၁။ ပထမဆုံး USB Drive ကို တပ်လိုက်၊ ပြီးရင် My Computer ကို Right click နှိပ်ပြီး Manage ကို သွား။
၂။ အဲဒါဆိုရင် Computer management ကို ရောက်မယ်။ System Tools က Device Manager ကို သွားပါ။ ရောက်ရင် ညာဘက်မှာ Device Drive ဆိုတာကို click ပါ။ အဲ့ဒီမှာ ကိုယ့် USB Drive ကို တွေ့ ပါလိမ့်မယ်။
၃။ တွေ့ပြီဆိုရင် USB Drive ကို Right Click ထောက် Properties ကိုသွား။ ရောက်ရင် Tag မှာ Policies ကိုရွေး။ အဲဒီမှာ ၂ ခု တွေ့လိမ့်မယ်။ ''Optimize for quick removal'' နဲ့ ''Optimize for performance'' ဆိုပြီး အဲ့ဒီမှာ '' Optimize for performance'' ကိုရွေးလိုက်ပါ။
၎။ ဒါဆို USB drive ကို NTFS နဲ့ format ချဖို့ enabled ဖြစ်သွားပါပြီ။ အားလုံးပြီးရင် OK ပေါ့။
ပြီးရင် My Computer ကို သွား USB Drive ပေါ် Right click နှိပ်ပြီး Format ချကြည့်ပါ။ ချတဲ့နေရာမှာ File System ကို ကြည့်လိုက်၊ NTFS format option ကို တွေ့လိမ့်မယ်။ ဒါဆိုရင် USB drive ကို NTFS နဲ့ Format ချလို့ပြီးသွားပါပြီ၊ ဒါဟာ Window XP မှာ အသုံးပြုရမယ့်နည်းလမ်းဖြစ်ပါတယ်
No comments:
Post a Comment