iphone ၇ဲ့ သက်တမ်းကိုဆွဲဆန့် ဖို့ နည်းလမ်းများ
----------------------------------------------------
အနိုစ္စရဲ့ သဘောကို ပစ္စည်း သင်္ခါရ လူသင်္ခါရ သဘောမို့ သူတို့လည်း မလွတ်ကင်းနိုင်ခဲ့ပါ။ ဒါပေမဲ့ ဘယ်သူမဆိုတော့ ကိုယ်ပစ္စည်းလေးကို ကြာကြာခံပြီး အသုံးပြုချင်ကြမှာပါပဲ။ Apple တံဆိပ်ဆိုလျှင်တော့ ပိုဆိုးမှာပေါ့။ ဈေးကလည်း အနေအထား တစ်ခုထိ ရှိနေတာကို iPhone နောက်ဆုံးပေါ် တစ်လုံးလောက် ၀ယ်ပြီး တော်ရုံတန်ရုံ တစ်ခြား ဖုန်းတစ်လုံး လဲကိုင်ရမှာ နှမြောလောက်မှာပါ။ ကျန်ရှိနေတဲ့ iPhone ရဲ့ သက်တမ်း ပိုခံစေဖို့ နည်းလမ်းလေးတွေ ရှိပါတယ်။ ရုတ်တရက် မမျှော်လင့်ဘဲ Shut down ကျတာတို့ နှေးကွေးနေတာတို့ဟာ ၀ယ်ပြီး ၂ နှစ် (သို့) ဖုန်းကို တစ်ယောက်ချင်းရဲ့ အသုံးပြုမှုပေါ်မှာ မူတည်ပြီး ဖြစ်ပေါ်လျက် ရှိပါတယ်။ အနီးဆုံးက Apple ပစ္စည်းတွေဆိုရင် ၀ယ်ပြီး ၁၈ လနဲ့ ၂ နှစ်အတွင်းမှာ ဖုန်းရဲ့ အရည်အသွေးဟာ နိုမ့်ဆင်းလာတတ်ပါတယ်။ ဒါကို ဖြေရှင်းဖို့ နည်းလမ်း တစ်ချို့ ရှိနေပါတယ်။
၁။ ဆန်းစစ်ကြည့်ခြင်း
ဖုန်းရဲ့ နေရာတွေကို ဘာတွေက အများဆုံး ယူထားတာလဲ ဆိုတာနဲ့ ဖုန်းဟာ ဘယ်လောက်ထိ နှေးနေတယ်ဆိုတာ ကြည့်ရပါမယ်။ မသုံးပေမဲ့လည်း ပုံမှန် အချိန်မှာ App ဘယ်လောက်များများနဲ့ လည်ပတ်နေတယ်ဆိုတာကို သိရပါမယ်။ ဒီအကြောင်းအရာကို သိဖို့အတွက် Settings > General > Usage ထဲကို ၀င်ကြည့်ပြီး ဘယ် App တွေဟာ နေရာ အများဆုံး ယူနေသလဲဆိုတာကို သိနိုင်ပါတယ်။ နေရာတွေကို App တွေနဲ့ ပြည့်နေစေတာကလည်း ဖုန်းကို လေးကန်စေတဲ့ အကြောင်းအရာ တစ်ခုပဲ ဖြစ်ပါတယ်။
၂။ မသုံးတဲ့ App တွေကို Uninstall လုပ်ပစ်ပါ။
ဖုန်းကို သုံးတာ ကြာလာတာနဲ့ အမျှ App တွေကို တော်တော်လေး စုဆောင်းလာမိတာတွေ ရှိနိုင်ပါတယ်။ အသုံးမပြုတာတွေရော၊ သုံးတာတွေရောပေါ့။ တစ်ခုချင်းစီက နေရာတွေကို ယူထားနိုင်ပါတယ်။ သူတို့တွေကို အသုံးမလိုလို့ရှိလျှင် ဖယ်ထုတ်ပစ်လိုက်ပါ။ App တွေကို ဖျက်ပစ်တာပဲ ဖြစ်ဖြစ် အဲဒီဖိုင်တွေထဲမှာ ရှိတဲ့ အချက်အလက်တွေကို ဖယ်ပစ်တာပဲ ဖြစ်ဖြစ်ပါ။ အဲလိုလုပ်လိုက်ခြင်းဖြင့် ဖုန်းမှာ ရှိတဲ့ ပရောဆက်ဆာဟာ သိပ်ပြီး အလုပ်လုပ်နေစရာ မလိုတော့ဘူးပေါ့။ ဒါဆိုရင်တော့ ဖုန်းဟာ တော်တော်လေး ပေါ့သွားမှာပါ။
၃။ App များတွင် ပါရှိတဲ့ တည်နေရာ ဖော်ပြမှုတွေကို ပိတ်ခြင်း
