Friday, November 14, 2014

Online ပေါ်တွင် ဗိုင်းရပ်တစ်မျိုး ပြန့်နှံနေ

Online ပေါ်တွင် ဗိုင်းရပ်တစ်မျိုး ပြန့်နှံနေ

ယခုရက်ပိုင်းအတွင်း ဖေ့စ်ဘုတ်အသုံးပြုသူများကြားတွင် ဗိုင်းရပ်စ်တစ်မျိုးပါဝင်နေသော Link တစ်ခု ကူးစက်ပြန့်နှံ့နေကြာင်း သိရပါတယ်။

Hello Chief! Claim your 14000 Clash of Clans Gems FREE!!!! -->
ဟူသော စားသားနှင့်အတူ အောက်တွင့် အပြာရောင် လင့်တစ်ခု ပါရှိပါသည်။ ၄င်း အပြာရောင်စားသားနှင့်လင့်ကို ကလစ်မိပါက မိဖတ်မိသော Page များ၏ ကွန်မဲ့န်ထဲတွင် အလိုအလျှောက် ကူးစက်ပြန့်နှံ့သွားကြောင်း မြန်မာအိုင်တီအဖွဲ့  သတိပေး ပြောကြားသွားပါတယ်။

" အရင်ကတော့ ဗိုင်းရပ်ပါတဲ့ လင့်တွေကို ကလစ်မိရင် ကိုယ်ဝင်ထားတဲ့ ဖေ့ဘုတ် Group တွေမှာသာ အလိုလို သွားပေါ်ပြီး အဲဒီလင့်ကို ကလစ်မိသူတိုင်း ဒီလိုဖြစ်သွားကြတယ်။ အခုတော့ Group မဟုတ်ပဲ Page မှာ သွားပေါ်တယ်ဆိုတော့ နည်းပညာတွေကတော့ တစ်ခုပြီးတစ်ခု အသစ်အဆန်းတွေ လိုက်လို့မမီအောင် ဖြစ်နေပါပြီ။

ကလစ်မိရင် အန္တရာယ်ရှိ မရှိဆိုတာ သေချာ မသိရသေးပေမယ့် သူများပို့စ်အောက်မှာ ဒီလို သွားပေါ်နေတော့ မြင်ရသူတိုင်းအတွက် စိတ်ရှုပ်ရတာ အမှန်ပါပဲ။ ဒါ့ကြောင့် သတိထားရှောင်ကြဉ် စေချင်ပါတယ် " ဟု အိုင်တီကို လေ့လာနေသူ လူငယ်တစ်ဦးမှ ပြောကြားသွားပါတယ်။

ကဲ မိတ်ဆွေတို့လည်း မနှိပ်မိအောင် အသိပေးတဲ့အနေနဲ့ SHARE ပေးကြရအောင်နော်။

Credit to လတ်တလော လူကြိုက်အများဆုံး သတင်းများ

No comments:

Post a Comment