Wednesday, January 2, 2013

Gmail Account ဖွင့်နည်း

Google OS သုံး Device တွေမှာ Gmail account လုပ်ခွင့်ကို အလွယ်တကူရပေမယ့် အခြား OS တွေမှာ  Google က Gmail Account တွေ အရင်လို စိတ်ကြိုက်ပြုလုပ်ခွင့်ကို ကန့်သတ်လိုက်ပါတယ်။ ဖုန်းနံပါတ်တောင်းပြီး Activate ပြုလုပ်ခိုင်းတာတို့ကြောင့် အခက်အခဲတွေ ဖြစ်လာပါတယ်။
ဒါကြောင့် အလွယ်တကူအကောင့်ဖွင့်နိုင်မယ့်
နည်းလမ်းလေးတွေကို ပြောပြပါမယ်။
ပထမဦးဆုံး https://www.mail.google.com သို့သွားပါ။
ပြီးရင်တော့ Learn how ကို တစ်ချက်နှိပ်ပါ။
Learn How ကို မတွေ့ဘူးဆိုရင်တော့
http://www.emailintervention.com/intervention/slect အဲ့ဒီလင့်ကနေ သွားနိုင်ပါတယ်။
Start The Intervention ကို ကလစ်တစ်ချက်ထပ်နှိပ်ပါ။
Enter Your Contant Info အောက်မှာ သင်အသုံးပြုနေတဲ့သင့်ရဲ့  Gmail Address နှင့် သင့်နာမည်ကို ရိုက်ထည့်ပေးပါ။
Enter Your Friend's Contact Info မှာတော့ သင့်အကောင့်ထဲက သူငယ်ချင်းတစ်ဦးဦးရဲ့ နာမည်နဲ့ Gmail Address ကို ရိုက်ထည့်ပေးပါ။
ပြီးရင်တော့ Next ကို တစ်ချက်နှိပ်ပါ။
Send ကို တစ်ချက်နှိပ်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ Email ထဲကို စာတစ်စောင်ဝင်လာပါမယ်။
သင့် Gmail ကို ဖွင့်ပြီးစာကို ဖွင့်ပါ။
ပေါ်လာတဲ့ Switch to Gmail ကို နှိပ်လိုက်ရင်တော့ Gmail Account အသစ် ပြုလုပ်နိုင်ပါပြီ။

No comments:

Post a Comment