Thursday, December 4, 2014

Android ဖုန်းကိုင်သူများကို မနာလိုဖြစ်စေမည့် iPhone App တစ်ချို့ 

Android ဖုန်းကိုင်သူများကို မနာလိုဖြစ်စေမည့် iPhone App တစ်ချို့ 

နာမည်ကြီး Application, Game အများစုသည် iOS အတွက်သာ အရင်ထွက်ရှိလေ့ရှိသည်။ iOS Platform အတွက် ထွက်ရှိပြီးမှသာ Android, Windows, စသည့် တစ်ခြား Mobile Plaform များအတွက် တဖြည်းဖြည်း ထွက်ရှိလာကြပါတယ်….

ယခုဖော်ပြမည့် iOS App များ မှာ တစ်ခြား မည်သည့် Platform အတွက်မှ ထုတ်လုပ်ထားခြင်းမရှိပါဘူး….. iPhone User များအတွက်သာ သီးသန့် ဖြစ်ပါတယ်…..

1. Manual
Manual App သည် Photography App အမျိုးအစားဖြစ်ပြီး သင်၏ iPhone Camera အား Professional Photographer များ ဓာတ်ပုံရိုက်သကဲ့သို့  ပြောင်းလဲပေးနိုင်ပါတယ်။
https://itunes.apple.com/app/id917146276

2. Paper
iPhone ဖြင့် Facebook အသုံးပြုသူများအတွက် အထူးထုတ်လုပ်ပေးပါတယ်။ တစ်မူထူးခြားတဲ့ User Expericene ကို မြင်တွေ့ နိုင်ပါတယ်။
https://itunes.apple.com/us/app/paper-stories-from-facebook/id794163692?mt=8

3. Next Glass
Next Glass App သည် ဘီယာနှင့် ၀ိုင်ပုလင်းများကို အိုင်ဖုန်းကင်မရာဖြင့် Scan ဖတ်နိုင်ပြီး အဆိုပါဝိုင်ပုလင်း၏ သက်တမ်း၊ အယ်လ်ကိုဟော ရာခိုင်နှုန်းမည်မျှပါသည် စသည့် အချက်အလက်များကို အသေးစိတ် ကြည့်ရှုနိုင်ပါသည်။
https://itunes.apple.com/us/app/next-glass-explore-craft-beer/id868322878?mt=8

4. Hyperlapse
Instagram မှ ထုတ်လုပ်ထားတဲ့ App တစ်ခုဖြစ်ပြီး Time-lapse Video များကို ကောင်းမွန်စွာ ရိုက်ကူးနိုင်ပါတယ်။
https://itunes.apple.com/app/id740146917

5. Dark Sky
Dark Sky App သည် သင့်အား ဘယ်အချိန် တွင် မိုးရွာမလဲ ဆိုတာကို အတိအကျ ဖော်ပြနိုင်ပါသည်။
https://itunes.apple.com/us/app/dark-sky/id517329357?mt=8

6. Clear
Clear App သည် နေ့ စဉ်လုပ်ဆောင်ရန် To Do List များကို အလွယ်တကူ သိမ်းဆည်းထားနိုင်ပါတယ်။ Drag & Drop ပုံစံမျိုး အသုံးပြုရသည့်အတွက် iPhone User များအတွက် အကောင်းဆုံး User Experience ကိုပေးနိုင်ပါတယ်။
https://itunes.apple.com/app/id493136154

7. Sky Guide
နက္ခတ္တဗေဒ App အမျိုးအစားတစ်ခုဖြစ်ပြီး မိမိ iPhone, iPad ကို ကောင်းကင်သို့ ချိန်ရွယ်လိုက်ရုံဖြင့် ထိုကောင်းကင်တွင် ကြယ်အရေအတွက် ၊ ဂြိုလ် အရေအတွက် မည်မျှ ရှိသည် စသည့်အချက်အလက်များကို ပြပေးပါတယ်။
https://itunes.apple.com/us/app/dark-sky/id517329357?mt=8

(c) IHouse Apple Services
www.facebook.com/IHouseAppleServices

မိုဘိုင်းဆက်သွယ်ရေး ဝေါဟာရများ

မိုဘိုင်းဆက်သွယ်ရေး ဝေါဟာရများ
========================

မိုဘိုင်းဖုန်းဟာ ကြိုးမဲ့ ဆက်သွယ်ရေး ပစ္စည်းဖြစ်တဲ့အတွက် သူ့အထဲမှာ ကြိုးမဲ့ ဆက်သွယ်ရေး စနစ် တစ်မျိုးမက ပါလာပါတယ်။ ဖုန်းဆက်ရုံလောက် ကိစ္စမှာ အဲဒီ စနစ်တွေ အကြောင်း မသိရင် ကိစ္စ မရှိပေမယ့် မိုဘိုင်းဖုန်း အင်တာနက်နဲ့ ပတ်သက်လာပြီဆိုရင် ကြိုးမဲ့ စနစ်တွေအကြောင်း နားလည်ဖို့ လိုလာပါတယ်။ ကြိုးမဲ့ ဆက်သွယ်ရေး စနစ်အကြောင်း နားမလည်တဲ့အတွက် handset ဝယ်တဲ့ နေရာမှာ အမှားတွေ ကြုံပါတယ်။ အင်တာနက် ချိတ်ဆက်ရေး ကိစ္စမှာ အခက်အခဲတွေ တွေ့ရပါတယ်။ မိုဘိုင်းဖုန်း တစ်လုံးကို ပြည့်ပြည့်စုံစုံ သုံးချင်သူတွေအတွက် ကြိုးမဲ့ ဆက်သွယ်ရေး စနစ်သုံး ဝေါဟာရတွေကို လေ့လာကြည့်ရအောင်။

