Thursday, January 3, 2013

ကိုယ်ကြိုက်တဲ့ ဗီဒီယို တွေဖွင့်ဖို့ VLC Media Player – app

ဒီ တစ်ပတ် app လမ်းညွန်မှာတော့ iPad နဲ့ အသုံးပြုလို့ရတဲ့ app တစ်ခုကို ညွန်ပြပေး ချင်ပါတယ်။  VLC media player ကိုတော့ ကွန်ပျူတာနဲ့ ဗီဒီယို အကြည့် များတဲ့ သူတွေ အားလုံး နီးပါး သိကြ ပါတယ်။  ဒီ media player က တခြား player တွေလို မဟုတ်ပဲ ဗီဒီယို ဖော်မက် ပေါင်းစုံ ကို ကြည့်ရှု နိုင်အောင် စီစဉ်ထားသလို၊ HD format တွေကိုလည်း ပြသ ပေးနိုင်ပါတယ်။  အခု အဲဒီ VLC media player က app တစ်ခု အနေနဲ့ iPad မှာ ရရှိ လာ ပါပြီ။ ပုံမှန် အားဖြင့် ကန့်သတ်ချက်တွေ ရှိနေလို့ iPad ရဲ့ နဂို ပါဝင်ပြီးသား video player ကို မကြိုက်နှစ် သက်တဲ့ သူတွေ အဘောကျမဲ့ app ပါ။ iPad ကို iTune ရှိတဲ့ ကွန်ပျူတာ နဲ့ ချိတ်ဆက်ပြီး iTune ထဲကနေ ကြည့်ချင်တဲ့ ဗီဒီယို ကို iPad ထဲ ထည့်လိုက်ယုံပါပဲ။  iTune store ကနေ အခမဲ့ ရရှိနိုင်ပြီး http://bit.ly/vlc-app ကနေ အခမဲ့ ဒေါင်းလုပ် လုပ် ယူ လို့ ရပါတယ်။

No comments:

Post a Comment