Tuesday, May 7, 2013

အင်တာနက်နှင့်အီးမေး အဆင့်မြင့် အသုံးပြုနည်းများ စာအုပ်


သူရအောင် ( B.C.Sc ) ရေးတဲ့ အင်တာနက်နှင့်အီးမေး အဆင့်မြင့် အသုံးပြုနည်းများ စာအုပ် ဖြစ်ပါတယ်.. အင်တာနက် အီးမေး မသုံးတတ်ရင် ခေတ်မမီတော့တဲ့ ဒီလို ခေတ်ထဲမှာ Chat ထိုင်တတ်ရုံ၊ Facebook မှာ Comment ပေးတတ်ရုံ လောက်နဲ့ အဆင်မပြေတော့ပါဘူး.. အဆင့်မြင့်တဲ့ နည်းစနစ်တွေကို လေ့လာပြီး အင်တာနက်မှာ အကျိုးရှိတဲ့ ဗဟုသုတတွေ ရရှိနိုင်စေဖို့ ဒီစာအုပ်က လမ်းပြပေးပါလိမ့်မယ်..


Download Links:

I-Mobile IQ 2, IQ 3, IQ 4, IQ 5 အတွက် Drivers များနှင့် Driver တင်နည်း


I-Mobile IQ 2, IQ 3, IQ 4, IQ 5 အတွက် Drivers တွေကို အောက်ကလင့်မှာ ဒေါင်းပါ...

IQ2 

IQ3

IQ4

IQ5

ကဲ.. ဒေါင်းပြီးပြီဆိုရင် Install လုပ်နည်းဆီသွားကြည့်ရအောင်..
1. မိမိဖုန်းမှာ Setting>Application> Unknown Source ကို အမှန်ခြစ်အရင်ခြစ်လိုက်ပါ...
2. Setting>Application>Develop အတိုင်းဝင်ပြီးတော့  USB Debugging , Stay Awake, Allow mock location တွေရဲ့ဘေးမှာ အမှန်ခြစ်ထားလိုက်ပါ..
3. ဖုန်းကို Computer နဲ့ချိတ်လိုက်ပါ..
4. My Computer ကို Right Click ထောက်လိုက်ပြီး Manage ကိုနှိပ်လိုက်ပါ.. ပြီးရင် Device Manager ကို ထပ်နှိပ်လိုက်ပါ.. ညာဘက်မှာ ကိုယ်တပ်ဆင်ထားတဲ့ ဖုန်းကို ကွန်ပျူတာက မသိသေးကြောင်း အ၀ါရောင် ? လေး ပေါ်နေပါမယ်..
5. အဲဒီ အ၀ါရောင် ? လေးကို ညာကလစ်ထောက်ပြီး Update Driver ကိုနှိပ်လိုက်ပါ...
Install from a list or specific location ( Advanced ) ကိုရွေးပြီး Next ကိုနှိပ်လိုက်ပါ.. ထပ်ပေါ်လာတဲ့အကွက်ထဲမှာ Browse ကိုနှိပ်ပြီး ကိုယ်ဒေါင်းထားခဲ့တဲ့ ဖိုင်ကို ရွေးပေးလိုက်ပါ.. ပထမ Folder ကြီးကို ရွေးပြီး Next ကို နှိပ်ပါ.. မရရင် အထဲမှာ AMD နဲ့ x86 ဆိုတာ နှစ်ဖိုင်ပါတယ်..အဲဒီ ဖိုင်တစ်ခုခုကို ရွေးပြီး Next ကိုနှိပ်ပါ.. Driver Install လုပ်နေတာကို တွေ့ပြီဆိုရင် အိုကေပြီပေါ့.. ကွန်ပျူတာကို
6. Restart ချလိုက်ပြီး ဖုန်းကို ထပ်ချိတ်ကြည့်ပါ.. ခုနကလိုပဲ Manage ထဲက Device Manager ထဲမှာ ကိုယ့်ဖုန်းကို သိပြီဆိုရင် ရပါပြီ...