- Bluetooth

Bluetooth ဆိုတာ တာတို ကြိုးမဲ့ ဆက်သွယ်ရေး စနစ်ပါ။ Bluetooth ပါတဲ့ ဖုန်းအချင်းချင်း၊ Bluetooth ပါတဲ့ ဖုန်းနဲ့ ကွန်ပျူတာတွေကြားမှာ ကြိုးမဲ့ ချိတ်ဆက်ပြီး data တွေ ဖလှယ်နိုင်ပါတယ်။ နားလည်အောင် ပြောရရင် ဖုန်းတစ်လုံးနဲ့ တစ်လုံး ချိတ်ပြီး သီချင်းတွေ၊ ဂိမ်းတွေ ဖလှယ်ကြတာမျိုးပေါ့ဗျာ။ ကျွန်တော်တို့ဆီမှာ လောလောဆယ် ဝင်နေတဲ့ handset အများစုမှာ Bluetooth 2.0 ကို သုံးပါတယ်။ တချို့မှာက Bluetooth 2.0 EDR (Enhanced Data Rate) ဆိုတာလည်း သုံးတယ်။ သူက data တွေကို ပိုပြီး မြန်မြန်ဆန်ဆန် လွှဲနိုင်ပါတယ်။

အခုဆိုရင် ခလုတ်ဖုန်း အတော်များများတောင်မှ Bluetooth စနစ်ပါနေပါပြီ။ အဆင့်မြင့် တို့ထိ ဖုန်းတွေမှာတော့ Bluetooth နားကြပ်နဲ့ ချိတ်ဆက်ပြီး ကားမောင်းရင်း လက်မကိုင်ဘဲ ဖုန်းပြောဖို့ သိပ်ပြီး အသုံးတည့်ပါတယ်။ နားကြပ်နဲ့ ဖုန်းနဲ့ကို Bluetooth ချိတ်ပြီး ဖုန်းပြောချင်သူတွေ 4.0 version ကို ရှာပြီးဝယ်ပါ။ Bluetooth ရဲ့ မူလ ဆက်သွယ်နိုင်တဲ့ အကွာအဝေးက ပေ ၃၀ အတွင်း ဖြစ်ပေမယ့် Bluetooth 4.0 မှာတော့ ပေ ၁၀၀ အတွင်းထိ ဆက်သွယ်နိုင်ပါတယ်။ ကြားမှာ နံရံတွေ ခြားရင် ဆက်သွယ်နိုင်တဲ့ အကွာအဝေး တိုပါမယ်။ အလုံပိတ် အခန်းတွေကြားမှာ နံရံဖောက်ပြီး မဆက်သွယ်နိုင်ပါဘူး။ သူ့ရဲ့ data လွှဲပြောင်းနှုန်းက 2.0 မှာ 50 kbps လောက်ရှိပြီး 4.0 မှာ 100 kbps ဝန်းကျင် ရှိပါတယ်။ MP3 သီချင်း တစ်ပုဒ် လွှဲရင် တစ်မိနစ် နီးပါး ကြာပါမယ်။ Bluetooth သုံးချင်ရင် setting ဆိုတဲ့ စက်သွားပုံ ပင်နယံ အဝိုင်းလေးကို ရှာရမယ်။ Setting > Wireless & Networks > Bluetooth အောက်ကို ဝင်ပြီး သုံးရပါမယ်။ ချိတ်ဆက်မယ့် ဖုန်းနှစ်လုံးစလုံး Bluetooth ဖွင့်ထားရမယ်။ Bluetooth setting ထဲဝင်ပြီး device အချင်းချင်းသိအောင် discoverable/visible ကိုဖွင့်ထားပြီး Bluetooth ဖွင့်ထားမယ့် ကာလ (discoverable time out) လုံလောက်အောင် ပေးရပါမယ်။

- Wi-fi

သူကလည်း တာတို ကြိုးမဲ့ ဆက်သွယ်ရေး စနစ်ပါပဲ။ Bluetooth ထက်ပိုပြီး ဝေးဝေး ဆက်သွယ်နိုင်တယ်။ လှိုင်းတွေက နံရံဖောက်ဝင်အား ပိုပြီး ကောင်းပါတယ်။ လောလောဆယ်သုံးတဲ့ n စနစ်က ကြားမှာ အတားအဆီး မရှိရင် ပေ ၃၀၀ အကွာအဝေး အထိ ဆက်သွယ်နိုင်ပါတယ်။ ခလုတ်ဖုန်း အတော်များများမှာ wifi စနစ်ပါလေ့ မရှိပါဘူး။ တို့ထိ ဖုန်းတွေမှာပဲ ပါပါတယ်။ Wi-fi စနစ်က အမျိုးအစားတွေများတော့ သူ့ကို ခွဲခြားပြီး ပြောရင် 802.11 ဆိုတဲ့ စာလုံးကို ရှေ့ကခံပြီး ပြောပါတယ်။ ဒီနေ့အထိ အများသုံးနေတာဟာ a/b/g/n ဆိုပြီး စနစ်လေးမျိုး ရှိပါတယ်။ (n) က အမြန်ဆုံး ဖြစ်တဲ့အတွက် handset ဝယ်ရင် (n) အမျိုးအစား ပါ ၊ မပါ သတိထားပြီး ဝယ်ရမယ်။ Data လွှဲပြောင်းတဲ့ အမြန်နှုန်းကို ကြည့်ရင် a/b/g အမျိုးအစားတွေမှာ 54 Mbps (mega bit per second) ရပြီး 2.4 GHz လှိုင်းခွင်ကနေ လွှင့်နိုင်ပါတယ်။ (n) အမျိုးအစားက 450 Mbps အထိ data လွှဲပြောင်းမှု အမြန်နှုန်းရှိပြီး 2.4 GHz နဲ့ 5 GHz လှိုင်းခွင် နှစ်ခုကနေ လွှင့်နိုင်တဲ့ အားသာချက် ရှိပါတယ်။ အခုနောက်ပိုင်း အဆင့်မြင့် handset တွေမှာ wifi direct စနစ်ပါလာပြီမို့ handset အချင်းချင်း တိုက်ရိုက်ချိတ်ပြီး data တွေ လွှဲနိုင်ပါတယ်။ ကျွန်တော်တို့ အသုံးများတဲ့ Zapya ကလည်း Wi-fi direct စနစ် တစ်မျိုးပါပဲ။ Wi-fi ရဲ့ အားသာချက်က အချင်းချင်း ချိတ်ဆက်တဲ့ နေရာမှာ Bluetooth လို အသိအမှတ်ပြုတဲ့ စနစ် (pair) လုပ်ဖို့ မလိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် wifi ကွန်ရက်ထဲမှာ password ခံထားရင်တော့ အဲဒီ password သိမှ ဝင်လို့ ရပါမယ်။ မိုဘိုင်းဖုန်းတွေမှာ ကျွန်တော်တို့ အသုံးများတာက portable hospot ပါ။ Setting > Wireless & Network > Tethering & portable hotspot > Portable WLAN hotspot ဖြစ်ပါတယ်။ ကိုယ်က တခြားလူ တစ်ယောက်ယောက်ကို ဒါမှမဟုတ် ကွန်ပျူတာ တစ်လုံးကို အင်တာနက် ပေးသုံးမယ်ဆိုရင် hotspot ကို သုံးပါတယ်။ WLAN hotspot configuration ထဲဝင်ပြီး Network SSID/ security လုံခြုံမှု စနစ်ဖြစ်ပြီး အများအားဖြင့် WPA2 ဆိုတဲ့ လုံခြုံမှု အရှိဆုံး စနစ်ကို သုံးပါတယ်။ Password တွေ မဖြစ်မနေ ထည့်ပေးရပါတယ်။ လုံခြုံမှု အားကောင်းစေဖို့ password ၈ လုံး ထည့်ပေးရလေ့ ရှိပါတယ်။

