ANDROID ကို ပိုမိုလုံခြုံအောင် ပြုလုပ်ထားနိုင်မည့် အချက် (၁၀) ချက်
မိုဘိုင်းထုတ်ကုန်များ အသုံးပြုရာတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေါက်ကြားမှု မဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်မှု ပြုလုပ်ထားနိုင်သည့် နည်းလမ်းများနှင့် အလေ့အထများကို သိရှိထားရန် လိုအပ်သည်။
ထို့ကြောင့် Android အသုံးပြုသူများ အတွက် ၎င်းတို့၏ ထုတ်ကုန်များကို ပိုမိုလုံခြုံမှုရှိစွာဖြင့် အသုံးပြုနိုင်မည့် အချက် (၁၀) ချက်ကို ဖော်ပြလိုက်ပါသည်။
(၁) Lock screen ကို PIN/pattern/password ဖြင့် သတ်မှတ်ထားပါ။Android သုံးစွဲသူများ အနေနှင့် လုပ်ငန်းသုံး စမတ်ဖုန်း သို့မဟုတ် tablet ကွန်ပျူတာတစ်ခုကို PIN/pattern/password တစ်ခုခုဖြင့် lock ပြုလုပ်ထားခြင်း မရှိပါက အချက်အလက်များ ပေါက်ကြားမှု ဖြစ်ပေါ်နိုင်သည်။ Pattern တစ်ခုဖြင့် unlock ပြုလုပ်သည့်အခါတွင် အသုံးပြုပြီးသည့်နောက် screen ကို အဝတ်စဖြင့် သုတ်သင့်သည်။ သို့မဟုတ်ပါက screen ပေါ်တွင် pattern ဆွဲစဉ်က ကျန်ခဲ့သည့် လက်ဗွေရာကြောင့် ဖုန်းကို unlock ပြုလုပ်သွားနိုင်သည်။
(၂) လုံခြုံမှုမရှိသည့် ကွန်ရက်များနှင့် မချိတ်ဆက်ပါနှင့်။စမတ်ဖုန်းနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် လုံခြုံမှုမရှိသည့် ကွန်ရက်များနှင့် မချိတ်ဆက်သင့်ပေ။ ကော်ဖီဆိုင်၊ စားသောက်ဆိုင်စသည်တို့ဖြင့် ကွန်ရက်ချိတ်ဆက်၍ အသုံးပြုနိုင်သော်လည်း wireless ကွန်ရက်တွင် password မရှိပါက အရေးကြီးသည့် ကုမ္ပဏီအချက်အလက်များကို ပေးပို့ခြင်းအား ရှောင်ကြဉ်သင့်သည်။
(၃) ဖုန်းတွင် storage encryption ကို သတ်မှတ်ထားပါ။ဖုန်းပေါ်တွင် အချက်အလက်များကို encrypt ပြုလုပ်ထားသင့်သည်။ ၎င်းသည် ဖုန်းကို အသုံးပြုသည့်အခါ encryption password တစ်ခု လိုအပ်သည်။ ၎င်းသည် lock screen password ထက် ပိုမိုလုံခြုံမှုရှိပြီး crack လုပ်ရာတွင်လည်း အလွန်ခက်ခဲသည်။
(၄) App installation အတွက် unknown source ကို enable မလုပ်သင့်ပါ။Google Play Store က မဟုတ်သော third-party application များကို install လုပ်သည့်အခါ အရေးကြီး အချက်အလက်များ ခိုးယူခံရနိုင်သည်။ ထို့ကြောင့် third-party app များကို ၁၀၀ ရာခိုင်နှုန်း မယုံကြည်သင့်ပေ။