ဝန်ခံခြင်း... ( ဒီ Driver တွေကို ကျွန်တော် မတင်ဖူးပါ.. လေ့လာမိသလောက် ပြန်လည် ဖောက်သည်ချထားခြင်းသာ ဖြစ်ပါတယ်ခင်ဗျာ.. )

သင်ဆရာ မြင်ဆရာတို့ကို ဦးထိပ်လျက်

Samsung အတွက် Odin3 v3.04


Samsung သမားတွေအတွက် မရှိမဖြစ်လို့ဆိုရမယ့် Odin ဗားရှင်း Odin3 v3.04 ဖြစ်ပါတယ်.. ဒီကောင်က Samsung တွေ Root ဖောက်ရာမှာ၊ Firmware ရေးရာမှာ၊ CWM တင်ရာတွေမှာသုံးလို့ သိပ်ကောင်းတယ်တဲ့...


Download Links:

အင်တာနက်ဂျာနယ် (၆.၅.၁၃) အတွဲ (၁၄) အမှတ် (၁၇)



နည်းပညာနဲ့ပတ်သတ်တဲ့ ဂျာနယ်တွေကိုလည်း ကျွန်တော်ဆိုဒ်မှာ အပတ်စဉ်တင်သွားပေးပါ့ မယ်ဗျာ။နောက်အပတ်များမှာလည်း အပတ်စဉ် တနင်္လာနေ့တိုင်း တင်ပေးသွားပါ့မယ်ဗျာ။ အခုအပတ်မှာ Internet Journal  အတွဲ (၁၄) အမှတ် (၁၇) ကို တင်ပေးလိုက်ပါတယ်ဗျာ။ ဒီနေ့ May-6 ရက်နေ့ထွက် Update လေးပါ  အောက်က Link မှာဒေါင်းယူပြီး ဖတ်ရှုနိုင်ပါတယ်ဗျာ။ ဂျာနယ်ကို ၀ယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။




**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

i mobile IQ2 & IQ3 ကို Root လုပ်နည်း


 
မိမိဖုန်းတွင် ( USB Debugging ) ကိုအမှန်ခြစ်ပေးထားပါ,
USB  ကြိုးချိတ်ပါ ပြီးရင်ကွန်ပျူတာမှာ Driver Not Found ပြလာပါလိမ့်မည်,
My computer ကိုရိုက်ကလစ်နှိပ်ပြီး manager ထဲမှ  Device Manager ထဲတွင် ဖုန်း Driver တွင်( ? ) ပြနေပါလိမ့်မည်
( ? ) ပြနေသော Driver တွင် Rightclick နှိပ် Update Driver  Software နှိပ်ပါ
Browser my computer driver software MT6573ADB driver ကိုရွေးပေးပြီး ok ပေးပြီး မိမိဖုန်း Driver ကို computer နဲ့ ချိန်ဆက်မူပြီးပါပြီး
နောက်တဆင့်  မိမိ ဖုန်းကို USB ဖြုတ်ပြီး ဖုန်းကို ပိတ်လိုက်ပါ , ပြီးရင် Power နဲ့ Volume down တပြိုင်ထဲနှိပ်ပါ , ဖုန်းပွင့်လာရင် power ခလုတ်ကိုလွတ်ပြီး VolumeDown ကိုမလွှတ်ပဲဆက်နှိပ်ပါ
မိမိဖုန်း Factory mode ထဲရောက်သွားပါလိမ့်မည်, ဖုန်းကို USB ထိုးလိုက်ပါ Computer မှာ Driver NotFound ပြလာပါလိမ့်မယ်
My computer ကိုရိုက်ကလစ်နှိပ်ပြီး manager ထဲမှ  Device Manager ထဲတွင် CBC Driver (?) ပြနေပါလိမ့်မယ်, CBC Driver ကို Right Click နှိပ်ပြီး ( Update Driver Software )ကိုနှိပ်ပါ
Browser my computer for driver software ကိုနှိပ်ပါ, ပြီးရင် ( Let me pick from a list of device on my computer နှိပ်ပြီး ပေါ်လာသော Menu မှ Android phone ကိုရွေးပြီးရင် Next , Yes နှိပ်ပြီး ok ရွေးပေးလိုက်ပါ, မိမိကွန်ပျူတာက Android Device သိသွားပါပြီး ,  Root လုပ်ရန်အသင့်အနေအထားရရှိသွားပါပြီး
မိမိဖုန်းကို Factory Mode ခေါ်ပြီး USB ထိုးလိုက်ပါ ,Download ဆွဲထားသောဖိုင့်ထဲမှ( Step-1-Check Drivers ) Run လိုက်ပါ
နောက်ပြီး ( Step-3-Root ) ကို Run လိုက်ပါ < 1/3 > ဆိုပြီး  Reboot ကျသွားပါလိမ့်မယ် Volume down ကိုနှိပ်ထားပေးပါ
Factory mode ရောက်ရင် ( Enter ) နှိပ်လိုက်ပါ, < 2/3 > နောက်တစ်ခေါက် Reboot ကျသွားပါလိမ့်မည်
Volume down ကိုနှိပ်ပါ Factory mode ထဲ နောက်တစ်ခေါက်ရောက်သွားပါလိမ့်မည် ( Enter ) နှိပ်ပါ, ဘာခလုပ်မှနှိပ်စရာမလိုတော့ပါဘူး ( Enter ) ကိုနှိပ်လိုက်ပါ
Reboot ကျသွားပါလိမ့်မည်, မိမိဖုန်းပေါ်မှာ Super user icon လေးကိုတွေရမှာဖြစ်ပါတယ်......စမ်းပြီးပါပြီးအားလုံးအဆင်ပြေပါတယ်

