တစ်ခါက ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ အမျိုးသမီး၎ဦးဆုံတော့ ကိုယ့်အကြောင်း သူ့အကြောင်း စကားစမြည်ပြောကြတယ်။ ပြောရင်းပြောရင်း ကိုယ့်သားသမီးအကြောင်းရောက်တော့...
ပထမ အမျိုးသမီးက " ကျွန်မသားက Priest (ဘုန်းတော်ကြီး)လေ။ ဟောခန်းထဲဝင်တာနဲ့ လူတွေက သူ့ကို "Father" လို့ခေါ်ကြတယ်"လို့ပြောတယ်။
အဲဒီမှာ ဒုတိယအမျိုးသမီးကလည်း အားကျမခံ "ကျွန်မသားက Bishop(ဂိုဏ်းချုပ်)လေ။ ဟောခန်းထဲဝင်တာနဲ့ လူတွေက သူ့ကို " Your Grace" လို့ ခေါ်ကြတယ်"
တတိယအမျိုးသမီးကလည်း အားကျမခံ "ကျွန်မသားက Cardinal (ဝတ်ရုံနီဘုန်းတော်ကြီး)လေ။ ဟောခန်းထဲဝင်တာနဲ့ လူတွေက သူ့ကို "Your Eminence" လို့ ခေါ်ကြတယ်"
အမျိုးသမီးသုံးဦးရဲ့စကားကိုနားထောင်ပြီး စတုတ္ထအမျိုးသမီးက "ကျွန်မသားက အရပ်၆ပေကျော်မြင့်တယ်၊ ရင်ဘတ်နှစ်ဘက်မှာ ကြွက်သားနဲ့၊ တင်ကောက်ကောက်၊ တောင့်တောင့် ခန့်ခန့်ချောချောပဲ။ ဟောခန်းထဲ သူဝင်တာနဲ့ ရှိသမျှမိန်းကလေးတွေက "Oh! My God" လို့ အော်ကြတယ်" လို့ ဖြေးဖြေးသာသာ ပြောလိုက်ပါတယ်။
အားလုံးပြုံးရယ်ဖို့ ဖတ်မိတာလေး ဘာသာပြန်မျှဝေပါတယ်..
No comments:
Post a Comment