(၅) Anti-malware app တစ်ခုကို အသုံးပြုပါ။Google က Play Store မှာ app တွေကို စစ်ဆေးပြီး malware ရန်ကနေ အကောင်းဆုံး ကာကွယ်ပေးပေမယ့်လည်း Malwarebytes လိုမျိုး anti-malware app တစ်ခုကို ပုံမှန် အသုံးပြုသင့်သည်။ ထို့အပြင် app တစ်ခုကို ထည့်သွင်းပြီးတိုင်း anti-malware app ဖြင့် အမြဲ scan လုပ်သင့်သည်။
(၆) Secure Update Scanner ကို အသုံးပြုပါ။Secure Update Scanner ကို ထည့်သွင်း အသုံးပြုခြင်းကလည်း တစ်မူထူးခြားသည့် လုံခြုံရေးအန္တရာယ်ကို ကာကွယ်နိုင်သည်။ Developer များသည် အစပိုင်းတွင် အန္တရာယ်ကင်းသည့် app များကို ဖန်တီးပေးပြီး update ပြုလုပ်ခိုင်းသည့်အခါတွင် malware များကို ထည့်သွင်းနိုင်သည်။ ထို့ကြောင့် Secure Update Scanner ကို အသုံးပြုပြီး ပုံမှန် စစ်ဆေးခြင်းက app update နှင့် operating system update များတွင် malware ပါဝင်သည့် အန္တရာယ်နှင့် ကင်းဝေးစေမည် ဖြစ်သည်။
(၇) App အတွက် permissions စာရင်းကို သေချာဖတ်ပါ။App တွေကို install ပြုလုပ်သည့်အခါ permissions စာရင်းကို မဖတ်ဘဲ install မလုပ်သင့်ပါ။ အကယ်၍ ဂိမ်း သို့မဟုတ် note-taking app တစ်ခုကို ထည့်သွင်းသည့်အခါ permissions စာရင်းတွင် ဆက်သွယ်မှု၊ ဖုန်းနံပါတ်နှင့်ကွန်ရက်အချက်အလက်များကို အသုံးပြုရန် ခွင့်ပြုချက်များ လိုအပ်ကြောင်း ဖော်ပြထားသည်။ ခွင့်ပြုချက်ပေးခဲ့ပါက malware များကို ထည့်သွင်းနိုင်သည်။
(၈) SIM ကတ်ကို lock လုပ်ပါ။ဖုန်းမှ အချက်အလက်များကို encrypt လုပ်သလို SIM ကတ်ကိုလည်း lock လုပ်ထားသင့်သည်။ SIM ကတ်ကို lock ထားသည့်အခါ ဖုန်းကို restart လုပ်တိုင်း PIN နံပါတ် တောင်းမည်ဖြစ်သည်။ ထို့ကြောင့် ဖုန်းမှ အချက်အလက်များ ဆုံးရှုံးမည်ကို စိုးရိမ်ပါက SIM ကတ်တွင် PIN နံပါတ်ဖြင့် lock ပြုလုပ်ထားရန် လိုအပ်သည်။
(၉) မလိုအပ်သည့်အချိန်တွင် Bluetooth နှင့် hotspot ဝန်ဆောင်မှုများကို ပိတ်ထားပါ။Bluetooth နှင့် hotspot ဝန်ဆောင်မှုများကို ဖွင့်ထားသည့်အခါ အခြား ထုတ်ကုန်များက သင့်၏ ဖုန်းကို မြင်တွေ့နိုင်သည်။ ၎င်းသည် လုံခြုံရေးချိုးဖောက်မှုအတွက် လမ်းဖွင့်ပေးသလို ဖြစ်နိုင်သည်။ ထို့ကြောင့် မလိုအပ်သည့် အချိန်တွင် အဆိုပါ ဝန်ဆောင်မှုများကို ဖွင့်လျက် မထားသင့်ပေ။ ၎င်းသည် လုံခြုံရေး အန္တရာယ် ရှိနိုင်သလို ဘက်ထရီလည်း ကုန်ဆုံးလွယ်စေသည်။
(၁၀) Location setting ကို လိုအပ်မှ ဖွင့်ပါ။အသုံးပြုရန် မလိုအပ်သည့်အခါ location setting ကို ပိတ်ထားသင့်သည်။ ၎င်းသည် Android ထုတ်ကုန်၏ လုံခြုံမှုနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း ဖုန်း၏ လုံခြုံမှုစနစ်ကို ထိန်းချုပ်နိုင်သောကြောင့် အချက်အလက် ပေါက်ကြားမှု ဖြစ်ပေါ်နိုင်သည်။ လိုအပ်ချိန်မှသာ location setting ကို ဖွင့်ပြီး အသုံးပြုခြင်းသည် ဘက်ထရီ အလျင်အမြန် ကုန်ဆုံးခြင်းကို လျော့နည်းသက်သာစေသည်။ ထို့အပြင် မလိုလားအပ်သည့် အချက်အလက် သုံးစွဲမှုကိုလည်း လျော့နည်းစေသည်။
PDF ပုံစံဖြင့်သိမ်းဆည်းထားလိုသူများအတွက် > http://www.mediafire.com/view/4s5tpe509i2su1o/ANDROID_ကို_ပိုမိုလုံခြုံအောင်_ပြုလုပ်ထားနိုင်မည့်_အချက်.pdf
Ref.MobileMother
Tuesday, November 4, 2014
Honor 3C china and international brand များအတွက် sim error , imei error fixer
Honor 3C china and international brand များအတွက် sim error , imei error fixer
Honor 3C က china နဲ့ international ဆိုပြီး brand 2 ခုလာပါတယ်။ အဲ့ brand 2 ခုစလုံးအတွက် firmware မှားတင်တဲ့ အချိန်မှာ ဖြစ်တတ်သော imei error , sim error တွေ အတွက် tool လေး တစ်ခု တင်ပေးလိုက်ပါတယ်။
bat file နဲ့ ရေးထားတာ ဖြစ်တဲ့အတွက် အသုံးပြုရတာ လွယ်ကူပါတယ်။ မိမိ brand ကို ရွေးပေးလိုက်ယုံပါပဲ။
အကယ်လို့များ မိမိ ဖုန်း brand ကို မသိခဲ့ဘူးဆိုလျှင် china or international checker.bat လေးကို run ပေးလိုက်ပါ။
Credit - Ko Hein Maung
Tool Download > https://www.dropbox.com/s/ox7rwn9fqh7fox5/honor%203c%20imei%20error%20repair%20and%20version%20checker.7z?dl=0
Mirror Download > http://www.mediafire.com/download/1z250fnsxrgwb5p/honor_3c_imei_error_repair_and_version_checker.7z
PDF ပုံစံဖြင့် သိမ်းဆည်းထားလိုသူများအတွက် > http://www.mediafire.com/download/37z3vy1q44kxq08/Honor_3C_china_and_international_brand_များအတွက်_sim_error.pdf

MobileX Firmware - Mobile Tech & Firmwares Download
MobileX Firmware - Mobile Tech & Firmwares Download
ဖုန်းနှင့်ပက်သက်သည့် နည်းပညာများအကြောင်း ၊ PDF စာအုပ်များ ၊ Mobile Service Tools ၊ ကွန်ပျုတာဆော့ဝဲများ နှင့် Mobile Firmwares ဖိုင်များကို Download ရယူနိုင်အောင် စီစဉ်ပေးထားသည့် Website ဖြစ်ပါတယ်။
အဆိုပါ Website မှာ Download ရယူနိုင်ဖို့ အတွက် Register ပြုလုပ်ပေးရပါမယ်။
Visit > http://www.forumformyanmar.com/index.php
MobileX Firmware - Mobile Firmwares Download - Index
www.forumformyanmar.com