Download Root Files :


စမ်းပြီးပြီဆိုတာ ကျွန်တော် စမ်းထားတာ မဟုတ်ဘူးနှော်..

Myanmar MPx Team က jipsycloud2010 ဆိုသူစမ်းထားတာ...

ကိုယ့်ရဲ့ Facebook ကို လုံခြုံရေးကောင်းအောင် လုပ်နိုင်ပြီ



 ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတချို့ကို “Trusted Friends” ထဲ ထည့်သွင်းထားခြင်းအားဖြင့် သင့်ရဲ့ Facebook account ခိုးယူခံယူရခြင်းမှ ကာကွယ်နိုင်ပါပြီ။

Facebook account ထဲဝင်လို့ မရတော့ဘဲ ပြဿနာ တက်နေတယ်ဆိုရင် သူတို့ အကူအညီနဲ့ ပြဿနာ ပြေလည်စေပါလိမ့်မယ်။
သောကြာနေ့က မိတ်ဆက်လိုက်တဲ့ “Trusted Contacts” ဆိုတာလေးကို Facebook မှာ တွေ့ ရမှာပါ။

“Trusted Contacts” ဆိုတာ သင်ရဲ့ လျှို့ ဝှက် နံပတ် (Password) ကို သူငယ်ချင်းများအကူအညီနဲ့ ပြန်လည်ရယူနိုင်အောင် Facebook က ဖန်တီးပေးလိုက်တာပါ။
Facebook က ဒါကို အကောင်အထည်ဖော်ဖို့ စမ်းသပ်နေတာ ၂၀၁၁ ခုနှစ်ကတည်းကဖြစ်ပြီး အခုမှာတော့ အသုံးပြုဖို့  အဆင့်သင့်ဖြစ်တာကြောင့် ကြာသပတေးနေ့မှာ ထုတ်ပြန် ကြေညာလိုက်တာဖြစ်ပါတယ်။

“Trusted Contacts” ဆိုတာ ဒီလိုပါ။

၁။ သင်ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ ၃ ယောက်ကနေ ၅ ယောက်ထိကို ရွေးချယ်ထားရပါမယ်။
၂။ သင့်ရဲ့ Facebook account ပိတ်ခံရတဲ့အခါမျိုးမှာ Facebook က သင်ရွေးချယ်ထားတဲ့ မိတ်ဆွေတွေဆီကို security codes တွေ လှမ်းပို့ ပေးမှာပါ၊
၃။ အဲဒီ security codes တွေကို မိတ်ဆွေတွေဆီက ရယူနိုင်ပါတယ်။

ဒီနည်းနဲ့ Facebook account အပိတ်ခံရခြင်း (သို့ ) ခိုးယူခံရခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

