Root အကြောင်း သိသလောက်
PDF ဖိုင်ဖြင့် သိမ်းထားလိုသူများအတွက် > http://www.mediafire.com/download/8ri4yn55lwte9mc/Root_အကြောင်း_သိသလောက်ပေါ့.pdf
---------------------------------------------------------------------
Android စက်ရုပ်ဖုန်းတလုံးကို လက်ဝယ်ကိုင်ထားတဲ့သူဟာ Root ဖောက်ထားမှသာ စိတ်ကြိုက်လုပ်ဆောင်နိုင်ပြီး စပယ်ရှယ် အကောင်းဆုံး ဆော့ဝဲလ်တွေကို အသုံးပြုနိုင်မှာပါ။ တချို့က Root ဖောက်တာကို မြန်မာစာထည့်ဖို့ တခုထဲအတွက်ဘဲလို့ သိထားကြတယ်။ ဖုန်းတလုံးကို ကိုယ်ဝယ်ထားပေမဲ့ Root မဖောက်ရသေးရင် အဲ့ဖုန်းကို ကိုယ်အပြည့်အဝ မပိုင်ဆိုင်သေးပါဘူး။ Root ဖောက်လိုက်မှသာ စိတ်ကြိုက် System အတွင်းပိုင်းထိ ဝင်ကလိရ ပြင်ရမှာပါ။ Root ဖောက်လိုက်ရင် ကိုယ့်ဖုန်းကို လုပ်တတ်လျှင် လုပ်တတ်သလို ပြင်ဆင်ရပါတယ်။ Root ဖောက်ပြီး မြန်မာစာ ထည့်တယ်ဆိုတာကလည်း Zawgyi မြန်မာဖောင့်ကို System Font Folder ထဲသို့ သွားသွင်းပေးတာကို ပြောတာပါ။ အဲ့ System ထဲကိုဝင်ဖို့က Root ဖောက်ထားမှ ရမှာမို့လို့ပါ။ Root ဖောက်လို့ ရရှိမဲ့ အကျိုးကျေးဇူးတွေက တပုံကြီးပါ။ ဆိုးကျိုးဆိုရင်တော့ ဝယ်လာတုန်းက ရရှိထားတဲ့ အာမခံချက် ပျက်သွားမှာပါဘဲ။ တော်ရုံ Facebook သုံး သီချင်းနားထောင် ဗီဒိယိုကြည့်ယုံလေး ဆိုရင်တော့ Root ဖောက်စရာ မလိုပါဘူး။ Zawgyi Apk ဆော့ဝဲလ်ကို သွင်းပေးပြီး Setting >> Display >> Font style မှာသွားချိန်းပေးယုံနဲ့ Facebook မှာမြန်မာစာ အဆင်ပြေပြေ အသုံးပြုနိုင်မှာပါ။ ဒါတောင် Browser, Google, Youtube, Myanmar Application တွေမှာတော့ မြန်မာစာ မြင်ရမည် မဟုတ်ပါ။Root ဖောက်ပြီး မြန်မာစာ ထည့်သွင်းတာဟာ Root ဖောက်လို့ ရရှိလာမဲ့အကျိုးကျေးဇူး ၁၀၀ ရာခိုင်နှုန်းဆိုရင် Root ဖောက်ပြီး မြန်မာစာ ထည့်ယူခြင်းဟာ ၁ ရာခိုင်နှုန်းပါဘဲ။ ကုန်ကုန်ပြောရရင် Root ဖောက်စေချင်တယ် Root မရှိတဲ့ Android ဖုန်းတလုံးဟာ အင်တာနက်မရှိတဲ့ ကွန်ပြူတာ တလုံးလိုပါဘဲ။ ဒီမှာတစ်ခု ပြောချင်တာက တချို့က Root ဖောက်လိုက်ရင် ဆိုးကျိုးတွေက အများကြီး ရှိလာနိုင်တယ်လို့ ထင်နေကြတယ်။ Root ဖောက်လို့ ဆိုးကျိုးမရှိပါဘူး Root နည်းမမှန်ရင်သာ ဆိုးကျိုးရှိမှာပါ။ Root ဖောက်လို့ ဆိုးကျိုးရှိတယ်ဆိုရင် Root ဆိုတဲ့ ဝါကျစကားလုံးဟာ ပေါ်ထွက်လာမှာ မဟုတ်ပါဘူး။ တချို့က Root ဖောက်ချင်ရင် Pro myanmar root, V root, Baidu root အစရှိတဲ့ တရုတ် Root ဖောက်တဲ့ဆော့ဝဲလ်တွေကို အသုံးပြုပြီး Root ဖောက်တတ်ကြတယ်။ ပြသနာက ဒီမှာပါဘဲ တရုတ်ဆော့ဝဲလ်လေးနဲ့ အလွယ်လိုက်ပြီး Root ဖောက်ခြင်းဟာ ရေရှည်မှာ ဆိုးကျိုးအရမ်းများပါမယ်။ ဘတ်ထရီ ပိုပူလာမယ်၊ ဘတ်ထရီပိုကုန်မြန်လာမယ်၊ ဖုန်းလေးလာမယ် ထစ်လာမယ် ဟန်းလာမယ်။ အများကြီးမှ အများကြီး သေချာလေ့လာကြည့်ရင် မသင့်တော်ပါဘူး။ကိုယ့်ဖုန်းကိုရေရှည်မှာ ကောင်းကောင်းသုံးချင်တယ် ဆိုရင်ပေါ့။
တရုတ် Android စက်ရုပ်ဖုန်းတွေကို မပြောချင်ပေမဲ့ Samsung လိုအကောင်းစား ဖုန်းတွေကို တရုတ်ဆော့ဝဲလ်နဲ့ Root မဖောက်ပါနဲ့ Samsung ဖုန်းများကို ဖြစ်နိုင်လျှင် ကွန်ပြုတာ အသုံးပြုပြီး Odin ကတဆင့် CF Auto Root နဲ့ဘဲ Root ကြပါလို့ အကြံပေးချင်ပါတယ်။ Samsung ကို မှန်ကန်သော Root ဖောက်နည်း နောက်တမျိုးက CWM သွင်းပြီး Root Zip ဖိုင်ကို CWM ကနေ Installe နည်းပါဘဲ။ ကွန်ပြုတာ အခက်အခဲ ရှိရင်တောင် ဆိုင်တွေမှာ လုပ်ခိုင်းသင့်တယ်။ တရုတ်ဆော့ဝဲလ်နဲ့ အလွယ်လိုက်ပြီး ဖောက်လိုက်လို့ ရေရှည်မှာ ပြသနာ Erro ရှိရင် Root ကြောင့်လို့ တချို့က ထင်သွားကြတယ်။ တကယ်တော့ ကိုယ့်အမှားပါ။
တချို့တွေက ဖုန်းကို Root ဖောက်ပြီး ဖုန်းပိုပူလာတယ် ပိုထစ်လာတယ်ဆိုပြီး Unroot ဆော့ဝဲလ်တစ်ခုခုနဲ့ Root ပြန်ထုတ်တတ်ကြတယ်။ ဒါမှားပါတယ်။ မ Root ခင်က သေချာစဉ်းစားရမှာပါ Root ပြီးတဲ့ဖုန်းတလုံးကို ဆော့ဝဲလ်လေးနဲ့ Unroot ပြန်လုပ်ရုံနဲ့ Root မကြိုက်လို့ Root ပြန်ဖြုတ်ချင်လျှင် Firmware ပြန်တင် ဒီတနည်းသာ ရှိပါတယ်။
စက်ရုပ်ဖုန်း လက်ဝယ်ကိုင်ထားလျှင် Root ဖောက်ကြပါ ရအောင်ဖောက်ကြပါ။ ဒါမှသူများလန်းသလို ကိုယ်လည်း လန်းနိုင်မယ် စိတ်ကြိုက်ချယ်လယ်နိုင်မယ် စိတ်ကြိုက်ဆော့ဝဲလ် အသုံးပြုနိုင်မယ် ပညာရမယ် အသိတရား တိုးပွားမယ်။
ဒါပေမဲ့............. Root နည်းမှန်ပါစေ။
Ref-ဖုန်းဆော့ဝဲများစုစည်းရာ
No comments:
Post a Comment