Monday, January 14, 2013
သင့်မှတ်ဥာဏ်တွေ တိုးတက်လာစေဖို့ အရိုးရှင်းဆုံးနည်းလမ်း (၁၀) ခု
1. တစ်ပတ်ကို စာအုပ်တစ်အုပ်လောက်ဖတ်ကြည့်ပါ။ လေ့လာသင်ယူခြင်းဟာ သင့်စိတ်ကို အမြဲတမ်းသက်ဝင်လှုပ်ရှားနေစေပါတယ်။
2. သင်နေ့စဉ်ဝတ္တရားတွေကို အစီအစဉ်တကျဖြစ်ပါစေ။ အားလုံးကို အစီအစဉ်ချပြီး စနစ်တကျလုပ်ကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ ဦးနှောက်ထဲကို တစ်ခုထက်မကတဲ့ အကြောင်းအရာတွေ ထည့်သွင်းစဉ်းစားတာက မှတ်ဥာဏ်ကို လျော့နည်းစေနိုင်လို့ပဲဖြစ်ပါတယ်။
3. ဆိတ်ငြိမ်တဲ့နေရာတစ်ခု ရှာဖွေပါ။ ထိုပတ်ဝန်းကျင်ဟာ သင့်အတွေးတွေကို အလွယ်တကူစုစည်းပေးနိုင်ပြီး အကြောင်းအရာတစ်ခုတည်းကို အာရုံစိုက်တွေးတောလို့ရအောင် ကူညီပေးပါတယ်။ ဆူညံလွန်းတဲ့ ပတ်ဝန်းကျင်ဟာ သင့်ဦးနှောက်ကို ပင်ပန်းစေတယ်ဆိုတာ သိထားရပါမယ်။
4. ညစဉ်ညတိုင်း ရှစ်နာရီခန့် အိပ်စက်ပါ။ ဆေးရုံက ဆရာဝန်တွေနဲ့ ကလေးငယ်ငယ်ရှိတဲ့ မိဘတွေအတွက် အနှောက်အယှက်ကင်းကင်းနဲ့ အိပ်စက်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ တစ်ညကို ရှစ်နာရီလောက်အိပ်စက်သင့်ပြီး တီဗီတွေကြည့်၊ ဂိမ်းတွေကစားနဲ့ သင့်အိပ်ချိန်တွေကို မဖြန်းတီးသင့်ပါဘူး။
5. သင့်ရဲ့ ဖန်တီးနိုင်စွမ်းကို နှိုးဆွပါ။ သင့်ရဲ့ ဝါသနာ၊ သင့်ရဲ့ ဖန်တီးနိုင်စွမ်းက သင့်ဦးနှောက်ကို တက်ကြွပြီး အားအင်ရှိစေပါတယ်။
6. သင်ကိုပိုင် ဘလော့ဂ်(blog) တစ်ခုလောက် ဖန်တီးပါ။ သင်ဖန်တီးတင်ပြချင်တာတွေကို သင့်ဘလော့ဂ်မှာ နေ့စဉ်ရေးခြင်းကလည်း သင့်ဦးနှောက်အတွက် လေ့ကျင့်ခန်းတစ်ခုပါ။
7. နေ့စဉ် ဗိုက်တာမင်ဆေးတစ်လုံးလောက် သောက်ခြင်းက သင့်ကျန်းမာရေးအတွက် အထောက်အကူပေးသလို သင့်မှတ်ဥာဏ်ကောင်းမွန်တိုးတက်စေရေးအတွက်လည်း ကူညီပေးပါလိမ့်မယ်။
8. ရေများများသောက်ပါ။ ရေများများသောက်ပေးခြင်းက သင့်ကိုယ်ခန္ဓာထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကိုယ်စိတ်နှစ်ဖြာ ကြည်လင်စေပါတယ်။
9. သင့်ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်နေပါစေ။ သင့်စိတ်ကြည်လင်မှုကို ခံစားရသလို သင့်ဦးနှောက်ကလည်း လန်းဆန်းနေတာကို တွေ့ရမှာပါ။
10. ဆေးလိပ်လုံးဝမသောက်ပါနဲ့။ ဆေးလိပ်အကြောင်းတော့ အများကြီးထပ်မပြောချင်တော့ပါဘူး။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment