Thursday, December 4, 2014

TaiG (Windows) Software ကို အသုံးပြုပြီး iOS 8.1.1 Jailbreak လုပ်နည်း
=====================================================

ဒီတစ်ခါတော့ Windows ပေါ်မှာ TaiG Jailbreak Tool ကိုအသုံးပြုပြီး iPhone 6 Plus, 6, 5s, 5c, 5, 4s တွေမှာ iOS 8.1.1 ကို Jailbreak ရရန် စောင့်မျှော်နေကြတဲ့ သူငယ်ချင်းများအတွက် အခု iOS 8.1.1 Jailbreak လုပ်နည်းကို တင်ပြလိုက်ပါပြီ။ လုပ်ပုံလုပ်နည်းကို တော့အောက်တွင် ပုံဖြင့်သော်လည်းကောင်း၊ video file ဖြင့်သော်လည်းကောင်းလေ့လာနိုင်ပါတယ်။
အဆင့်တွင်နဲ့သွားလိုက်ရအောင်

အဆင့် ၁
အနေနဲ့ TaiG Jailbreak Tool ကိုအရင်သွားဒေါင်းလိုက်ပါ……..။
Download TaiG Jailbreak Tool ကို အောက်တွင်ဒေါင်းရန်

http://www.iclarified.com/45679/where-to-download-the-taig-jailbreak-from

ဒေါင်းပြီးရင် တစ်နေရာရာမှာ folder တစ်ခုဆောင်ပြီ zip file ကို extract လုပ်လိုက်ပါ။

အဆင့် ၂
ကတော့ Setting ထဲကိုသွား၊ setting ထဲကမှ သူငယ်ချင်းတို့ရဲ့ Touch ID နဲ့ Passcode ကို ပိတ်ထားပါ။ အောက်ကပုံ(၂) ကိုကြည့်နိုင်ပါတယ်။

အဆင့် ၃
အဆင့်(၃)မှာကြတော့ သူငယ်ချင်းတို့ရဲ့ iPhone မှာ ရှိနေတဲ့ iCloud ကို ခဏပိတ်ထားရမှာဖြစ်ပါတယ်။ ဘယ်လိုလဲဆိုတော့ … အရင်ဆုံး setting ကိုသွားပါ။ iCloud ကို ရွေးပါ။ Find My iPhone ကို ပိတ်ပါ။

အဆင့် ၃ ကို ပြီးပြီဆိုလျှင်
အဆင့် ၄ မှာတော့ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်လိုက်ပါ။ iTunes ပေါ်လာရင် ဖုန်းထဲက အရေးကြီတဲ့ data တွေကို backup ယူစရာရှိတာ ယူထားပါ။

အဆင့် ၅ ကိုရောက်တော့ စတင်ပြီး Jailbreak စလုပ်ပါတော့မယ်။
စောစောက extract လုပ်ထားတဲ့ folder ထဲမှာ TaiG Jailbreak Double click နှိပ်၍ ဖွင့်လိုက်ပါ။

အဆင့် ၆ ကျတော့ TaiG Home Screen ပေါ်လာရင် အဲဒီမှာ အောက်ကပုံအတိုင်း 3K ဆိုတဲ့ check box ကို off လိုက်ပါ။ ပြီးရင် အစိမ်းရောင် ခလုတ်ကိုနှိပ်ပြီး jailbreak စတင်လုပ်လိုက်ပါ။ မရှင်းလျှင် အောက်ကပုံ(6) တွင်ကြည့်နိုင်သည်။

အဆင့် ၇ ရောက်တော့ TaiG က သူ့ဟာသူ jailbreak လုပ်နေတာကို တွေ့ရပါလိမ့်မယ်။

အဆင့် ၈ ရောက်တော့ smile ပုံလေးပေါ်လာရင် ဖုန်းဟာ restart ကျသွားပါလိမ့်မယ်။ ပြန်တတ်လာရင် အောင်မြင်စွာနဲ့ jailbreak လုပ်နိုင်ခဲ့တာကို အောက်ကပုံ(၈) တွင်ကြည့်နိုင်ပါတယ်။

အားလုံးကို Today’s Technology မှအထူးပင်ကျေးဇူးတင်ရှိပါတယ်။

PDF ဖြင့်သိမ်းလိုပါက အောက်က linkမှာဒေါင်းနိုင်ပါပြီ။

http://www.mediafire.com/download/gcj889fubg4f6ft/TaiG_pdf__wm.pdf

Video ဖိုင်ဖြင့်ကြည့်လိုပါက အောက်က linkမှာဒေါင်းနိုင်ပါတယ်ခင်ဗျာ.။

http://www.mediafire.com/watch/sqz06kqleo3c65q/taiG.avi

No comments:

Post a Comment