ပုံမှန်အားဖြင့် playstore က application တွေကို
ကွန်ပျူတာထဲကိုတိုက်ရိုက်ဒေါင်းလုဒ် လုပ်လို့မရပါဘူး ။ ဖုန်းထဲသို့ သာ
တိုက်ရိုက် install လုပ်ခွင့်ပေးပါတယ် ။ အခုပြောပြမဲ့ နည်းလမ်းကတော့
PlayStore မှ မိမိဒေါင်းလုဒ် လုပ်လိုတဲ့ application apk file ကို Google
Chrome Browser နဲ့တွဲဖက်ပီး ကွန်ပျူတာထဲသို့ တိုက်ရိုက် ဒေါင်းလုဒ်
လုပ်တဲ့နည်းလေး ဖြစ်ပါတယ် ။
ဒါကိုအသုံးပြုဖို့အတွက် Chrome Browser V17 နဲ့အထက် လိုအပ်ပါတယ် ။
စမ်းသပ်ချက်တွေအရ ဗားရှင်း ၂၁ မှာအလုပ်မလုပ်ဘူးလို့ သိရပါတယ် ။ ကဲ
ဒေါင်းကြမယ်ဟေ့ကောင်းကောင်း ။
မြန်မာပြည်မှညီအကိုများ ဒီအဆင့်ကနေစပေးပါ ။
တခြားနိုင်ငံမှာနေသော သူများ ကွင်းစကွင်းပိတ်ခံထားသော
ဒီအဆင့်ကိုကျော်ပေးပီး Step-1 ဆိုတဲ့နေရာမှ စပီးလုပ်နိုင်ပါတယ် ။
((( ပထမဦးစွာ ဒီလင့်ကနေ ultrasurf ကို ဒေါင်းပီး run ပေးပါ ။
http://www.filehippo.com/download_ultrasurf/
Home ၊ Retry ၊ Option ၊ Help ၊ Exit ရှိတဲ့အထဲက Option ကိုရွေးပေးလိုက်ပါ။
proxy မလိုတဲ့ connection သုံးသူများကတော့ ultrasurf windowမှာ
successfully connected to server ဆိုပြီးပြတဲ့အထိစောင့်ပါ။ပေါ်လာရင်ရပါပြီ။
proxy လိုတဲ့ connection သုံးသူများကတော့ ultrasurf windowမှာ Home ၊
Retry ၊ Option ၊ Help ၊ Exit ရှိတဲ့အထဲက Option ကိုရွေးပေးလိုက်ပါ။
ပေါ်လာတဲ့အထဲက Proxy Setting ကိုထပ်ရွေးပါ။အခုပေါ်လာတဲ့ proxy box ထဲမှာ
Auto Detect Proxy , Manual Proxy Setting , Directly use proxy
ဆိုပြီးတော့ ၃ ခုရှိပါတယ် . အဲဒီ့အထဲက Manual Proxy Setting
ကိုရွေးလိုက်ပါ။
ပီးတော့ အခုလက်ရှိ ကိုသုံးနေတဲ့ စက်ရဲ့ Proxy Host နှင့် Proxy Port
ကိုဖြည့်ပေးပြီး ok ကို နှိပ်လိုက်ပါ။ပြီးတာနှင့် Ultrasurf ကို 10
စက္ကန့်လောက် ခဏပိတ်လိုက်ပြီး . ပြန်ဖွင့်လိုက်ပါ။ပီးတာနဲ့ ဖွင့်ပြီးတော့
သုံးလို့ရသွားပါပြီ ။)))) ( credit to Nyo Lynn Htet )
ဒီအဆင့်ပီးရင် အောက်ကအဆင့်တွေကိုဆက်သွားလို့ရပါပီ ။
Step-1 မိမိ ကွန်ပျူတာမှ ခရုမ်းဘရောက်ဇာကိုဖွင့်လိုက်ပီးအောက်ကပေးထားတဲ့ လင့်ကို ဒေါင်းလိုက်ပါ။ APK Downloader 1.2.1
https://www.dropbox.com/s/pif61fq3lojox3e/1.2.1.crx
ဒါဆို အင်စတောလုပ်ပါဆိုပီးပေါ်လာပါမယ် ။ အဲဒါဆိုအင်စတောလုပ်ခြင်းပီးပါပီ ။
