Android ကိုဘယ်လိုဖွဲ့ စည်းထားသလဲ
==============================
- Android ကို ဘယ်လို ဖွဲ့စည်းထားပါသလဲ
ဒီမေးခွန်းဟာ သိပ်ကို မေးသင့် မေးအပ်တဲ့ မေးခွန်းတခု ဖြစ်သလို သိထားသင့်တဲ့ အချက်ထဲမှာလဲ ပါဝင်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်က Android developer တစ်ယောက် ဖြစ်ဖို့ စိတ်ကူးရှိနေပြီဆိုရင်တော့ ကိုယ်စီးမယ့် မြင်းဟာ အထီးလား အမလားဆိုတာတော့ သိထားသင့်တယ် မဟုတ်လား။ Android Application ကိုရေးသားမယ့် developer တစ်ယောက်ဟာ ကိုယ်ရေးသားမယ့် Operating System ဟာ ဘယ်လို ဖွဲ့စည်း တည်ဆောက်ထားသလဲ၊ system ရဲ့ အခင်းအကျင်းတွေကို ကောင်းစွာ နားလည် သဘောပေါက်ထားမှ သာလျှင် ကိုယ်ရေးသားမည့် application တွေဟာ ၄င်း OS ပေါ်မှာ ကောင်းစွာ အလုပ်လုပ်မှာပါ။
Android developer တစ်ယောက်အတွက် တကယ့်ကို အရေးပါဆုံး အချက်ကတော့ API (Application Programming Interface) Level ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့် application ဟာ ဘယ် ကိရိယာတွေ (devices) ဘယ် OS version မှာ အလုပ် လုပ်မည် မလုပ်မည် ဆိုတဲ့ ကိစ္စကို သတ်မှတ် နိုင်စွမ်းရှိတဲ့ အဆင့် ဖြစ်လို့ပါပဲ။ ဥပမာ တချို့ Application တွေဟာ graphic ဘယ်လောက်ရှိမှ CPU က ဘယ်လောက်ဖြစ်မှ OS version က ဘယ်လောက်မှ သုံးလို့ရမယ် မရဘူး စတာတွေကို ဒီအဆင့်မှာ သတ်မှတ်တာ ဖြစ်တဲ့အတွက်ကြောင့်ပါ။
Android ဟာ Linux Kernel ကို အခြေခံ ရေးသားထားတဲ့ OS (Operating System) ပြီးတော့ Open Source ဖြစ်ပါတယ်။ ဒါဆို ဘာအကြောင်းတွေကြောင့်များ Android က Linux အပေါ် အခြေခံရသလဲဆိုတဲ့ မေးခွန်း တခု ထွက်လာပါတယ်။ Linux ဟာလဲ Free and Open Source ဖြစ်ပါတယ်။ ပြီးတော့ Linux က ပေါ့ပါးတယ်။ လုံခြုံမှုရှိတယ်။ Features တွေ စုံလင်မှုရှိတယ်။
Linux ဟာ ကွန်ပျုတာ hardware တော်တော်များများမှာ ( မိုဘိုင်းဖုန်း ၊ tablet computers ၊ network routers ၊ televisions ၊ video game consoles ၊ desktop computer ၊ mainframes နဲ့ super computer တွေအထိ) အလွယ်တကူ ပေါင်းစပ် အလုပ် လုပ်နိုင်စွမ်း ရှိပါတယ်။ ဒီလို hardware အတော်များများမှာ အလွယ်တကူ ပေါင်းစပ် အလုပ် လုပ်နိုင်စွမ်းရှိတဲ့ OS တခုကို Android က အခြေခံပြီး ရယူ သုံးစွဲလိုက်ခြင်းဟာ hardware များကို အတိုင်းအတာ တစ်ခုအထိ ချုံ့နိုင်ခဲ့သလို hardware နှင့် ၄င်းရဲ့ features အတော် များများကိုလည်း ထည့်သွင်း စဉ်းစားဖို့ မလိုအပ်တော့ပါဘူး။ အားလုံး သိပြီးတဲ့အတိုင်း Linux ရဲ့ Low Level အပိုင်း အတော်အများများကို ပေါ့ပါးတဲ့ C programming language code တွေနဲ့ ရေးသားထားတဲ့အတွက် Android ရဲ့ hardware device တွေနဲ့ android application တို့ဟာ လွယ်ကူ အဆင်ပြေစွာ ပေါင်းစပ် အလုပ် လုပ်နိုင်နေတော့တာပါပဲ ဖြစ်ပါတယ်။ ဒါကြောင့် Android ဟာလဲ ပေါ့ပါး သွက်လပ်တဲ့ mobile OS တခုအဖြစ် ရပ်တည်လာနိုင်တော့တာပါပဲ ဖြစ်ပါတယ်။
