Maintain good posture
ခါးကို မတ်မတ်ထား၊ နောက်ဘက်ကို လှန်လွန်းတာတို့ ၊ ခါးကို
ရှိုက်ကုန်းပုံစံမျိုး လုပ်ထားတို့ မလုပ်မိပါစေနဲ့။ ခေါင်းကိုလည်း
တည့်တည့်ထား။ လည်တစ်စောင်း မဖြစ်စေနဲ့။
Adjust seat
တင်ပါးက ဒူးထက် အနည်းငယ် ပိုမြင့်ပါစေ။ ခြေဖဝါးကို ကြမ်းပြင်ပေါ်
နင်းကန်ထားခြင်းဖြင့် ထိုင်ခုံနောက် ခါးခုအပေါ် မှီကပ်လျက်
တစ်သားတည်းကျနေစေပါမယ်။
Position monitor
မော်နီတာကို မျက်စိနဲ့ကြည့်လို့ အဆင်ပြေဆုံး အနေအထားမှာ ထားပါ။ ခေါင်းငုံ့လိုက်၊ မော့လိုက် ကြည့်စရာ မလိုတဲ့ အနေအထားဖြစ်ပါစေ။
Place keyboard and mouse
keyboard နဲ့ mouse ဟာ အနိမ့်အမြင့် level တူရှိနေပြီး နီးကပ်နေရပါမယ်။
လက်မောင်းနဲ့လက်ဖျံ ထောင့်မှန်အနေအထား (elbows positioned at 90°) နဲ့
တစ်တန်းထဲကျတဲ့ အနေအထားမှာ keyboardနဲ့mouse ရှိနေခြင်းဟာ လက်ကောက်ဝတ်နဲ့
လက်ဆစ်များအပေါ် ဒဏ်သက်ရောက်ခြင်းက သက်သာစေပါတယ်။
Rest regularly
ကွန်ပျူတာရှေ့ မှာ မိနစ် ၂၀ ကြာ အသုံးပြုပြီးတိုင်း ၁၅ စက္ကိံန့် ကနေ စက္ကန့် ၃၀ ကြာလောက်နားပေးပါ။
လူဆိုတာ မျောက်က ဆင့်ပွားလာတာဆိုတော့ လှုပ်လှုပ်ရှားရှား
ပြေးပြေးလွှားလွှားနေဖို့ ဖန်တီးတည်ဆောက်ထားတာ၊။ တစ်နေကုန်
တစ်နေခမ်းထိုင်နေဖို့ ပုံစံထုတ်ခဲ့တာ မဟုတ်ဘူးဆိုတာ သဘောပေါက်ထားပါ။
No comments:
Post a Comment