နာမည်ကြီးသူတွေရော သာမန် သူလိုကိုယ်လိုတွေပါ ဟက်ကာလက်ချက် ခံနေရချိန်မှာ ပေါ်လာတဲ့ ဒီလို လုံခြုံရေးအစီအစဉ်သစ်ကို Facebook သုံးသူတွေ နှစ်သက်ကြမှာပါ။

ကိုယ့်အကောင့် ဖောက်ထွင်းခံရတာမျိုးက အချိန်မရွေး ကြုံရနိုင်ပါတယ်။ Facebook ကိုယ်တိုင်လည်းကြုံခဲ့ရပါတယ်။

ဒီအကြောင်းကို Facebook လည်း အဟက်ခံလိုက်ရ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီဘလော့http://blog.irrawaddy.org/2013/02/facebook_18.html မှာ ဖော်ပြခဲ့ပြီးပါပြီ။

အခု ပေါ်လာတဲ့ Facebook ရဲ့ နည်းလမ်းသစ်ကို အသုံးပြုခြင်းဖြင့် လုံခြုံရေး မေးခွန်းများ ( Security Question ) နဲ့ သင်မည်သူဖြစ်သည်ကို ဖြေဆိုရတဲ့ ( Web Forms Question) တွေကို အချိန်ကုန်ခံပြီး ဖြေဆိုစရာမလိုတော့ဘူးလို့ သိရပါတယ်။

“Trusted Contacts” ကို စတင် အသုံးပြုမယ် ဆိုရင်တော့ “ Security Settings “ မှာ သင် ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေစာရင်းကို ထည့်သွင်းနိုင်ပါတယ်။
သင့်ရဲ့ မိတ်ဆွေတွေကို “Trusted Contacts” ထဲ ထည့်သွင်းလိုက်တာနဲ့ Facebook က စာလှမ်းပို့ အကြောင်းကြားပေးမှာဖြစ်ပါတယ်။

ဒါပေမယ့် သတိထားရမယ့်အချက်ကို မှာထားပါသေးတယ်။
Facebook Account ရဲ့ လုံခြုံရေးဟာ အိမ်တအိမ်ရဲ့ လုံခြုံရေးလိုပါပဲ တဲ့။
သင်တကယ်ယုံကြည်စိတ်ချနိုင်တဲ့မိတ်ဆွေများကိုသာ “Trusted Contacts” ထဲမှာ ထည့်သွင်းပါလို့ အကြံပြုသွားပါတယ်။

PicSay Pro - Photo Editor v1.6 for Android


 
PicSay Pro က Android တွေမှာ ဓါတ်ပုံတွေကို Edit လုပ်ရာမှာ သိပ်ကောင်းတယ်လို့ဆိုပါတယ်.. Fun Photo တွေလုပ်နိုင်တဲ့အပြင် ပုံတွေကို Sharpen လုပ်နိုင်တယ်.. Red eye တွေကိုဖယ်ထုတ်နိုင်တယ်.. Distort လုပ်နိုင်တယ်.. Distort ဖြစ်တာတွေကို ပြန်တည့်နိုင်တယ်.. Cutout တွေထည့်နိုင်တယ်..  Sketch တွေဆွဲနိုင်တယ်.. Pen နဲ့သုံးရတဲ့ ဖုန်းတွေကိုသိပ်ကောင်းတာပေါ့ဗျာ.. အသေးစိပ်ကအစ လုပ်လို့ရတယ်.. Android Version အမြင့် မလိုပါဘူး.. 1.6 နဲ့အထက်ဆိုရပါပြီ...


PicSay Pro - Photo Editor v1.6 APK - Sharpen, remove red eye, crop & straighten, distort, insert cutouts of other pictures, paint, make color splash out of black-and-white pictures, add text, word balloons, apply effects like Cross Process, Lomo, Vignette, faux HDR, Tilt-shift, Pencil Sketch, and much more.
Includes support for Android tablets like the Motorola Xoom, Samsung Galaxy Tab, Asus Eee Pad Transformer, and others.
Supports pressure-sensitive drawing with a pen for devices like the HTC Jetstream


Download Links: