
ဘယ်လိုလုပ်သလဲမပြောခင် အရင်ဆုံး computer OS တွေရဲ့ file format တွေအကြောင်းနည်းနည်းလေး လေကြောရှည်ခွင့်ပြုပါ

operating system တွေရဲ့ file format အမျိုးအစားချင်းဟာတခုနဲ့တခု မတူပါဘူး
Memory stick, Hardisk, SD card တွေမှာလည်း file format ရှိပါတယ်…
Windows မှာဆိုရင် NTFS သုံးပါတယ်…
OS X မှာဆိုရင် Mac OS Extended တွေကိုသုံးပါတယ်.. (Mas window ဟုတ်ဘူးနော်, OS X လို့ခေါ်တာပါ, အိုအက်စ်တန်း

Linux မှာဆိုရင် ext2, ext3 တွေကိုသုံးပါတယ်…
FAT တွေကတော့ universal ပါ…ကြိုက်တဲ့ OS မှာသုံး Read/Write ရပါတယ်..
ဒါပေမဲ့ FAT တွေရဲ့အားနည်းချက်က 4GB ထက်ကျော်တဲ့ file တွေဆိုရင်တော့ Write လုပ်လို့မရပါဘူး… Write လုပ်လို့မရမှတော့ Read စရာလည်း မရှိတော့ဘူးပေါ့

Linux ကနေရော OS X ကနေရော NTFS format တွေကို Read/Write မရပါဘူး…
ကိုယ့်ရဲ့ memory stick, hardisk, sd card တွေထဲကိုကူးထည့်လို့မရတာ အဲဒီအရာတွေက
NTFS format နဲ့ဖြစ်နေလို့ပါ
Read/Write ရဖို့အတွက် software သုံးရင်သုံး မသုံးရင်နည်းနည်းလေး configure လုပ်ပေးရပါတယ်…
Method 1# Software သုံးပြီးဖြေရှင်းမယ်
Paragon NTFS ကတော့ အခုလတ်တလောကျွန်တော်သုံးနေတဲ့ဟာပါ…
အရမ်းအဆင်ပြေပါတယ်…
ဒီမှာ ဒေါင်းပါ Download
serial key ပါထည့်ပေးထားပါတယ်…
ပုံမှန်အတိုင်း install လုပ်ရုံပါပဲ…
.dmg လေးကိုဖြည်ပြီးအထဲမှာပါတဲ့ .pkg ကို install လုပ်ပေးပြီး restart ချရုံပဲ.
Method 2#Enabling Native NTFS Read/Write
အရင်ဆုံး NTFS-3G တို့ Paragon NTFS တို့သွင်းထားတယ်ဆိုရင် uninstall လုပ်လိုက်ပါ
- terminal ကိုဝင်ရပါမည်..spotlight ကနေ terminal ကိုသွားလိုက်ပါ
- diskutil info /Volumes/volume_name ကိုရိုက်ပါ…
အဲစာကြောင်းထဲက volume_name ဆိုတာက ကိုယ်ပြင်ချင်တဲ့ NTFS ရဲ့ နာမ်မည်ပါ.
ကျွန်တော့် memory stick ရဲ့ နာမ်မည်က data မို့ data လို့ရိုက်တာပါ..
UUID value ကို copy ကူးထားရမှာပါ
(အော် ဒါနဲ့စကားမစပ် ကျွန်တော့်ရဲ့ terminal က background ပြောင်းထားတာပါ preferences ထဲမှာ ကလိနိုင်ပါတယ်)
- /etc/fstab ကို backup လုပ်ဖို့အောက်ကဟာကိုရိုက်ပါ
sudo cp /etc/fstab /etc/fstab.backup
- ပြီးရင်အောက်ကအတိုင်းရိုက်ပါ
sudo nano /etc/fstab. - UUID= ကိုရိုက်ပြီး ခုန copy ကူးခဲ့တဲ့ UUID value ကိုထည့်ပါ…
ပြီးရင် space ခြားပြီး none ntfs rw ကိုဆက်ရိုက်ပါ…
ပုံပါအတိုင်းလေးဖြစ်နေရပါမယ်
- ctrl+o နဲ့ save မှတ်ပါ
ctrl+x နဲ့ exit လုပ်ပါ
command+q နဲ့ terminal ကိုထွက်ပြီး စက်ကို restart ချလိုက်ပါ
ဒါဆိုအားလုံးပြီးပါပြီWarning : Method 2 နဲ့လုပ်ပြီးသုံးတာတော့ ကျွန်တော့် memory stick လေးတလနေတော့ လစ်တာပဲ
Method 1 ကိုပဲအားပေးတယ်… 2 က ဗဟုသုတ အဖြစ်တင်ပေးခြင်းသာဖြစ်ပါတယ်
No comments:
Post a Comment