နောက်ပြီး Linux ဟာ လုံခြုံရေး ကောင်းမွန်တဲ့ Operating System ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ သူ ဖြတ်သန်းလာခဲ့တဲ့ သမိုင်း ကာလတွေကို ကြည့်ရင် သူယခု ရပ်တည်နေတဲ့ အခြေအနေတွေကိုကြည့်ရင် ဘယ်လောက်ထိ လုံခြုံမှု ပေးနိုင်သလဲဆိုတာ သိနိုင်ပါတယ်။ ပြီးတာ့ application တစ်ခုကို တစ်ခု တည်မှီပြီး အလုပ် လုပ်ခြင်း မရှိတာကြောင့် application တစ်ခုကနေ application တစ်ခုသို့ ထိုးဖောက်ပြီးတော့ တိုက်ခိုက်လာနိုင်သော လုံခြုံရေးဆိုင်ရာ ပြဿနာများလည်း ကင်းရှင်းသွားပါတယ်။ Android ဟာ ဘာကြောင့် ဒီလို လုံခြုံရေးဆိုင်ရာ အားသာချက်များစွာ ရှိနေတဲ့ Linux Kernel ကိုအခြေခံ ရယူ သုံးစွဲရသလဲဆိုတာ မေးခွန်းတောင် မေးနေစရာ မလိုအောင်ပါပဲ။ ၂၀၁၀ စက်တင်ဘာလောက်မှာ Linux Kernel developer တဦးဖြစ်တဲ့ Rafael J.Wysocki က mainline Linux wakeup events Framework အတွက် patch တခုကို ထည့်သွင်းခဲ့ပါတယ်။ Android devices များရဲ့ drivers တွေအတွက်တော့ သိပ်ကောင်းတဲ့ patch တခုပဲလေ။ ၂၀၁၁ ဒီဇင်ဘာလ လောက်မှာတော့ Android ရဲ့ MainLining Project ကို စတင်ခဲ့ပြီး ၄င်းတို့ရဲ့ ရည်ရွယ်ချက်ကတော့ Andriod ရဲ့ drivers များ ၊ Patch များ နဲ့ Features များကို Linux Kernel ထဲကို Linux version 3.3 မှစပြီး ထည့်သွင်းဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။
- မှတ်ညဏ် ပိုင်းဆိုင်ရာ ထိန်းချုပ်စီမံနိုင်ခြင်း (Memory Management)
Android မှာ Linux ကဲ့သို့ပင် Mobile devices (ရွေ့လားနိုင်သော ကြိုးမဲ့ကိရိယာများ) များအတွက် မလိုအပ်သောအချိန်တွင် မလိုအပ်သော လုပ်ငန်းဆောင်တာများအား ရှင်းလင်းခြင်း ၊ အမြဲတမ်း သုံလေ့ရှိသော applicaiton များနှင့် လုပ်ငန်းဆောင်တာများကို မှတ်သားထားပြီး ရှာဖွေ လုပ်ဆောင်တဲ့အခါမှာ လျှင်မြန်စွာ ဦးစားပေးဖော်ပြပေးနိုင်ခြင်း စတဲ့ လုပ်ငန်းဆောင်တာတွေဟာ မှတ်ညဏ်ပိုင်းဆိုင်ရာ ထိန်းချုပ်စီမံနိုင်ခြင်းပါပဲ။
- ဘထ္ထရီမှ စွမ်းအင်ရယူသုံးစွဲမှုကို ထိန်းချုပ်စီမံနိုင်ခြင်း (Power Management)
မလိုအပ်တဲ့ လုပ်ငန်းဆောင်တာများအား memory မှာ ဖယ်ရှားခြင်းဟာလဲ memory သုံးစွဲမှု နည်းသွားတဲ့အတွက် စွမ်းအင်ပိုမို သုံးစွဲလာနိုင်ခြင်း ၊ screen resolution ကို ထိန်းချုပ် စီမံနိုင်ခြင်းကြောင့် စွမ်းအင်သုံးစွဲနိုင်ချိန် ပိုမိုကောင်းမွန်လာခြင်း စသည့် ဘထ္ထရီမှ စွမ်းအင်သုံးစွဲမှု ကြာချိန်ကို မြင့်တင်နိုင်ဖို့ ရေးဆွဲထားသည့် Management tool တခုပါပဲ။
