
ဒီ Root နည်းလေးကို ကျနော်ရဲ့ Xperia Acro S (build no 6.1.A.2.45) နဲ့
ကျနော့်သူငယ်ချင်းရဲ့ Xperia Acro S (build no 6.1.A.1.58) ကို အောင်မြင်ပီးဖြစ်ပါတယ်။
သိပီးသားသူများလည်းရှိပါတယ်။ ဒါပေမယ့် အခုမှ ၀ယ်ပီး Root ချင်သူတွေအတွက်ပါ။
ပထမဆုံး Root စတင်ဖို့အတွက် အောက်မှာ Root Tool လေးကို ဒေါင်းလိုက်ပါ။
download link >> Here
download ရလာသော zip file ကို C: အောက်မှာ zip ဖြည်လိုက်ပါ။
ပီးရင် Windows Explorer ကိုဖွင့် စောနက C: အောက်မှာ zip ဖြည်ထားတဲ့ Folder ကို ဖွင့်လိုက်ပါ။ ဖွင့်ပီးရင် ပုံမှာပြထားတဲ့အတိုင်း Location Bar ပေါ်မှာ right click >> copy address ကိုနှိပ်လိုက်ပါ။

windows Key >> search box မှာ cmd လို့ရိုက် ပီးရင် Enter မခေါက်ပဲ cmd.exe ပေါ်မှာ right click >> Run as administrator ကိုနှိပ်လိုက်ပါ။ command windows တခုပေါ်လာရင်
C:\enter >> cd space right click >> paste နှိပ်လိုက်ပါ။ အောက်ကပုံအတိုင်းဖြစ်ပါတယ်။

ပီးရင် မိမိရဲ့ဖုန်းကို USB Debugging , Unknown sources (၂)ခုကို အမှန်ခြစ်ပီး Computer နဲ့ ချိတ်လိုက်ပါ။
C:\acro s root>runme > enter ခေါက်လိုက်ပါ။ အောက်ပုံအတိုင်းပေါ်လာရင် keyboard ပေါ်က 1 ကိုနှိပ် enter ခေါက်လိုက်ပါ။

1 ကိုနှိပ်ပီး enter ခေါက်လိုက်တာနဲ့ မိမိရဲ့ဖုန်းပေါ်မှာ အခုလိုမျိုးပေါ်လာရင် Back up ကို နှိပ်လိုက်ပါ။ backup လုပ်ပါလိမ့်မယ်။ (မိမိဖုန်းမှာ software တွေများရင်တော့ နည်းနည်းကြာပါလိမ့်မယ်။) စိတ်ရှည်ရှည်နဲ့စောင့်လိုက်ပါ။


backup complete ဖြစ်သွားရင် command windows ကနေ runme ကို ထပ်ပီး enter ခေါက်လိုက်ပါ။
မိမိရဲ့ဖုန်းပေါ်မှာ ထပ်ပေါ်လာမယ့် Backup & restore ထဲက Restore ကို နှိပ်ပေးလိုက်ပါ။ Auto Reboot ကျသွားပီး Home screen ပေါ်ပြန်ရောက်ရင်တော့ မိမိရဲ့ဖုန်းထဲမှာ စူပါမင်းပုံလေးနဲ့ SuperSU လေးကို တွေ့ရမှာဖြစ်ပီး Rooted ကို အောင်မြင်သွားပါပီ။


CWM Recovery သွင်းဖို့လိုအပ်တဲ့ cwm ကို အောက်မှာ ဒေါင်းလိုက်ပါ။
adb fastboot အတွက်
download link >> Here
Xperia Acro S (build no 6.1.A.2.45) အတွက်
download link >> Here
Xperia Acro S (build no 6.1.A.1.58) အတွက်
download link >> Here
busybox download link >> Here
မိမိဖုန်းနဲ့ သက်ဆိုင်တဲ့ CWM နဲ့ fastboot ကို ဆွဲပီးပီဆိုရင်တော့ recovery ကို စတင်သွင်းလို့ရပါပီ။
download ကျလာသော adb fastboot ကို C:\ ရဲ့အောက်မှာ ဖြည်လိုက်ပါ။
Acro S Kernal ကို C:\adb fastboot\ ရဲ့ အောက်မှာ ဖြည်လိုက်ပါ။
ဖြည်ပီးသွားရင် ဖုန်းကို fastboot mode နဲ့ ၀င်မှာမို့ ဖုန်းကို Power ပိတ်လိုက်ပါ။ Power ပိတ်သွားရင် (10)second လောက် စောင့်လိုက်ပါ။
1. ဖုန်းကို USB ကြိုးနဲ့ ချိတ်ပါမယ်။ USB ကြိုးနဲ့ ချိတ်တဲ့အခါမှာ ဖုန်းရဲ့ Volume Up ခလုပ်ကို ဖိထားပီးချိတ်လိုက်ပါ။ ဖုန်းမှာ LED မီးပြာလေးလင်းလာပါလိမ့်မယ်၊ ဒါဆိုရင် fastboot mode ကို အဆင်သင့်ဖြစ်ပါပီ။
2. Windows Explorer ဖွင့်၊ C:\ အောက်မှာ ဖြည်ထားတဲ့ C:\adb fastboot window ရဲ့ညာဘက်က လွတ်နေတဲ့ အဖြူရောင်ပေါ်မှာ mouse pointer ကိုထားပီး
Shift+Right click >> Open command window here ကိုနှိပ်လိုက်တာနဲ့ cmd window တခုကျလာလိမ့်မယ်။

4. cmd box ကနေ ဒီ command လေးရိုက်ထဲ့ပီး ဖုန်းကို reboot လုပ်ပါမယ်။
fastboot reboot >> enter ။ ဒါဆိုရင် ဖုန်းက reboot ကျသွားပီး၊ Sony Logo ပေါ်လာတဲ့အချိန်မှာပဲ LED မီးပြာလေး လင်းလာပါမယ်၊ အဲဒီ LED မီးပြာလေးလင်းနေတဲ့အချိန်မှာပဲ Sony Logo ပေါ်တည့်တည့်ကို လက်ညိုးနဲ့ တစ်ချက်တို့လိုက်တာနဲ့ ClockworkMode Recovery ကို ရောက်သွားပါပီ။
ဒါဆိုရင် CWM Recovery ကို အောင်မြင်သွားပါပီ။
အားလုံးပဲ အဆင်ပြေကြပါစေ……………….။
No comments:
Post a Comment