Google Map, Twitter, အထူးသဖြင့် Facebook တို့မှာ တစ်ချိန်လုံး သင့်ရဲ့ တည်ရှိနေတဲ့ နေရာကို ဖော်ပြတဲ့ အစိတ်အပိုင်း ပါရှိပါတယ်။ ဒါတွေဟာ ဖုန်းရဲ့ ဘတ္တရီ သက်တမ်းကို တိုတောင်းစေပါတယ်။ ထိုသို့ တည်နေရာ ဖော်ပြချက်ကို ပိတ်ပစ်ဖို့ Settings > Privacy > Location Services ကို သွားပြီး ပိတ်နိုင်ပါတယ် (သို့) App တစ်ခုချင်းကို တိတိကျကျဖြင့် တည်နေရာ ဖော်ပြမှုကို ဖယ်ထားနိုင်ပါတယ်။ ထိုသို့ App တွေမှာ ပါရှိတဲ့ တည်နေရာ ဖော်ပြမှုတွေ အားလုံးကို မပိတ်ချင်ဘူးဆိုရင်တောင် ဖုန်း ဘတ္တရီ အားသက်သာပြီး လေးလံမှု နည်းပါးစေရန် Facebook မှာ ပါရှိတဲ့ ခလုတ်ကိုတော့ ပိတ်ပစ်ရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူက အကြီးမားဆုံး ဖုန်းဘတ္တရီ အားကို သုံးစွဲသူ ဖြစ်နေတာကြောင့်ပါ။
၎။ Background App refresh ကို ပိတ်ပါ။
iOS 7 ဖုန်းတွေထဲမှာ Background App refresh ဟာ ဖွင့်လျက် ရှိပါတယ်။ ထိုအစိတ်အပိုင်းဟာ ၀ိုင်ဖိုင် (သို့) ဆယ်လူလာ နက်ဝပ်ကို လည်ပတ်နေတဲ့အခါ content တွေကို ပြန်လည် refresh လုပ်ပေးတဲ့ အရာ ဖြစ်ပါတယ်။ အရာနှစ်ခုကို ပြိုင်သုံးနေတဲ့ အခါမှာလည်း background ထဲမှာရှိတဲ့ App တွေကို လည်ပတ်ထားစေပါတယ်။ ထိုခလုတ်ကို ဖြုတ်ထားဖို့ အတွက် Settings > General > Background App Refresh သွားပြီး ဖြုတ်ထားလို့ ရပါတယ်။ အစိတ်အပိုင်း အားလုံးကို refresh မလုပ်ဖို့ လုပ်နိုင်သလို refresh မလုပ်လိုတဲ့ App တွေပေါ်မှာသာလည်း ပုံမှန် မလုပ်အောင် ဖြုတ်ထားနိုင်ပါတယ်။
၅။ ဘတ်ထရီ ပေါင်းထည့်ခြင်း
သယ်ဆောင်ရ လွယ်တဲ့ ဖုန်းအားသွင်း ကီးချိတ်နဲ့ ဘတ္တရီ case တွေကို သုံးခြင်းကို ဆိုလိုတာပါ။ တစ်ချို့ ဖုန်းတွေဆို အားကုန်တဲ့အခါ တစ်ခါထဲ သွင်းနိုင်တဲ့ built-in case တွေပါ ပါဝင်လာတာကို တွေ့ရပါတယ်။ အားသွင်းရာမှာ သင့်ဖုန်းကို Airplane mode ထားပြီး အားသွင်းတာက အားမြန်မြန် ပြည့်ဖို့ ကူညီပေးတယ်လို့ သိရပါတယ်။
၆။ Airplane Mode
ဘတ္တရီအားကို ကြာရှည်စွာ ရရှိလိုပါက Airplane Mode ကိုသုံးပြီး ထားနိုင်ပါတယ်။ သို့ပေမဲ့ ဖုန်း အ၀င်အထွက်တွေကို ဖြတ်တောက်ပေးထားတဲ့ အတွက် လိုင်းမမိနိုင်တဲ့ အချိန် ဖုန်းကို မသုံးပဲ ထားပြီး အားပိုခံစေလိုတဲ့ အခါမျိုးမှာ သုံးနိုင်ပါတယ်။
၇။ Update တွေကို ပြုလုပ်ပါ။
Apple ဟာ ဖုန်းထဲမှာ bug တွေကို ရှင်းလင်းဖို့ ပုံမှန် update တွေကို ပေးနေသည့်နည်းတူ Update New Software တွေကို ဒေါင်းလုပ်ခ်ဆွဲလို့ ကြိမ်းသေ ရယူရပါမယ်။
၈။ Reset ချပါ။
ဖုန်းဟာ တော်တော်ကြီးကို လေးကန်နေပြီဆိုရင် reset သာချလိုက်ပါ။ ဒါဟာ ဖုန်းကို ပြန်လည် လန်းဆန်းစေပါတယ်။ ဒါပေမဲ့ အရင်ဆုံး cloud ထဲကို data တွေ အရင် save လုပ်ခြင်းကို ရွေးသင့်ပါတယ်။
Credit: Original Aurthor
Source: Internet
No comments:
Post a Comment