Thursday, January 3, 2013

RedSn0w 0.9.15b3 ကို အသုံးပြုပြီး iOS 6.0.1 ကို Jailbreak ပြုလုပ်ပုံအဆင့်ဆင့်

Jailbreak ပြုလုပ်နိုင်မယ့် device တွေကတော့ iPhone 4, iPhone 3GS နှင့် iPod Touch 4G တို့ကို အလွယ်တကူပြုလုပ်နိုင်မည်ဖြစ်သည်

၁။ RedSn0w0.9.15b3 ကို http://tinyurl.com/a338wwl မှာ ဒေါင်းပါ။
၂။ ရလာတဲ့ ဇစ်ဖိုင်ကို Extract လုပ်ပါ။ လုပ်ပြီးရင် redsn0w.exe ကို Run လိုက်ပါ။
၃။ Redsn0w running ဖြစ်သွားပါက Wizard ပေါ်ရှိ Extras ကို ကလစ်ပါ။
၎။ ထို့နောက် Slect IPSW ကို ကလစ်ပြီး သက်ဆိုင်ရာ iOS 6 firmware ကိုသိရှိရန်အတွက် မိမိ device ကို ရွေးချယ်ပေးရပါမယ်။ Redsn0w မှ အောင်မြင်စွာ recognizes ဖြစ်ပြီးပါက Back ကို ကလစ်ပါ။
၅။ Jailbreak လုပ်ရန်အတွက် device ကို power ပိတ်ထားရမှာ ဖြစ်ပြီး Next ကို ကလစ်ပါ။ အဲဒီနောက် Power ထောင့်စွန်းကို ၅ စက္ကန့်ခန့် ကိုင်ထားရမှာ ဖြစ်ပြီး ကိုင်ပြီးပါက Home (button center) နှင့် button ကို ၁၀စက္ကန့်ခန့် ကိုင်ထားရမှာ ဖြစ်ပါတယ်။ Home button ကို နှိပ်မပြီးခင် power ကို ၁၅စက္ကန့်ပြန်နှိပ်ထားလိုက်ပါ။
၆။ DFU mode ဖြင့် တွေ့မြင်ရမှာဖြစ်ပြီး Install Cydia ကို Slect မှတ်ပြီး Next ကို ကလစ်ထောက်လိုက်ပါ။
၇။ ပြုလုပ်လိုက်တဲ့ device ဟာ Jailbreak ပြုလုပ်ပြီးပြီဖြစ်သော်လည်း reboot မလုပ်ရသေးတဲ့အတွက် non-Jailbroken state တွင်သာ ရှိပြီး tethered Jailbreak အဆင့်မှာသာ ဖြစ်ပါတယ်။ Redsn0w ကို သုံးပြီး boot ပြန်လုပ်ရန် လိုအပ်မှာဖြစ်ပါတယ်။ နောက်တစ်ဖန် အသုံးပြုရာတွင် Extras button, Select IPSW တို့ကို အထက်ကဲ့သို့ ပြုလုပ်ကာ ယခုအဆင့်တွင် ထူးခြားချက်ကတော့ Just Boot buttonကိုသာနှိပ်ရတော့မှာ ဖြစ်ပါတယ်။ ထိုအဆင့်အားလုံး ပြီးပြီဆိုရင်တော့ မိမိ၏ ideviceကို အောင်မြင်စွာ Jailbreak ပြုလုပ်ပြီး ဖြစ်ပါတယ်။

No comments:

Post a Comment