- EVDO

အင်တာနက်သုံးမယ်ဆိုရင် သိထားရမယ့် အင်တာနက် ဆက်သွယ်ရေး စနစ်တစ်မျိုး ဖြစ်ပါတယ်။ CDMA 800 MHz (၇၃၀ ဖုန်းစနစ်လို့လည်း လူသိများပါတယ်) မှာ သုံးတဲ့ အင်တာနက် စနစ်က EVDO စနစ်ပါ။ အရှည်က Evolution Data Optimized ဖြစ်ပါတယ်။ Handset မျက်နှာပြင်ပေါ်မှာ 3G စာလုံးအနေနဲ့ မြင်ရပါမယ်။ ကျွန်တော်တို့ လောလောဆယ် သုံးနေတာက EVDO Revolution A စနစ်ဖြစ်ပြီး အင်တာနက် ဆွဲချ အမြန်နှုန်း 3.1 Mbps/ အင်တာနက်ပေါ် ပို့လွှတ် အမြန်နှုန်း 1.8 Mbps ရှိပါတယ်။ Revolution B စနစ်က ပိုမြန်ပေမယ့် ကျွန်တော်တို့ဆီမှာ လောလောဆယ် မသုံးနိုင်သေးပါဘူး။

- EDGE

သူကတော့ GSM ဖုန်းတွေမှာ သုံးတဲ့ အင်တာနက် စနစ် ဖြစ်ပါတယ်။ အရှည်က Enhanced Data rate ဖြစ်ပါတယ်။ Handset မျက်နှာပြင်ရဲ့ အပေါ်နားမှာ E ဆိုတဲ့ စာလုံးလေးနဲ့ မြင်ရပါမယ်။ သူတို့ဆီမှာ GSM ကလည်း 3G စနစ် အမြန်နှုန်းကို ရောက်နေပါပြီ။ ကျွန်တော်တို့ဆီမှာ စပြီး ပွဲထွက်တာက 2.5 စနစ် အမြန်နှုန်း စနစ် ဖြစ်ပါတယ်။ အင်တာနက်ကနေ ဆွဲချ အမြန်နှုန်း 384 kbps နဲ့ အင်တာနက်ပေါ် လွှတ်တင် အမြန်နှုန်း 59 kbps ဖြစ်ပါတယ်။ အင်တာနက် စနစ်မှာ အလွန်နှေးကွေးတဲ့အတွက် handset ဝယ်ရင် WCDMA/GSM နှစ်မျိုးတွဲကို ဝယ်ပြီး WCDMA အပေါက်မှာ GSM ကတ်ထည့်ပြီး သုံးသင့်ပါတယ်။

- HSDPA

သူကတော့ WCDMA ဖုန်းတွေမှာ သုံးတဲ့ အင်တာနက် စနစ် ဖြစ်ပါတယ်။ အရှည်က High Speed Downlink Packet Access ဖြစ်ပါတယ်။ Handset မှာ အင်တာနက် ချိတ်ထားရင် H ဆိုတဲ့ စာလုံးလေးကို မျက်နှာပြင် အပေါ်နားမှာ မြင်ရပါတယ်။ မြန်မာပြည်မှာ သုံးနေတာက 3.75 G စနစ်လို့ ပြောပါတယ်။ ကမ္ဘာ့စံ သတ်မှတ်ချက်အရဆိုရင် 3G+ စနစ်ပါ။ သီဝရီ အရဆိုရင် အင်တာနက်ပေါ်က ဆွဲချ အမြန်နှုန်း 7.2 Mbps နဲ့ အင်တာနက်ပေါ် ပို့ အမြန်နှုန်း 2 Mbps ရတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ လက်တွေ့ရနေတဲ့ အမြန်နှုန်းကတော့ သီဝရီမှာ ပြောတာရဲ့ အပုံတစ်ရာပုံ တစ်ပုံက အများဆုံးပါ။ ဒါပေမယ့် မြန်မာပြည်ရဲ့ မိုဘိုင်း အင်တာနက်မှာတော့ အမြန်ဆုံး ဖြစ်ပါတယ်။

- 1G / 2G / 3G / 4G

G ဆိုတာက Generation ပါ။ ဆက်သွယ်ရေး စနစ် မျိုးဆက်တွေပေါ့။ 1 G ဆိုတာက ပထမ မျိုးဆက် ဆက်သွယ်ရေး စနစ်ပေါ့။ မျိုးဆက်တစ်ဆင့် တက်လာတိုင်း အမြန်နှုန်းရော အရည်အသွေးပါ ပိုကောင်းလာပါတယ်။ 4G လို့ခေါ်တဲ့ စတုတ္ထ မျိုးဆက်ကတော့ လက်ရှိမှာ အမြန်ဆုံး အကောင်းဆုံး ဆက်သွယ်မှု စနစ်ပါ။

Credit: Original

idevice တွေကို Jailbreak လုပ်တာကောင်းသလား

idevice တွေကို Jailbreak လုပ်တာကောင်းသလား
====================================

လူတွေရဲ့ အမြင်မှာ idevice ကို jailbreak လုပ်လိုက်ရင် အကျိုးအမြတ်တွေ အများကြီးရနိုင်တယ်လို့ ထင်ကြပါတယ်။ အလားတူ jailbreak မလုပ်ခြင်းကြောင့်လည်း ရရှိနိုင်တဲ့ အကျိုးတရားတွေ လည်းရှိနေပါတယ်။ ဒီတော့ jailbreak လုပ်သင့် ၊ မလုပ်သင့် အောက်မှာဖတ်ကြည့်ရအောင်။