Wondershare Dr.Fone for iOS v4.0.1.75 MultiLingual Full
Wondershare Dr.Fone for iOS v4.0.1.75 MultiLingual Full
Download > http://www.forumformyanmar.com/index.php?topic=493
Ref.MobileMother
Download > http://www.forumformyanmar.com/index.php?topic=493
Ref.MobileMother
IOS 8 တွင် Nexy Keyboard ထည့်သွင်းနည်း လေးတင်ပေးလိုက်ပါတယ်
IOS 8 တွင် Nexy Keyboard ထည့်သွင်းနည်း လေးတင်ပေးလိုက်ပါတယ်။
1. Install ZawGyi Font.
(Note : Ignore the warning message for unsigned certificate)။
ZawGyi Font ကို Install ပြုလုပ်ပါ။
(မှတ်ချက် : Unsigned Certificate ဆိုပြီး Warning စာပြပါမည်။ အရေးမကြီးပါ။)
2. After Zawgyi font installation, go to Setting > General
Font Install ပြုလုပ်ပြီးလျှင် Setting > General အောက်ကိုသွားပါ။
3. And then, You should already be in General, Go for Keyboards.
ပြီးလျှင် General အောက်မှ Keyboards ထဲကို ထပ်သွားပါ။
4. In Keyboards Settings, You will find Keyboards again.
Keyboards ထဲဝင်ပြီးလျှင် Keyboard အမျိုးအစားရွေးချယ်ရသော Setting ကိုထပ်တွေ့ပါလိမ့်မည်။ ဝင်လိုက်ပါ။
5. You will find keyboards that you’re using currently, Go to “Add New Keyboard..” and Add “Nexy Keyboard”. You’re good to go!
သင်ယခုထည့်သွင်းထားသော Keyboard များကို မြင်တွေ့ရပါလိမ့်မည်။ Add New Keyboard တွင် Nexy Keyboard ကို ထည့်သွင်းပြီးပါက Nexy Keyboard ကို စတင်အသုံးပြုနိုင်ပါပြီ!
Download at https://appsto.re/sg/azcJ3.i
Credit : http://www.zealot-mko.com

Android application များရေးသားနည်းကိုစလေ့လာချင်တဲ့ Beginner တွေအတွက်
Android application များရေးသားနည်းကိုစလေ့လာချင်တဲ့ Beginner တွေအတွက် နယ်ဝေးကဖြစ်လို့ သင်တန်းလည်း မတက်နိုင်ဘူး ၊ သင်တန်းတက်ချင်သော်လည်း အဆင်မပြေဘူး အင်တာနက်ကပဲလေ့လာချင်တဲ့သူတွေအတွက် အဆင်ပြေအောင်လို့ Beginner တွေအတွက် Android Application ရေးသားနည်းကို အပိုင်းဆက်အလိုက် ကျွန်တော် ရေးသားထားခဲ့တာရှိပါတယ်။ စတင်လေ့လာစ Beginner Level အလွယ်တကူနားလည်လွယ်အောင် ရေးပေးထားတာတွေပါ။ အခုတော့ အဲဒီ Blog ကို ဘယ်သူမဆိုလေ့လာနိုင်အောင် ဖွင့်ပေးလိုက်ပါတယ်။ Android Application ရေးသားနည်းကို စတင်လေ့လာနေတဲ့ Beginner တွေအတွက် Knowledge အနေနဲ့ရော လက်တွေ့ Beginner Tutorial အနေနဲ့ပါ ဒီ Android Dev Blog လေးက တစ်တပ်တစ်အားဖြစ်စေမယ်ဆိုရင် ကျွန်တော့်အနေနဲ့ ရေးရကျိုးနပ်ပါပြီ။ Android Dev Knowledge အားသန်လာတဲ့သူတွေကတော့ ဒီ့ပြင် Site တွေ ebook တွေကို ထပ်ပြီးလေ့လာနေဖို့လိုပါတယ်။ စတင် လေ့လာချင်သူတွေအနေနဲ့
www.mmandroiddev.blogspot.com မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
နောက်ပိုင်းအားတဲ့အခါတွေမှာလည်း အပိုင်းအသစ်တွေထပ်ရေးပေးပါဦးမယ်။
အားလုံးပဲအဆင်ပြေကြပါစေ။
သက်နိုင်စိုး (Myanmar Mobile App Store)
https://www.facebook.com/thetnaing.mmas

iOS 8.0 - 8.1.x jailbreak Tool by PanGu V1.2.0 updated Download
iOS 8.0 - 8.1.x jailbreak Tool by PanGu V1.2.0 updated Download
Change log
1.2.0(2014.11.04)
1. Fix the issue that launchd may drain cpu on 32bit devices.
2. Fix Safari reloading bug and occasionally crash problem.
3. Optimize jailbreak process.
4. Restore function now support iPad Air2/iPad Mini3.
Download
http://dl.pangu.25pp.com/jb/Pangu8_v1.2.0.exe
www.thantoeaung.net

Subscribe to:
Comments (Atom)