ဒီတစ်ခါတော့ ဖုန်း Hardwareသမားတွေအတွက် ဖုန်းအတွင်းပိုင်းကအစိတ်အပိုင်းတွေအကြောင်းတင်ပြပေးလိုက်ပါတယ်ခင်ဗျာ
=====================================================
- Boost Coil
Boost Coil ရဲ့ အရွယ်အစားက သာမာန် အကြွေစေ့ထက် အနည်းငယ် ပိုကြီးပါတယ်။ သူ့အရောင်က အနက်ရောင် ဖြစ်ပြီး နှိပ်လို့ရတဲ့ ခလုပ်တစ်ခုနဲ့ တူပါတယ်။ သူ့ရဲ့ အလုပ်လုပ်တဲ့ Function က လျှပ်စစ် စီးကြောင်း မြင့်တင်ပေးဖို့ပါ။ Boost Coil ပျက်ရင်တော့လဲပေါ့။
- Coil
Coil ကိုတော့ ဖုန်း PCB တစ်ရှောက် နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။ အရွယ်အစားလဲ အမျိုးမျိုးနဲ့ ရှိပါတယ်။ Coil တွေကို အရောင်နှစ်မျိုးနဲ့ တွေ့ရှိပါတယ်။ နက်ဖြူ ရောင်နဲ့ ပြာဖြူရောင် တို့ပါ။ သူတို့ အထဲမှာ ကြေးနီကြိုးတွေ ရစ်ပက်ထားတာ တွေ့နိုင်ပါတယ်။ သူရဲ့ အလုပ်ကတော့ လျှပ်စစ်စီးကြောင်းနဲ့ လျှပ်စစ် ဗို့အား ကို ရှော့ချပေးရပါတယ်။
- Capacitor
ဖုန်းထဲမှာ Capacitor သုံးမျိုးပါရှိပါတယ်။
None-Electrolytic Capacitor : Phone ရဲ့ PCB ထဲက နေရာပေါင်းစုံမှာ Non-Electrolytic Capacitor ကို တွေ့နိုင်ပါတယ်။ သူက Chip resistance ရဲ့ အရွယ်ထက် နည်းနည်း ပိုမြင့်ပါတယ်။ သူ့အရောင်က အညို ၊ အ၀ါ ၊ မီးခိုးရောင် တွေပါ။ သူ့မှာ Positive အပေါင်းတို့ Negative အနုတ်တို့ မရှိပါဘူး။ သူ့အလုပ်က တိုက်ရိုက် လျှပ်စစ်ကို စစ်ထုတ်ပေးရတာပါ။
Electrolytic Capacitor : သူ့ကိုလဲ ဖုန်းရဲ့ PCB တလျှောက်လုံးမှာ တွေ့ရပါတယ်။ သူ့အရွယ်အစားက အထက်က ရှင်းခဲ့တဲ့ None-Electrolytic ထက် ပိုပြီး ကြီးပါတယ်။ သူ့ကို အ၀ါရောင်ပေါ်မှာ အညိုရောင် အဆင်းတွေနဲ့ တွေ့နိုင်သလို အနက်ရောင်ပေါ်မှာ အဖြူရောင် အဆင်းတွေနဲ့လဲ တွေ့နိုင်ပါတယ်။ အဆင်းတွေပါတဲ့ ဘက်က Positive အပေါင်း ဖြစ်ပြီး အဆင်းမပါတဲ့ အပိုင်းကတော့ Negative အနုတ်ဘက် ဖြစ်ပါတယ်။ သူ့အလုပ်က လျှပ်စစ် စစ်ထုတ်ဖို့နဲ့ သိုလှောင်ဖို့ အတွက်ပါ။
Network Capacitor : တွေကိုလဲ ဖုန်းရဲ့ အစိတ်အပိုင်း အားလုံးမှာ ရှာတွေ့နိုင်ပါတယ်။ သူ့ကို Non-Electrolytic Capacitors နှစ်ခု (သို့) နှစ်ခုထက် ပိုတဲ့ ပမာဏတွေနဲ့ ပေါင်းစပ်ပြီး လုပ်ထားတာပါ။
- Coupler
Coupler ကတော့ လျှပ်စစ် Hardware component တစ်ခု ဖြစ်ပါတယ်။ သူ့ကို ဖုန်းရဲ့ Network Section မှာရှာတွေ့နိုင်ပါတယ်။ သူ့ရဲ့ အရောင်က အနက် သို့မဟုတ် အဖြူရောင် ဖြစ်ပါတယ်။ သူ့မှာ ပင် (pins) ၁၂ ခုပါတယ်။ ဘယ်ဘက် ၆ ခု ညာဘက် ၆ ခုပေါ့။ သူ့အလုပ်က Network ကို စစ်ထုတ်ပေးဖို့ပါ။ Coupler ပျက်ရင် ဖုန်း Network ပျက်ပါပြီ။
- Diode