- Jailbreaking ဆိုတာဘာလဲ

Jailbreak လုပ်တယ်ဆိုတာ Apple ကုမ္ဋဏီက iOS လို့ခေါ်တဲ့ operating system နဲ့ run တဲ့ သူ့ထုတ်ကုန်ပစ္စည်းတွေ အပေါ်မှာ ကန့်သတ်ထားတဲ့ သတ်မှတ်ချက်တွေကို ချိုးဖောက်ပြီးတော့ ကိုယ်သုံးချင်တဲ့ လိုင်း၊ ကိုယ်သုံးချင်တဲ့ဆော့ဖ်ဝဲတွေနဲ့ သုံးနိုင်အောင် တရားမဝင် ပြုလုပ်ခြင်းလို့ အကြမ်းဖျင်း အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ်။

ဥပမာ - နောက်ဆုံးထွက် iPhone 5S လိုမျိုးမှာ jailbreak လုပ်တာတွေ ခေတ် စားတယ်။ တစ်နည်းပြောရရင်တော့ ပိတ်ထားတာတွေကို ပွင့်သွားအောင် နည်းမျိုးစုံသုံးပြီး၊ သတ်မှတ်ထားတဲ့ ဟာ့ဒ်ဝဲ အပေါ်မှာ အခြား ကိုယ်သုံးချင်တဲ့ နာမည်ကြီး ဆော့ဖ်ဝဲနဲ့ application တွေကို သုံးနိုင်အောင် စီစဉ်ခြင်းလို့ ဆိုနိုင်ပါတယ်။

- iDevices တွေကို jailbreak လုပ်သင့်တယ်

idevice ပိုင်ဆိုင်သူတွေအနေနဲ့ jailbreak ဟာ စိတ်ဝင်စားစရာ ကောင်းတဲ့ စွန့်စားမှုတစ်ခုလို့ ဆိုနိုင်တယ်။ Application တွေ၊ network နဲ့ system တွေကို လမ်းပွင့်သွားပြီး ပြဿနာအတော်များများကို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။ မိုဘိုင်းဖုန်း အတော်များများဟာ သူတို့ ကိုယ်ပိုင် share တွေနဲ့သာ အဆင်ပြေကြတာ များတယ်။ ကိုယ့်ဖုန်းကို ကိုယ့် system အတိုင်း ကန့်သတ်ချက်တွေ ရှိနေသရွေ့ jailbreaking တွေက ခေတ်စားနေမှာပဲ။ ကန့်သတ်ချက်တွေကို မကြိုက်ရင်၊ iPhone အတွက် သတ်မှတ်ပေးထားတဲ့ application တွေကိုပဲ မသုံးချင်ရင်၊ idevice တွေကို လိုတာထက် ပိုသုံးချင်ရင် jailbreaking လုပ်သင့်တယ်လို့ အကြံပြုကြတယ်။

Jailbreaking လုပ်သင့်တယ်ဆိုတဲ့ အမြင် ၃ ရပ်ရှိတယ်

၁။ အခြား Network တွေကိုပါ ရနိုင်တယ်

iPhone သုံးသူတွေမှာ ပြဿနာက အထူးသဖြင့် iPhone 4 နဲ့ 4S မော်ဒယ်တွေမှာ သတ်မှတ်ထားတဲ့ network ကုမ္ပဏီတွေရဲ့ လိုင်းခွင် အတွင်းမှာသာ သုံးနိုင်မယ်ဆိုတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ဥပမာ - iPhone တွေ ကို AT&T ကုမ္ပဏီက လိုင်းသုံးစွဲခွင့် မူပိုင်ယူထားတယ်။ အဲဒီ မူပိုင်ခွင့်ဟာ ၂ဝ၁၂ ခုနှစ် အထိ သက်ရောက်မှု ရှိနေလိမ့်ဦးမယ်။ AT&T ကုမ္ပဏီဟာ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးရာမှာ ပြဿနာ ပေါင်းစုံ ရင်ဆိုင်နေရတယ်။ ဖုန်းခေါ်ရင် ပြုတ်ကျတာမျိုး၊ လိုင်းမကောင်းတာမျိုးတွေ ဖြစ်တတ်လို့ မိုဘိုင်းဖုန်းသုံးသူတွေဟာ AT&T နဲ့မှ သုံးရမယ် ဆိုတဲ့ ဖုန်းတွေကို ရှောင်တတ်ကြတယ်။ ဒါပေမယ့် iPhone ကိုမှ ကြိုက်တယ်ဆိုတဲ့သူတွေကတော့ မလွှဲ မရှောင်သာ jailbreaking လုပ်တဲ့ ဆော့ဖ်ဝဲတွေကိုပဲ အားကိုးအားထား ပြုကြရတော့တယ်။ iPhone ကို jailbreak လုပ်တဲ့ ဆော့ဖ်ဝဲဟာ T-Mobile ကုမ္ပဏီရဲ့ GSM လိုင်း ဝန်ဆောင်မှုကို ရရှိအောင် ပြုလုပ်ပေးနိုင်တယ်။ T-Mobile ကတော့ အမေရိကန် ပြင်ပနိုင်ငံတွေမှာပါ သုံးနိုင်ပြီး လိုင်းခွင်လည်း ပိုမိတာကြောင့် လူကြိုက်များတယ်။

၂။ Application များများ သုံးနိုင်ခွင့်ရှိတယ်

Apple Store လို့ခေါ်တဲ့ အွန်လိုင်း application စတိုးမှာ Apple ကထုတ်သမျှ ဆော့ဖ်ဝဲ application တွေကို ရနိုင်တယ်။ အသုံးဝင်တဲ့ ဆော့ဖ်ဝဲတွေ၊ ဂိမ်းတွေကို ရယူနိုင်တယ်။ တကယ်လို့ iPhione 4/ 4S တွေကို jailbreak လုပ်လိုက်ရင် Apple က ကန့်သတ်ထားတဲ့ application တွေကိုပါ သုံးလို့ရသွားမယ်။ ခွင့်မပြုတာကို သုံးချင်ရင် တရားဝင် ခွင့်ပြုချက်တွေကို ချိုးဖောက် ရပါတယ်။ ဒါမှလည်း ဂိမ်း အတော်များများကို ကစားနိုင်ပါလိမ့်မယ်။