ကွန်ယက် ချိတ်ဆက် သုံးစွဲနိုင်တဲ့ networking စတဲ့ စွမ်းအင်မြင့် Features များလဲ ပါဝင်ပါတယ်။ Android ဟာ GSM/EDGE, CDMA, IDEN, EV-DO, UMTS, Bluetooth, Wifi, LTE နှင့် Wimax အစ ရှိတဲ့ ကွန်ယက် ချိတ်ဆက်မှု နည်းပညာများကို အထောက်အပံ့ ပေးပါတယ်။
အခြား စွမ်းအင်မြင့် Features တွေဖြစ်တဲ့ Handset Layouts (graphic ရုပ်ပိုင်းဆိုင်များ အဆင်ပြေစေရန်) ၊ Storage (data တွေသုံးဖို့အတွက် ပေါ့ပါးတဲ့ Relational database အမျိုးအစားဖြစ်တဲ့ SQLite များသုံးစွဲထားခြင်း) ၊ Multiple Language Support, Web Browser, JavaSupport, Multitasking, Multi-touch, Screen capture, Additional Hardware support, Media/Streaming Media support, Video calling စတဲ့ Features များကို ရရှိနိုင်ပါတယ်။
တကယ်တော့ Android OS ကို အလွှာ အထပ်ထပ်နဲ့ ပေါင်းစပ် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ပြီးတော့ ၄င်းအလွှာ တခုနှင့် တခုဟာလည်း ကွဲပြား ရပ်တည်နေခြင်းမျိုး မဟုတ်ဘဲ တခုနှင့် တခုပေါင်းစပ် အလုပ် လုပ်ကြတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။
Android ဟာ ၄င်းရဲ့ တကယ့် core system services တွေဖြစ်တဲ့ လုံခြုံမှု (security) ၊ မှတ်ညဏ်ပိုင်းဆိုင်ရာ ထိမ်းချုပ် စီမံခန့်ခွဲမှု (Memory management) ၊ စွမ်းအင် သုံးစွဲမှုဆိုင်ရာ စီမံခန့်ခွဲမှု (Power Management)၊ လုပ်ငန်းဆောင်တာ စီမံခန့်ခွဲမှု (process management) ၊ ကွန်ယက် ချိတ်ဆက်မှုဆိုင်ရာ (nework stack) ၊ hardware များ နိုးကြွား လုပ်ဆောင်နိုင်စေမယ့် (driver model) စသည်တို့ အတွက် Linux Kernel 2.6 ကိုစတင်ပြီး ရယူ သုံးစွဲခဲ့ပါတယ်။ Apache 2.0 license အောက်မှာ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့သလိုပဲ linux ရဲ့ low level အပိုင်းအတော်များများဟာ C code တွေဖြစ်တာကြောင့် hardware များကို ကောင်းစွားသိရှိပြီး လွယ်ကူပေါ့ပါးစွာ ပေါင်းစပ် အလုပ်လုပ်နိုင်ပါတယ်။
Android အတွက် applications များ၊ လိုအပ်တဲ့ services များ ဖန်တီး ရေးသားတဲ့အခါမှာ ၄င်း apps များနှင့် services များဟာ Andorid OS ရဲ့ Application Layer မှာ အလုပ် လုပ်ပါတယ်။ Android သာမန်အသုံးပြုသူ (end user) ဟာ ဒီ Application Layer ပေါ်မှ apps များ၊ services များကိုသာ အသုံးပြုမှာပါ။ အောက်က layers တွေကို သူတို့ သတိထားမိမှာ မဟုတ်ပါဘူး။
ဥပမာ - ကျွန်တော်တို့ Contact Book application တစ်ခု ရေးသားတယ် ဆိုပါတော့ဗျာ။ အသုံးပြုသူက contact အသစ်ဖန်တီးခြင်း၊ ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ ရှာဖွေခြင်းစတာတွေပဲ သူတို့ အသုံးပြုမှာပါ။ ဒီနေရာမှာ သိရမှာက Andorid Application layers ပေါ်က apps & services များဟာ အောက်က layers တွေနဲ့ ဆက်နွယ် အလုပ်လုပ်ဆောင်တယ်ဆိုတာကို သိထားရမှာပါ။ အထက်ဖော်ပြပါ contact app ရေးသားတဲ့အခါ ဒေတာတွေ သိမ်းဖို့အတွက် SQLite လို libraries တွေ စတဲ့ libraries တွေအသုံးပြုရမှာပါ။ ဆိုလိုချင်တာက applcation layer မှာရေးသားမယ့် applications တွေဟာ Native Libraries တွေကို အသုံးပြုရေးသားတယ်။ ၄င်းတို့ လိုအပ်တဲ့ layers တွေနဲ့ ချိတ်ဆက် အလုပ်လုပ်တယ်ဆိုတာကို သိစေချင်တာပါ။ ၄င်း Native Libraries တွေဟာ C/C++ လို programming နဲ့ရေးသားထားပြီး open source ဖြစ်တဲ့အတွက် မည်သူမဆို သိရှိနိုင် လေ့လာနိုင်တဲ့အပြင် ရယူ သုံးစွဲ ပြင်ဆင်နိုင်ခွင့် ရှိပါတယ်။
- SQLite
Application အားလုံးအတွက် ပေါ့ပါးပြီး စွမ်းအင် မြင့်မားတဲ့ Relational Database Engine ရရှိနိုင်ပါတယ်။ Features တော်တော်များများ စုံလင်စွာ ပါရှိတဲ့ SQL Database အမျိုးအစားပါ။
- WebKit
Modern web browser engine တစ်မျိုးပါ။ Safari ၊ Chrome နှင့် အခြား browser များတွင် သုံးထားသော web rendering engine မျိုးဖြစ်ပါတယ်။ Open GL -3D graphic libraries များပါ။ Open GL ES 1.0 APIs ကိုအခြေခံထားတာပါ။
- Surface Manager
Application ပေါင်းစုံက ၂ ဖက်မြင် ၃ ဖက်မြင် အလွှာများ အဆင်ပြေပြေ ပေါင်းစပ် အလုပ်လုပ်နိုင်ဖို့၊ သက်ဆိုင်ရာ subsystem တွေအထိ display access ကို စီမံခန့်ခွဲနိုင်တဲ့ libraries ဖြစ်သည်။ Media libraries များမှာလဲ လူသုံးများတဲ့ ရုပ်ပုံ၊ အသံ၊ ရုပ်ရှင် ဖိုင်တွေရဲ့ format တွေဖြစ်တဲ့ MPEG4, 3GP, MP3, JPG, PNG စတဲ့ ဖိုင်အမျိုးအစားများ ထောက်ပံ့တဲ့ libraries များဖြစ်သည်။
- SSL
Secure Socket Layer လုံခြုံမှုဆိုင်ရာ libraries များ ဖြစ်သည်။
- Libc
Libc ဆိုတာကတော့ System C libraries များဖြစ်ပါတယ်။
အထက်ဖော်ပြပါ libraries များကို နဂိုအရှိတိုင်း တိုက်ရိုက် အသုံးချနိုင်ပါတယ်။ ဒါပေမယ့် တချို့ mobile ကိရိယာ ထုတ်လုပ်သူများက မိမိတို့ ထုတ်လုပ်မယ့် hardware များနှင့် ကိုက်ညီစေရန် စံထား C Library များကို ပြန်လည်ရေးသားပြီး အသုံးပြုသော မူကွဲ တစ်မျိုး အဖြစ် Bionic ကို ထည့်သွင်း သုံးစွဲပါတယ်။ Bionic ကို သုံးစွဲရတာ အကြောင်း ၂ ရပ်ကြောင့်ပါ။
နည်းပညာအပိုင်းအရ moblie devices များကို သယ်ယူရ အဆင်ပြေစေရန် သေးငယ်အောင် ထုတ်လုပ်ရပါတယ်။ Mobile devices များဟာလည်း battery မှစွမ်းအင်ကို ရယူ သုံးစွဲနေရတဲ့အချိန် battery များရဲ့ စွမ်းအင် သိုလောင်နိုင်မှုကိုလည်း ချက်ချင်းကြီး တိုးတက်အောင် မလုပ်နိုင်သေးတဲ့ အချိန်မျိုးမှာ အတက်နိုင်ဆုံး အဆင်ပြေစေရန် ၄င်းတို့အတွက် ရည်ရွယ်ပြီး Bionic ကိုထည့်သွင်းထားပါတယ်။
ခွင့်ပြုမှု - ၄င်းကို ပြုပြင်ယူကာ သုံးလိုသူများအတွက် အဆင်ပြေသော license မျိုးရှိခြင်းတို့ကြောင့် Bionic ကိုထည့်သွင်းထားပါတယ်။
Credit: Original Aurthor
Source: Internet
No comments:
Post a Comment