ဒီအဆင့်ကအရေးကြီးပါတယ် ။ ဒီအဆင့်မှားရင် လုံးဝအလုပ်မလုပ်ပါဘူး ။
Step-2 SSL error warnings ကို Disable လုပ်ရပါမယ်။
ပထမဦးစွာ Chrome shortcut ကို Right click ထောက်ပီး “Properties”
ကိုနှိပ်လိုက်ပါ ။
ထို့နောက် Shortcut ဆိုတဲ့ Tab ကိုသွားပီး Target ဆိုတဲ့ box ထဲကိုသွားလိုက်ပါ ။
ထို့နောက် ထို box ထဲမှာ chrome.exe ရဲ့နောက်မှာ အောက်ပါစာကြောင်းလေးကို
ရေးထည့်ပေးပါ ။
[space]--ignore-certificate-errors[space]–allow-running-insecure-content
space ဆိုတာ စပေ့ဘားရိုက်ပါလို့ပြောတာပါ space ဆိုတဲ့စာလုံးထည့်ခိုင်းတာမဟုတ်ပါဘူး ။
ထိုသို့ထည့်လိုက်ပီးပါက အောက်မှာပြထားတဲ့အတိုင်းလေးဖြစ်နေပါမယ် ။
” ” ပါတာနဲ့ မပါတာနဲ့ ကိုသေချာသတိထားပေးပါ စပေ့ဘားချရမဲ့နေရာကိုလဲသတိထားပေးပါ
SHORTCUT တခုနဲ့တခုကမတူပါဘူး ဒါကြောင့် ” ” လေးကိုသတိထားကြည့်ပေးပါ ။
C:…chrome.exe --ignore-certificate-errors –allow-running-insecure-content
သို့မဟုတ်
“C:…chrome.exe” –ignore-certificate-errors –allow-running-insecure-content
အဲလိုပြင်ပီး OK ကိုနှိပ်လိုက်ပါ ။
Step-3 အဲလိုပြင်ပီးတာနဲ့ Google Chrome ကိုဖွင့်လိုက်တဲ့အခါ APK Downloader Options page
ပေါ်လာမှာဖြစ်ပီး ။ googleplay ကိုဝင်မဲ့ Email Address , Password ,
Device ID ကိုရိုက်ထည့်ပေးရပါမယ် ။ မိမိ င်္Device ID ကိုမသိရင်
အောက်ကပေးထားတဲ့ appေ လးကို ဖုန်းထဲ ကို အင်စတောလုပ်ပီးကြည့်နိုင်ပါတယ် ။
http://www.facebook.com/l.php?u=https%3A%2F%2Fwww.dropbox.com%2Fs%2F5dgvpu7dct89v7h%2Fcom.redphx.deviceid-1.apk&h=rAQEM14UO&s=1
ဖည့်စရာရှိတာတွေအကုန်ဖြည့်ပီးရင် Login လုပ်လိုက်ပါ ။ ဒါဆိုရင် apk downloader ကိုစတင်အသုံးပြုနိုင်ပီဖြစ်ပါတယ် ။
အသုံးပြုဖို့အတွက် ပထမဦးစွာ Playstore ကိုဖွင့်လိုက်ပါ ။ ပြီးလျှင်
မိမိဒေါင်းလုဒ် လုပ်ချင်သော application ဆီကို ရောက်အောင်သွား လိုက်ပါ ။
ထိုအခါ Chrome ရဲ့ adress bar ကကြယ်ပွင့် လေးနား မှာ စက်ရုပ်ခေါင်းပုံ
အစိမ်းရောင်လေးပေါ်လာပါလိမ့်မယ်။ အဲဒါကိုနှိပ်လိုက်ပါက ကွန်ပျူတာထဲသို့
အော်တို တန်းဒေါင်းသွား မှာဖြစ်ပါတယ် ။
ကျနော်စမ်းသပ်ပီးဖြစ်ပါတယ် ။ အားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်။
No comments:
Post a Comment