Diodes အမျိုးအစား ၄ မျိုးရှိပါတယ်။ ထိုအမျိုးအစား ၄ မျိုးကတော့ Rectifier Diode, Led, Zener Diode နဲ့ Photo Diode ဖြစ်ပါတယ်။
Rectifier Diode တွေကိုတော့ အနက်ရောင် နဲ့ တွေ့ရမှာ ဖြစ်ပြီး သူ့ရဲ့ အလုပ်က AC လျှပ်စစ်ကနေ DC လျှပ်စစ်ကို ပြောင်းပေးတာပါ။ သူပြောင်းပေးတဲ့ လျှပ်စစ်တွေကို ဦးတည်ရာ လမ်းကြောင်း တစ်နေရာထဲကိုပဲ ဖြန့်ပေးပါတယ်။ လမ်းကြောင်း ပြောင်းပြန် လျှပ်စစ် ဖြန့်တာတွေ ဘာတွေမလုပ်ဘူး။
LED ကိုတော့ အဖြူနဲ့ အ၀ါဖျော့ အရောင်နဲ့ တွေ့ရမှာဖြစ်ပြီး သူ့အလုပ်ကတော့ အလင်းရောင် ထုတ်လွင့်ပေးဖို့ ဖြစ်ပါတယ်။
Zener Diode ကိုတော့ ဘယ်ထရီ အားဖြည့်တဲ့ အစိတ်အပိုင်းမှာ တွေ့ရမှာဖြစ်ပြီး သူ့ရဲ့ အလုပ်က လျှပ်စစ် စစ်ထုတ်ပေးခြင်းနဲ့ လျှပ်စစ် ပမာဏကို အသေးဆုံးဖြစ်အောင် ချုံ့ခြင်း စစ်ထုတ်ပြီး ချုံ့ပြီး လျှပ်စစ်ကို ဆက်လက် စီးဆင်းစေခြင်းတို့ပါ။ Zener diode မှာရှိတဲ့ လျှပ်စစ် သိုလှောင်တဲ့အခါ 4V, 6V, 8V စသဖြင့် တိကျတဲ့ သိုလှောင်တဲ့ စနစ်ကို သုံးပါတယ်။
Photo Diode ကိုတော့ အနီရောင် ရောင်ခြည် ဖမ်းဖို့အတွက် အသုံးပြုပါတယ်။
- Regulator
Regulator လို့ခေါ်တဲ့ Hardware Component ကို ဖုန်းရဲ့ အစိတ်အပိုင်း မျိုးစုံမှာ တွေ့နိုင်ပါတယ်။ သူ့ရဲ့ အရောင်က အနက်ရောင် ဖြစ်ပြီး ပင် (pins) ၅ ခု (သို့) ခြောက်ခု ပါတယ်။ သူ့ရဲ့ အလုပ်က လျှပ်စစ် စစ်ထုတ်ပေးပြီး ဗို့အားတွေကို ထိန်းချုပ်ပေးပါတယ်။
- Resistor
Resistance လို့ခေါ်ခေါ် Resistor လို့ခေါ်ခေါ်ပေါ့။ PCB ပေါ်မှာ resistance နှစ်မျိုး ရှိပါတယ်။
Chip Resistance ကို ဖုန်းရဲ့ နေရာ အစိတ်အပိုင်း အစုံမှာ တွေ့နိုင်ပါတယ်။ သူ့အရောင်က အနက်ရောင်၊ တစ်ချို့ဖုန်းတွေမှာတော့ အပြာနဲ့ အစိမ်းရောင်တွေနဲ့ တွေ့နိုင်ပါတယ်။ သူ့ရဲ့ အလုပ်တွေကတော့ လျှပ်စစ် စီးကြောင်းရဲ့ ပမာဏကို လျှော့ပေးပြီး ဆက်လက် စီးဆင်းစေပါတယ်။
Network Resistance ကိုလဲ ဖုန်းရဲ့ အစိတ်အပိုင်း ပေါင်းစုံမှာ တွေ့နိုင်ပါတယ်။ သူ့ကို Chip Resistance နှစ်ခု (သို့) နှစ်ခုထက်ပိုတဲ့ ပမာဏနဲ့ ပြုလုပ်ထားပါတယ်။
- Transistor
Transistor တွေကို ဖုန်းရဲ့ အစိတ်အပိုင်း အားလုံးမှာ တွေ့နိုင်ပါတယ်။ သူ့ရဲ့ အရောင်က အနက်ရောင်ပါ။ သူ့မှာ ပင် (pins) သုံးခု ပါပါတယ်။ သူ့အလုပ်ကတော့ switching လုပ်တဲ့ အလုပ်ပါ။
Credit: Original Aurthor
The Casino Saloon at Wynn Tickets - JTH Hub
ReplyDeleteBuy tickets for all The Casino's 나주 출장샵 events 공주 출장샵 at 서산 출장안마 The Casino at Wynn on the JTH Hub. Save 태백 출장안마 big with JTH Hub exclusive 정읍 출장마사지 promotions, special discounts and top travel