Jailbreaking application တွေမှာ အကောင်းဆုံးကို ဖော်ပြလိုက်ပါတယ်။

- MyWi

MyWi နဲ့ဆိုရင် iPhone ကို မိုဘိုင်း hotspot တစ်ခုလို သုံးနိုင်တယ်။

- MxTube

YouTube က ဗီဒီယို ဖိုင်တွေကို download ချယူနိုင်တယ်။ ဒါကြောင့် အင်တာနက် မရရင်လည်း offline မှာ ကြည့်နိုင်တယ်။

- PDANet

လူတိုင်းနဲ့ အင်တာနက် connection မှာ share လုပ်နိုင်လိမ့်မယ်။

- MY3G

Wi-Fi ရချင်ရင် သုံးနိုင်ပါတယ်။ ခုထိတော့ 3G ပဲရသေးတယ်။ YouTube ဗီဒီယို ဖိုင်တွေကို ကြည်လင်ပြတ်သားစွာ ကြည့်နိုင်တယ်။

- Intelliscreen

ဒီ application က ကိုယ့်လုပ်ငန်း အစီအစဉ်နဲ့ အီးမေးလ် account တွေကို ဖုန်းရဲ့ screen ပေါ်မှာ ပေါ်နေအောင် စီစဉ်ထားလို့ရတယ်။

၃ - 3G နဲ့ ဗီဒီယို Chat လုပ်နိုင်

iPhone 4 မှာကတည်းက ထူးခြားတဲ့ FaceTime video chat ဆိုတာပါတယ်။ အဲဒီ chat ကလည်း Wi-Fi network နဲ့မှရတယ်။ 3G connection နဲ့ FaceTime ကိုသုံးချင်ရင် iPhone 4S ကို jailbreak လုပ်မှရတယ်။ ဒါမှလည်း iPhone ရဲ့ feature တွေကို 3G နဲ့ ရနိုင်တယ်။ Wi-Fi သုံးတာလောက် မကောင်းဘူးဆိုပေမယ့် အဆင်ပြေပါလိမ့်မယ်။ Wi-Fi နဲ့ connection ကျနေရင်လည်း ပြဿနာမရှိတော့ဘူးပေါ့။

ဒါတွေကတော့ jailbreaking လုပ်ရခြင်း အကျိုးတရားတွေလို့ ပြောရမယ်။ နောက်ထပ် အဆိုး တရား သုံးချက် ရှိသေးတယ်။ မလုပ်သင့်ဘူးဆိုတဲ့ အမြင်တွေပေါ့။

၁။ Warranty ပျက်ပြယ်သွားမယ်

Jailbreaking လုပ်တယ်ဆိုတာကို ဥပဒေကြောင်းနဲ့ ညီတယ်၊ တရားဝင်တယ်လို့ ထင်နေကြပါတယ်။ အနည်းဆုံးကတော့ ပေးထားတဲ့ ဝရမ်တီ ပျက်ပြယ်သွားနိုင်ပါတယ်။ တကယ်လို့ ကိုယ့် iPhone မှာ ဝရမ်တီ မရှိရင် ဖုန်းနဲ့ပတ်သက်ပြီး ပျက်စီး၊ ချွတ်ယွင်း၊ အခြား ပြဿနာတွေကို Apple ကုမ္ပဏီအနေနဲ့ တာဝန်ယူတော့မှာ မဟုတ်ပါဘူး။ ဝရမ်တီ ဆုံးရှုံးတာ မခံချင်ရင် jailbreaking မလုပ်ပါနဲ့လို့ပဲ တားရတော့မယ်။

၂။ အပိတ်ခံရမယ်

iPhone ကို လုံးဝသုံးမရနိုင်တဲ့ အနေအထား ဖြစ်သွားနိုင်တယ်။ တကယ်လို့ iPhone 4S ပေါ်မှာ ဆော့ဖ်ဝဲ application တွေကို jailbreak လုပ်ပြီး သုံးမယ်ဆိုရင် အပိတ်ခံလိုက်ရတဲ့ အဖြစ်ကို ရင်ဆိုင်ရနိုင် တယ် ဆိုတာကို စိတ်ထဲမှာ ထားပြီးတော့မှ လုပ်သင့်တယ်။ ဒီလိုဖြစ်သွားရင် သိမ်းထား မှတ်ထားတာတွေ ဆုံးရှုံးပြီး အသစ်ကနေ ပြန်စရတော့မှာဖြစ်လို့ စဉ်းစားသင့်တယ်။

၃။ လုံခြုံရေး ပြဿနာ ဆင်ခြင်စရာ

Jailbreak လုပ်ထားတဲ့ iPhone တွေမှာ လုံခြုံရေးအတွက် သိပ်စိတ်မချရဘူး။ Jailbreak လုပ်လိုက်ကတည်းက ကိုယ့် iPhone ထဲကို ဟက်ကာတွေက မဟုတ်တာတွေ ထည့်ပေးလိုက်ပြီးပြီလို့ အချို့က ယူဆကြတယ်။ ဒါကြောင့် jailbreak လုပ်ပြီးရင် ဖုန်းက ကိုယ့်ဘက်မှာ သိပ်မရှိတော့ဘူး။ စိတ်မချရတော့ဘူးလို့ ပြောကြတယ်။

Jailbreak ကို လုပ်သင့်တယ်၊ မလုပ်သင့်ဘူးလို့ အမျိုးမျိုး အငြင်းပွားနေကြတာ ယခုပြောခဲ့တာတွေထက် အများကြီး ရှိနိုင်ပါသေးတယ်။ ဘာပြောပြော မလုပ်မီ စဉ်းစားပါလို့ပဲ သတိပေးချင်ပါတယ်။

