များနှင့် ဂျာနယ်တွင်

ဖယ်ထုတ်သင့်သည့် ကဏ္ဍများ၊ ထပ်မံ တိုးချဲ့လိုသည့် ကဏ္ဍများကို comment ပေးစေလိုပါသည်။

Like, Share, comment ပေးသူများအတွက်မှ ကံထူးရှင်ကိုရွေးချူယ်၍ ကျွန်တော် များ ဂျာနယ်၏

လက်တွဲဖော် ကွန်ပျူတာဆိုင်များမှ လက်ဆောင် ပစ္စည်းများ ချီးမြှင့်သွားမည်ဖြစ်သောကြောင့်

 Like, Share, comment ပေး ရင်းကံစမ်းနိုင်သော အစီအစဉ်လည်းဖြစ်ပါသည်။ ကျေးဇူးရှင်ပရိသတ်ကြီး၏

ထင်မြင်ယူဆချက်၊ အကြံပြုချက်များအားလုံးကို လေးစားလျက်........
Credit to Digital Life


Download Links: