Wednesday, January 9, 2013

နက်ကတိုင်ချည်နည်း for Android

ဒီကနေ့ခေတ်ကြီးထဲမှာ………..လုပ်ငန်းရှင်တွေ၊ရုံးဝန်ထမ်းတွေ၊ကျောင်းသူကျောင်းသားတွေဟာ သူတို့ရဲ့ယူနီဖောင်းတွေကို နက်ကတိုင်နဲ့တွဲဖတ်ဝတ်ဆင်နေကြပါပြီ…..။
ဒီလိုနက်ကတိုင်ဝတ်ဆင်တာဟာ…အလွန်စမတ်ကျပြီး..လှပပေမယ့်….မစည်းနှောင်တတ်ရင်…အချိန်များစွာကြာပြီး…..သပ်ရပ်လှပမှုလဲရှိမှာမဟုတ်ပါဘူး…..ဒီလိုအခက်ခဲတွေကို….ဒီနေ့အိုင်တီခေတ်ကြီးထဲမှာ..သင်ဟာ…..စမတ်ဖုန်းတစ်လုံးကိုင်ဆောင်သူဖြစ်ပါက.မိမိဖုန်းနဲ့တင်.အလွယ်တကူဖြေရှင်းနိုင်ပါပြီခင်ဗျာ…. :D ။ဒီလိုအခက်အခဲတွေကြုံလာတဲ့အခါ…..သင်ဟာ…နက်ကတိုင်မစည်းတတ်လို့..သူတစ်ပါးရဲ့အကူအညီကို…မျက်နှာငယ်ခံအောက်ကျို့ခံပြီး……အကူအညီတောင်းစရာမလိုအောင်..ဒီ Appliciation လေးကကူညီပေးပါလိမ့်မယ်ဗျာ….။
နက်ကတိုင်စည်းနှောင်တဲ့ပုံစံအနေအထားတွေကို..အဆင့်ဆင့်…လွယ်ကူစွာဖော်ပြပေးထားတဲ့အတွက်..မိမိဘာသာတစ်ယောက်တည်း…အခက်အခဲမရှိနက်ကတိုင်ကိုစည်းနှောင်နိုင်ပါလိမ့်မယ်…..။စည်းနှောင်ပုံအမျိုးမျိုးကို…..အမျိုးအစား(၃၀)ကျော်နဲ့ပြသထားပြီး…ပုံစံလေးတွေနဲ့တင်မလုံလောက်ပါက…ဗီဒီယိုလမ်းညွှန်ပါထည့်သွင်းထားတဲ့အတွက်…ဘာကိုမှအခက်အခဲမရှိပဲ..အလွယ်တကူစည်းနှောင်နိုင်မှာပါခင်ဗျာ… :D ။ရေပန်းစားတဲ့နက်ကတိုင်…….ချည်နည်းတွေကိုလည်း…..ရွှေးချယ်ပေးထားပြီး..အိတ်ကပ်ထဲထည့်တဲ့..Pocket Square Folds ချည်နည်းတွေပါပါဝင်နေပါတယ်ခင်ဗျာ……။
ဒီ Appliciation လေးကိုအသုံးပြုခြင်းဖြင့်….သင်ဟာစမတ်ကျပြီး…သပ်ရပ်တဲ့နက်ကတိုင်ကို..အချိန်များစွာမကုန်တော့ပဲ..စည်းနှောင်တတ်မှာဖြစ်ပြီး….သင့်ရဲ့..ပြီးပြည့်စုံတဲ့..ပုံရိပ်တွေနဲ့….သင့်ပတ်ဝန်းကျင်ကိုစွဲဆောင်နိုင်ပါပြီ…… :D
ဒီ Appliciation လေးကို….Android Version 2.1 အထက်အသုံးပြုနိုင်မှာဖြစ်ပါတယ်…..။အားလုံး..အဆင်ပြေ…ပျော်ရွှင်ကြပါစေ……


:D 

Click Here

No comments:

Post a Comment