Credit: Original Aurthor

TaiG Jailbreak Tool (v 1.0.1) for iOS 8.1.1 

TaiG Jailbreak Tool (v 1.0.1) for iOS 8.1.1

ဒီ တစ်ခါ iOS 8.1.1 ကို Jailberak လုပ်နိုင်မယ့် TaiG Jailbreak Tool လေးနဲ့
မိတ်ဆက်ပေးပါမယ့် Pangu ဟာ ios 8.1 နောက် 8.1.1 ကို Support မပေးနိုင်အောင် Apple မှJailbreak
ယိုပေါက်များကို ပိတ်ထားသောကြောင့် 8.1.1 User များ ကသိကအောက်ဖြစ်ကျရပါတယ်
အခုတော့ iOS 8.1.1 အပြင် 8.2 beta ကိုပါ Jail နိုင်တဲ့
TaiG Tool ထွက်ရှိလာပါပြီ

Download TaiG Jailbreak Tool v 1.0.1 > http://apt.taig.com/installer/TaiGJBreak_1010.zip

ပုံနှင့်တကွရှင်းလင်းပြသထားသည့် PDF ဖိုင်အားရယူရန် > http://www.mediafire.com/download/1fh82namd6wibma/TaiG_Jailbreak_Tool_User_Guide.pdf

CWM ခေါ် Clock Work Mode Recovery Rom နဲ့  Android System Recovery (or) Stock recovry အကြောင်းဗဟုသုတ 

CWM ခေါ် Clock Work Mode Recovery Rom နဲ့  Android System Recovery (or) Stock recovry အကြောင်းဗဟုသုတ

Recovery Rom အကြောင်းဗဟုသုတဗျာ
===============================

တစ်ချို့ က ဖုန်းတွေကို root လုပ်ချင်တယ်မြန်မာစာထည့် ချင်ကြတယ် ။လုပ်နည်းလေးတွေကို ပုံသေနည်းနဲ့ တောင်းကြတယ်။အဲဒီအတွက်ကလုပ်ဖို့ တစ်ခုပဲရှိတယ် မိမိကိုယ်တိုင်နားလည်သဘောပေါက်အောင် လေ့ လာဖို့ ပါပဲ ။ယခု ရေးတဲ့ စာကိုသေသေချာချာဖတ်ပြီးသွားရင်တော့  မိတ်ဆွေတို့ အနေနဲ့ ဗဟုသုတ တစ်ခုတော့ ရနိုင်မယ်လို့ မျှော်လင့် ပါတယ်။ဒါကိုသေသေချာချာဖတ်ပြီးရင်တော့ သာမန် နားမလည်တဲ့ သူတွေတောင်ဘာလုပ်ရမယ်ဆိုတာနားလည်သွားအောင်ရှင်းပြပေးထားပါတယ်။ဖုန်းကိုင်ထား တဲ့ မိတ်ဆွေတိုင်းဖတ်ထားသင့် ပါတယ်လို့ ယူဆလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

Recovery မှာ (၂)မျိုးရှိပါတယ်-------------------------------

(၁)Android System Recovery (or) Stock recovry (၂)Clock work mod recovery (or) Custom recovery ဟူ၍ နှစ်မျိုးရှိပါတယ် ...

( ၁ )Android System Recovery (or) Stock recovry--------------------------------------------------------

Stock recovery ဆိုတာ ဖုန်း စ၀ယ်တည်းက သက်ဆိုင်ရာ Key နှိပ်လိုက်တာနဲ့ အပေါ်ဆုံးတန်းလေးမှာ Android System Recovery လို့ ပါနေပါလိမ့်မည် အဲဒါကို Stock recovery လို့ခေါ်ပါသည်သူ့ မှာအောက်ပါအတိုင်းပါဝင်ပါတယ်။ reboot system now apply update from external storage wipe data/factory reset wipe cache partition apply update from cache အဲဒါတွေ အများစုပါပါတယ် တစ်ချို့တလေ ကတော့နည်းနည်းကွဲလွဲပါတယ်

Stock recovery
-----------------

Stock recovery မှာတော့ Factory reset လုပ်တာလောက်နဲ့ updat.zipတွေလောက်ဘဲ အသုံးဝင်ပါတယ် Factory reset လုပ်တာကတော့ ကိုယ့်ရဲ့ဖုန်းကို ဖုန်းဝယ်စဉ်က အတိုင်း ပြန်ဖြစ်အောင်လုပ်တာပေါ့ အထဲက မိမိထားတဲ့ အရာမှန်သမျှတွေကို ရှင်းလင်းထုတ်ပေးတာ ဖြစ်ပါတယ်။

update.zip---------------

မိမိ လိုချင်တဲ့ ဖိုင်လေးတွေ ဆောက်ပြီးတော့ သူရဲ့ system ထဲကိုတစ်ခါတည်း ထည့်သွင်းတဲ့ သဘောပါ။

wipe cache
-------------------

wipe cache လုပ်တယ်ဆိုတာကတော့ စက်ရဲ့ (background ) က run နေတဲ့ ကောင်တွေကို ရှင်းပေးတဲ့ သဘောပါ / ( ဥပမာ ) စက်နည်းနည်းလေးနေရင် wipe cache လေး လုပ်ပေးလိုက်တာနဲ့ စက်နည်းနည်း ပေါ့သွားစေပါတယ်။ wipe cache လုပ် လိုက်ရင် အထဲက data တွေ ဘာမှမပျက်ပါဘူး

(၂)Clock work mod recovery(or)Custom recovery(CWM)

-----------------------------------------------------------------------

Stock recovery နဲ့ နည်းနည်း ကွဲလွဲသွားပါတယ်။ Hacker တွေ တီထွင်ထားတာကို သုံးထားတဲ့ သဘောပါ။အရင်ကတည်းက Android က open source ဖြစ်တဲ့ အတွက် ကိုယ့်လုပ်ချင်တာ လုပ်လို့ ရတယ်ဆိုတဲ့ သဘောပေါ့ ဒီကောင်လေးကတော့ Stock recovery ထက် အများကြီးလုပ်ဆောင်နိုင်ပါတယ်သူထဲမှာ ဘာတွေ ပါလဲဆိုရင် Stock Recovery ရဲ့လုပ်ဆောင်ချက်တွေအပြင်တစ်ခြားထူးခြားကောင်းမွန်လှတဲ့လုပ်ဆောင်ချက်တွေလည်း ပါပါတယ်

Clock work mod recovery

-----------------------------------
Clock work mod recovery မှာတော့
reboot system nowapply sdcard:update.zipwipe data/factory resetwip cache partationinstall zip from sdcardbackup and restoremounts and storageadvanced

ဆိုတဲ့ အချက်တွေ အပြင်တစ်ခြားအချက်လက်တွေလည်း ပါပါတယ် Clock work mod recovery ကို cwm လို့ အများကအတိုကောက်ခေါ်ဝေါ် သုံးစွဲ ကြပါတယ် cwm ရဲ့ လုပ်ဆောင်ချက်တွေကတော့ ROM တစ်ခုလုံးကို Backup မှတ်လို့ရတယ် restore ပြန်လုပ်လို့ရတယ် system file တွေကို ဆွဲထုတ်ပြီးတော့ sd cardထဲမှာ သိမ်းထားတဲ့လို့ ရပါတယ် အကယ်၍ system ကိုမိမိ ကလိလိုက်လို့ တစ်ခုခု ဖြစ်ရင် ပြန်ပြီးတော့ restore ပြန်လုပ်ရင်ရပါတယ် ။ cwm ကနေ root ,မြန်မစာတွေ ကိုထည့် သွင်းနိုင်ပါတယ် ။ ဥပမာ huawei ဖုန်းတစ်လုံးကို cwm ထည့်တယ် ပြီးတော့ cwm ကနေပြီးတော့root.zip ဆိုတဲ့ ဖိုင်လေးကို သွားပြီးတော့ flash ပေးတယ်လေ အဲဒါက cwm ထည့်ထားလို့ hacker တွေ ထွင်ထားတဲ့ root.zip ဆိုတဲ့ ဖိုင်လေးကို သွင်းလို့ရတာပါအခုနောက်ပိုင်း root.zip ဆိုတဲ့ ဖိုင်လေးကိုလည်း ကိုယ့်ကိုတိုင် ထွင်တတ်နေကြပါပြီ Modify update package(custom rom) တွေကိုလည်း သွင်းနိုင်ပါသေးတယ်...

custom rom

-------------------------

Custom rom ဆိုတာကတော့ လက်ရှိသုံးနေတဲ့ official rom(official firmware) ကိုModify လုပ်ပြီးတော့ ပြန်ပြင်ထားတာပါ တစ်ချို့ဖုန်းတွေမှာ ဆိုရင် officialfirmware တင်လို့မရတဲ့ ဖုန်းတွေ ရှိပါတယ် အဲဒီအခါကျရင် Hacker တွေထွင်ထားတဲ့ custom rom တွေကို သုံးကြပါတယ် ဒါပေမဲ့လည်း custom rom မှာကအနည်းနဲ့ အများ error တွေ ရှိတတ်ပါတယ် ကင်မရာ error,ဘလူးတု error,အဖြစ်များပါတယ် အဲဒီအတွက်ကြောင့် မို့လို့ custom rom တင်မယ်ဆိုရင် errorကင်းတဲ့ custom rom တွေကိုဘဲ တင်ကြတာများပါတယ်အများသောအားဖြင့်  custom rom မှာ zip ဖိုင်နဲ့ လာတာများပါတယ် ဒီကောင်လေးကလည်း cwm ရှိမှဘဲသွင်းလို့ရမှာဖြစ်ပါတယ်



custom rom သွင်းနည်း
-------------------------------------------

format ချထားတဲ့memory card ထဲကို ဒေါင်းထားတဲ့ custom rom(zip) ဖိုင်လေး ကိုထည့်ပြီးတော့install sd card ကနေ။ သွင်းပေးရမှာ ဖြစ်ပါတယ်။

system rom တွေကိုလည်း un/amount ပြုလုပ်နိုင်ပါတယ်။ factory reset တွေလည်း ပြုလုပ်နိုင်ပါတယ်။ Huawei ဖုန်းတစ်ချို့  နှင့် အခြား ဖုန်းတွေမှာ cwm တင်ထားတဲ့ အတွက် official rom(official firmware) ပြန်တင်လို့မရတာတွေလည်း ရှိတတ်ပါတယ် အဲဒီအခါကျရင် stock recovery ပြန်တင်ပြီးတော့official firmware ကို ပြန်တင်ပေးရပါတယ်။

CWM Recovery တွေကို ဘယ်ကနေသွင်းလဲ ဆိုရင်တော့ ကိုယ့်ရဲ့ဖုန်းအမျိုးအစား တစ်ခုချင်းစီအလိုက် Onlineကနေ recovery image(.img)ဖိုင်ကို ရှာပြီးတော့ Fastboot mode ကနေသွင်းမှာ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ROM Manager ကနေသွင်းရမှာ ဖြစ်ပါတယ်အဲဒီနည်းကတော့ ROM Manager ဆိုတဲ့ apk ကို ဖုန်းထဲမှာ ထည့်ပြီး အဲဒီ ROMManager ကနေ CWM သွင်းပေးရမှာ ဖြစ်ပါတယ်။

ကဲဒီလောက်ဆိုရင်နည်းနည်းတော့ နားလည်သဘောပေါက်သွားမယ်လို့ မျှော်လင့် ပါတယ်။

Credit > Original Author

Sunday, November 30, 2014

Anycall Mobile Handset Price List ဈေးနှုန်းအနည်းငယ်အပြောင်းအလဲရှိနိုင်ပါသည်။ 

Anycall Mobile Handset Price List
ဈေးနှုန်းအနည်းငယ်အပြောင်းအလဲရှိနိုင်ပါသည်။
______________________________________
Recommended = CDMA 800 သုံးနိုင်သည့် X3V Vivo
ရောက်ရှိလာပါတယ်။
မန္တလေးဖုန်း0271122,0268886
ရန်ကုန်ဖုန်း 01500177 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

APPLE Price List

I Phone 6 + (16GB)Black --892000

LG

Optimus G Pro Lite --219000
Optimus G 2 --495000
G2 Mini --299000
Optimus G --435000
Nexus 4 --399000
L7 II --240000
L70 --189000
L90 --239000
L5 --149000
L5 II --170000
L3 --95000

Samsung Company

Note 4 --720000
Note 3 (White) --530000
Galaxy ALPHA --571500
S5 --540000
S4 --415000
S3 Neo --257000
Note 8.0 --345000
Tab S (10.5) White -566500
Tab S (8.4) White --479000
Tab 4 (7.0 ) --267500
K Zoom --431000
Grand 2 --262000
Mega Plus --325000
S Duos II --135000
Galaxy V --97500

Samsung

S5 --575000
Ace2 --131000
312E -- 38000
GT-E1205-- 21500
Y-Duos --110000

Sony
Z2 -- 611000
Xperia C --228000

G'FIVE

President Tago 7 --280000
President G10 --255000
President Classic 7 --165000
President G12 --178000
President G6 --110000
President GG10 Life --89000
President A97 --79000
Z5 --23000
Z2 --23000
W1 --25000

MI
MI 1S --137000
MI -3W --269000
MI -Note 4G --170000
MI 1S (C800) --140000
MI 4 (c800+GSM) -- 368000

Vivo

X play 3S --548000
X3S --388000
Y17W --268000
X Shot --468000
X3F --388000

Oppo

R1001 --99000
R831 --149000
R2001 --199000
R829 --299000
X9006 --429000
N1 mini --369000

Emoto

E7000 --109500
E58L --96500
Lenovo
S880i White --140000
Haien
H-G6 Green --60000
718 White --60000

CDMA 800 MHz Handset

Mega Plus White --325000
Samsung I 619 Black --67000
Ace 3 White --142000
LG kv 800 Red --55000
Vivo X3V --388000
hello S-10 --37000
A-12 --52000
Y535D --72000
C8816 --116500
Y600D --89500
Y300D --61500
G730C --111000

CDMA 450 MHz Handset

A8 -- 125500
A7 Black --57500
E6 Black --47000
CF192 White --49000
U900 --20000
CF 190 --38500
CF 191 --40000
CF192 --49000
CF 320 --66000

Nokia

N500 --75000
C5O3 Black --45000
N701 Black --115000
N110 --56500

Huawei

G615 --126000
P2 Black --299000
Y610u --83000
Y518U --84500
U8825 -- 119000
U8860 --99000
Honor 3G --178000
Honor U10 --108000
G730+ --132000
G630 -- 132000
G6 --148000
Y330U --70000
Honor 3 4G Lo1 --154500
Y511T --80000
G620 --113500
P 7 --316000
G 616 -- 114500
Ascend Mate 7 (Dual ) --770000

HTC

One max White --640000
Desire 600C White --263000
Desire 816 --269000
Desire X White --199000

Promotion

U8860 --99000
KV800 --55000
N500 --75000

Hello

G7 White+Pink --21500
G8 Black --23500
G5520 Black --23500
G5521 Black --23500
G2 Black --25500
S8 Yellow --24000
G800 Yellow --28500
G14 Yellow --26500
G88 Black --28000
G5 Gray --24500
S15 Black --28500
G38 Black --27500
G380 (ZXET) --26500

MEEG

201A --98000
201 M --129000
210 R --210000
103M --149000

2055 ( C450 ) --35000
WD -818D --34500
LS 518 (GSM) --27000
LS 618 (GSM) --28500
WD - 998 (C800) --38000
ET -818 (C800) --35500

Tabet

P710 -- 69000
P912 --65500
P 717 --50500
MD - 706 --41500
#AdminZLite

ကွန်ပျုတာ Speed မြန်အောင်လုပ်နည်း(၅)နည်း 

ကွန်ပျုတာ Speed မြန်အောင်လုပ်နည်း(၅)နည်း

ကွန်ပျုတာ Speed မြန်အောင်လုပ်နည်း(၅)နည်း
ပထမဆုံးနည်းလမ်းက
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် prefetch ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ ဖိုင်တွေအားလုံးကို delete ပေးလိုက်ပါ...
ဒုတိယနည်းလမ်းက
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် regedit ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ Registry Editor box အောက်က
HKEY_CURRENT_USER >> Control Panel >> Desktop ထိအစဉ်လိုက်သွားလိုက်ပါ..
Desktop ရောက်ရင် double click ပေးလိုက်ရင်ဘေးက box က MenuShowDelay ကို
right click >> modify>> Value data ကို 400 ကနေ 0 ထိလျှော့ချပေးပြီး ok ပေးလိုက်ပါ..
တတိယနည်းလမ်းက
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် msconfig ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ box မှာ Startup Tab ကိုသွားပါ..
အဲဒီက မလိုအပ်ဖူးထင်တဲ့ software တွေက အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ.
ပြီးရင် Apply ok ပေးလိုက်ပါ restart တောင်းပါလိမ့်မယ် Exit Without Restart ကိုပဲကလစ်လိုက်ပါ.
တကယ်ဆိုရင် restart ပေးရမှာပါ ဒါပေမယ့်ကျနော်တို့က နည်းလမ်းငါးမျိုးလုံးလုပ်မှာဖြစ်လို့ မပေးပါနဲ့
အားလုံးပြီးမှ restart ပေးလိုက်ရင်လည်းရပါတယ်.
စတုတ္တနည်းလမ်းက
Start >> Control Panel >> System ထိရောက်အောင်သွားပြီး double click နဲ့ဖွင့်လိုက်ပါ.
(mycomputer >> right click >> Properties ဆိုရင်လည်း တူတူပါပဲ)
System Properties Box ပေါ်လာပါလိမ့်မယ် Advanced Tab >> Performance Settings ကိုကလစ်လိုက်ပါ.
Adjust for best performance ကိုရွေးပြီး Apply ok ပေးလိုက်ပါခင်ဗျာ..
PC ကတော့ ပုံစံပြောင်းသွားပါလိမ့်မယ် effect တွေမပါတော့တဲ့အတွက် သိသိသာသာ ပေါ့ပါးသွားပါလိမ့်မယ်..
နောက်ဆုံးနည်းလမ်းကတော့
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် system.ini ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ Notepad ထဲမှာ အောက်က code လေးကို copy ကူးပြီး အောက်ဆုံးမှာ ထည့်ပေးလိုက်ပါခင်ဗျာ..
page buffer=100000kbps load=100000kbps Download=100000kbps save=100000kbps back=100000kb
ပြီးရင် file >> save ပေးပြီး close လိုက်ပါ ..အားလုံးပြီးပြီဆိုရင် ကွန်ပျုတာကို restart ချလိုက်ပါ..

Credit > ServiceByArt

PDF ဖိုင်ဖြင့် သိမ်းထားလိုပါက > http://www.mediafire.com/download/fity24iedhwnbl3/ကွန်ပျုတာ_Speed_မြန်အောင်လုပ်နည်း.pdf